ရုရှားထောက်လှမ်းရေးအကြီးအကဲနှင့် အမေရိကန်ထောက်လှမ်းရေးအရာရှိများ တိတ်တဆိတ်တွေ့ဆုံခဲ့

၂၀၁၆ အမေရိကန် ရွေးကောက်ပွဲတွင် မော်စကို ကြားဝင်စွက်ဖက်သည်ဆိုခြင်းနှင့်ပတ် သက်သော စုံစမ်းစစ်ဆေးမှုနှင့် စပ်လျဉ်း၍ နိုင်ငံရေးဆိုင်ရာ အ ချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်မှု အရှိန်မြင့်လာခြင်း ဖော်ထုတ်မှုကို အ တည်ပြုခြင်းအဖြစ် အမေရိကန်၏ တားဆီးပိတ်ဆို့မှု ဒဏ်ခံထားရသော ရုရှားနိုင်ငံ၏ နိုင်ငံခြား ထောက်လှမ်းရေး အကြီးအကဲ သည် ပြီးခဲ့သည့် သီတင်းပတ်က ဝါရှင်တန်အပြင်ဘက်၌ ကန် ထောက်လှမ်းရေးအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း အမေရိကန် သတင်းရင်းမြစ်နှစ်ခုက ပြော သည်။

SVR ဟုခေါ်သော ရုရှား ထောက်လှမ်းရေးဌာန အကြီးအ ကဲ ဆာဂျီနာရီရှကင်သည် အမေ ရိကန်ထောက်လှမ်းရေးဌာန ညွှန် ကြားရေးမှူး ဒန်ကုတ်စ်နှင့် အခြား အမေရိကန်ထောက်လှမ်းရေး အရာရှိများနှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။


 သို့သော် ဆွေးနွေးသော အကြောင်းအရာများကို ယင်း သတင်းရင်းမြစ်များက ပြောကြား ခြင်းမရှိပေ။

 နာရီရှကင်၏ ခရီးစဉ်ကို ရုရှားသံရုံးက တွစ်တာမှတစ်ဆင့် ဖော်ပြခဲ့သည်။

နာရီရှကင်နှင့် အမေရိကန် ထောက်လှမ်းရေး အရာရှိများ သည် အကြမ်းဖက်ဝါဒ ပူးပေါင်း တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အမေရိကန် ဆိုင်ရာ ရုရှားသံအမတ် အနာတို လီအန်တိုနော့ဗ်နှင့် ရုရှားနိုင်ငံပိုင်ITAR-Tass သတင်းဌာနကို ကိုးကား၍ ရုရှားသံရုံးက တွစ်တာ တွင် ဖော်ပြခဲ့သည်။

သို့သော် အန်တိုနော့ဗ် တွေ့ဆုံဆွေးနွေးခဲ့သော အမေရိကန် ထောက်လှမ်းရေး အရာရှိများမည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခြင်းမရှိပေ။

နာရီရှကင်၏ တိတ်တဆိတ် ခရီးစဉ်သတင်းကြောင့် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲအတွင်း မော်စကိုက ကြားဝင်စွက်ဖက်သည်ဆိုခြင်းအပေါ် စုံစမ်းမှုနှင့်ပတ်သက်၍ ဒီမိုကရက်တို့ကို ခုခံနေသော ရီပက်ဘလေကန်များ နှင့် ထရန့်အစိုးရအဖွဲ့၏ တိုက်ပွဲအတွက် လောင်စာဖြည့်ပေးသလိုဖြစ်ခဲ့သည်။

 နာရီရှကင်နှင့် မည်သည့် အမေရိကန်အရာရှိများ တွေ့ဆုံ ခဲ့သလဲ၊ ၎င်းနှင့် အိမ်ဖြူတော်(သို့မဟုတ်) အမျိုးသားလုံခြုံရေး အကြံပေးအရာရှိများ တွေ့ခဲ့သလား၊ မည်သည့်အကြောင်းအရာ ဆွေးနွေးခဲ့သနည်း စသော မေးခွန်းများအတွက် ချက်ချင်းဖြေရှင်း အဖြေပေးရန် လွှတ်တော် ဒီမိုကရက်ပါတီ ခေါင်းဆောင် ရူးမားက တောင်းဆိုထား သည်။

—Ref: BBC

Top News