ပြင်ဦးလွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းဘေးတွင် ညဈေးတည်ဆောက်မည့် အစီအစဉ်ကို ဒေသခံများက လက်မှတ်ထိုးကန့်ကွက်မည်

 ပြင်ဦးလွင်မြို့ လွတ် လပ်ရေး ကျောက်တိုင်ကွင်းဘေး တွင် ညဈေးတန်းတည်ဆောက် ရန် စီစဉ်နေခြင်းကို ဒေသခံများ စုပေါင်းလက်မှတ်ရေးထိုးကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ကန့်ကွက်စာတင်မည်ဟု ဦး ဆောင်သူ ပြင်ဦးလွင် ၈၈ ကျောင်း  သားခေါင်းဆောင်ဦးဒီပက ပြော သည်။ ‘‘ပြင်ဦးလွင်မြို့မှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်က လူထုပိုင်တဲ့ တစ်ခုတည်းသော နေရာပါ။ ဒါကို စီးပွားရေးဗန်းပြ၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီး လုပ် မှာကို မလိုလားဘူး။ ကြိုက်တဲ့ နေရာမှာ လုပ်လို့ရတယ်။ စီးပွား ရေးနဲ့ ဆက်နွှယ်တာကို ဒီမှာလာ မလုပ်ဖို့ပဲ။ လူထုအပန်းဖြေနိုင်တဲ့ ပန်းခြံလိုမျိုးဆို လက်သင့်ခံလို့ရ တယ်’’ဟု ဦးဒီပက ပြောသည်။

ညဈေးတန်းတည်ဆောက် မည့် အစီအစဉ်အား ကန့်ကွက် သည့် လက်မှတ်ရေးထိုးလှုပ်ရှား မှုကို ပြီးခဲ့သည့်နှစ်ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဒေသခံ ၅၀ ဦး၏ လက်မှတ်များ ရရှိထားကြောင်း၊ လာမည့်တစ် ပတ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ် ကြောင်း ဦးဒီပက ပြောသည်။

ပြင်ဦးလွင်မြို့ လွတ်လပ် ရေးကျောက်တိုင်ကွင်းဘေး ည ဈေးတည်ဆောက်ခြင်း မပြုရန် ကန့်ကွက်စာတင်မည့် အစီအစဉ် နှင့်ပတ်သက်၍ ဦးဆောင်သူများ က ဇန်နဝါရီ ၂၀ ရက် မန္တလေး မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့သည်။

‘‘ဒေသခံတွေ လက်မှတ်နဲ့ ကန့်ကွက်လွှာတင်မယ်။ မထူး ခြားဘူးဆိုရင် ဆန္ဒပြမယ်။ ကျွန်မ တို့မြို့မှာရှိတဲ့ တစ်ခုတည်းသော လွတ်လပ်ရေးကျောက်တိုင်ကို တော့ ကာကွယ်သွားရမှာပဲ’’ဟု ပြင်ဦးလွင်ဒေသခံ ဒေါ်ချိုချို အောင်က ပြောသည်။

ပြင်ဦးလွင်မြို့ မန္တလေး- လားရှိုး လမ်းဘေးရှိ လွတ်လပ် ရေးကျောက်တိုင် ကွင်းဘေးတွင် ညဈေးတည်ဆောက်ဖွင့်လှစ်ရန် ၂၀၁၇ အောက်တိုဘာ၌ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုခဲ့သည်။ အဆိုပါညဈေး တည်ဆောက်မည့် စီမံကိန်းကို မေမြို့ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ က လုပ်ကိုင်ခွင့်ရခဲ့ပြီး မြေငှားရမ်း ခ တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀ ဖြင့်လေးနှစ်နှင့် သုံးလကြာ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်းမန္တလေးတိုင်းစည်ပင်သာယာဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 မေမြို့ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီသည် ပြင်ဦးလွင်ညဈေး ကို ကျပ်သိန်း ၂,၈၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ တည်ဆောက် မည်ဖြစ်ပြီး ရှစ်ပေအကျယ် စား သောက်ဆိုင်နှင့် ကုန်စိမ်းဆိုင် ၁၅၀ ခန့် ပါဝင်မည်ဟု ဆိုသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့၌ ဈေးကြီး၊ ဈေးလေးရှေ့တွင် ဖွင့် လှစ်ထားသော ညဈေးတန်းနှစ်ခု ရှိပြီး အဆိုပါဈေးဆိုင်ခန်းများ သည် သန့်ရှင်းသပ်ရပ်မှုမရှိခြင်း၊ အဆိုပါညဈေးများကြောင့် ဈေး ကြီး၊ ဈေးလေးများတွင် ရောင်း ချနေသော ဈေးသည်များအနေ ဖြင့် အခက်အခဲရှိခြင်းနှင့် မီးပွိုင့် လမ်းဆုံတွင် ရောင်းချရ၍ ယာဉ် အန္တရာယ်ရှိသောကြောင့် ပြောင်း ရွှေ့ဖွင့်လှစ်ရန် စီစဉ်ကြောင်း ပြင် ဦးလွင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောကြားထားသည်။

More in Regional Section