လေယာဉ်ပေါ်တွင် ဒေါင်းတစ်ကောင် တင်ဆောင်ခွင့်ပြုရန် ယူနိုက်တက်လေကြောင်းလိုင်း ငြင်းဆို

(Dexter The Peacock)

 လေယာဉ်ပေါ်သို့ ဒေါင်းငှက်တစ်ကောင် အတူခေါ် ဆောင်ရန် ခြောက်နာရီကြာ ကြိုးပမ်းသည့် အမျိုးသမီးခရီးသည်တစ်ဦးကို ယူနိုက်တက်လေ ကြောင်းလိုင်းက လေယာဉ်ပေါ် တက်ခွင့်ပေးရန် ငြင်းဆန်ခဲ့သည်။

 နယူးယောက်အခြေစိုက် ဓာတ်ပုံသမားနှင့် အနုပညာရှင် ဗန်တီကိုသည် နယူးဂျာစီပြည် နယ်ရှိ နယူးအာ့ခ်လစ်ဘာတီ နိုင်ငံတကာလေဆိပ်မှ လော့စ် အန်ဂျလိစ်သို့ ပျံသန်းမည့် လေ ယာဉ်တွင် Dexter ဟု အမည်ရှိ ၎င်း၏ဒေါင်းငှက်အတွက် ထိုင်ခုံ ရရန် လက်မှတ်တစ်စောင် ဝယ်ယူခဲ့ကြောင်း ဘီဘီစီသတင်းဌာနက အစီရင်ခံတင်ပြသည်။


သို့သော် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ကြောင့် ဒေါင်းငှက်ကို လေယာဉ် ပေါ်ခေါ်ဆောင်ခွင့်ပေးရန် ယူနိုက်တက်လေကြောင်းလိုင်းက ငြင်း ဆန်ခဲ့သည်။

အရွယ်အစားနှင့် အလေး ချိန် အပါအဝင် ဒေါင်းငှက်သည် လမ်းညွှန်ချက်များနှင့်  မကိုက်ညီကြောင်း ယူနိုက်တက်လေ ကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိ သူ အန်ဒရီယာဟီလာက ပြော ကြားခဲ့ပြီး လေယာဉ်ပေါ် တင် ဆောင်၍မရကြောင်း ဗန်တီကို အား အကြိမ်ကြိမ် ကြိုတင်ပြော ကြားခဲ့သည်။

ဗန်တီကိုသည် ယခင်က လည်း Dexter ကို လေယာဉ်ပေါ် သို့ခေါ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ ဖူးကြောင်း ဆိုသည်။

 လေယာဉ်လက်မှတ်ခကို ပြန်ပေးခဲ့သည့်အပြင် ယူနိုက် တက်လေကြောင်းလိုင်းသည် ဗန်တီကိုအား ဟိုတယ်သို့ပြန်ရန် တက္ကစီခပင် ပေးခဲ့သည်။

—Ref: CNA

Top News