ယူကရိန်းအနုပညာရှင်များက အကြွေစေ့များဖြင့် ဒေါ်နယ်ထရန့် ပုံတူပုံဖော်

အမေရိကန်အကြွေစေ့များဖြင့် ဖန်တီးထားသော သမ္မတဒေါ်နယ်ထရန့်၏ပုံနှင့်အတူ ယူကရိန်းအနုပညာရှင်များဖြစ်သော ဒါရီယာ မာချန်ကိုနှင့် ဒန်နီယယ်ဂရင်းတို့ကို နယူးယောက်မြို့၌ တွေ့ရစဉ် (Don EMMERT/AFP)

ယူကရိန်း အရှေ့ ပိုင်း စစ်မြေပြင်မှရရှိသော ကျည် ဆန်အခွံများဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ပုံတူကို ၂၀၁၅ က ပုံဖော်ခဲ့ပြီးနောက် ယခုအခါ ယူကရိန်း အနုပညာရှင်နှစ်ဦး သည် အမေရိကန်သမ္မတ ဒေါ် နယ်ထရန့်၏ ပုံတူကို အကြွေစေ့များ၊ ပိုကာပြားများဖြင့် ပုံဖော်ခဲ့ သည်။

 ခြိမ်းခြောက်ခံရသော ကြောင့် ၂၀၁၆ နိုဝင်ဘာက ဇာတိ မြေမှ ထွက်ခွာခဲ့သည့် မာချန်ကို (၃၅)နှစ်နှင့် ဒန်နီယယ်ဂရင်း(၃၄)နှစ်တို့သည် ယခုအခါ ခြေသလုံး အိမ်တိုင်သမားဘဝအဖြစ် လှည့် လည်ကာ ၎င်းတို့၏လက်ရာများ ကို အမေရိကန်နှင့် လက်တင် အမေရိကတွင် ခင်းကျင်းပြသနေ သည်။


ဒေါ်နယ်ထရန့် ပုံတူသည် လွန်ခဲ့သောတစ်လက လက်စ သတ်ခဲ့ပြီး တစ်ဆင့်နှင့် ငါးဆင့် တန် အကြွေစေ့ ၄,၀၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့ကာ ပိုကာပြားများကို ပခုံးနှစ်ဖက်ပြုလုပ်ရန် အသုံးပြုခဲ့ သည်။

ယခုအခါ အဆိုပါအနုပညာ ရှင်နှစ်ဦးသည် ၎င်းတို့၏ အနုပညာလက်ရာများ အများပြည် သူကို ပြသရန် နေရာတစ်ခုရှာဖွေ နေသည်။

ရုရှားရှိ အမေရိကန်သံတမန် ဝန်ထမ်းအရေအတွက်ကို လျှော့ ချရန် ပူတင်က အမေရိကန်ကို ညွှန်ကြားခဲ့သည့် ပြီးခဲ့သည့် နွေ ရာသီက ယင်းသို့ ပုံတူရေးဆွဲရန် အကြံအစည် ရရှိခြင်းဖြစ်ပြီး ‘ငွေ မျက်နှာ’ဟုခေါ်သော ယခုပုံအ ရွယ်အစားသည် ၂ ဒသမ ၄ မီတာ × ၁ ဒသမ ၇ မီတာရှိသည်။

အမေရိကန်အတွက် ဝန် ထမ်းများအား လစာပေးချေရမှုကို လျော့စေပြီး ငွေအမြောက်အမြား သက်သာစေကြောင်းပြော ကာ ဒေါ်နယ်ထရန့်က ပူတင်ကို ကျေးဇူးတင်ကြောင်း တုံ့ပြန်ခဲ့ သည်။

‘‘ဘုရားရေ... သူက တော် တော် အပေါစားဆန်တာပဲ။ ဘယ် လိုလုပ် အမေရိကန်သမ္မတ ဖြစ် လာပါလိမ့်လို့ တွေးမိခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ သူ့ရဲ့ပုံတူကို ဖော်ဖို့အတွက် အကောင်းဆုံး နည်းလမ်းက အကြွေစေ့တွေပဲလို့ ထင်ခဲ့ပါတယ်’’ဟု ဂရင်းကပြော သည်။

ဆိုလိုရင်းပုံပေါ်စေရန် တစ် ဆင့်နှင့် ငါးဆင့်တန် အကြွေစေ့ များကို ၎င်းတို့အနေဖြင့် တမင် တကာ ရွေးချယ်ခဲ့ကြောင်း ဂရင်း က ရှင်းပြသည်။   

—Ref: AFP

Top News