နိုင်ငံတော်လုံခြုံရေးအဖွဲ့များ၏ ယူနီဖောင်းများနှင့် ဆင်တူယိုးမှား မဝတ်ကြရန် ဒေသအာဏာပိုင်များက ပြည်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများကို အသိပေး

 နိုင်ငံတော်လုံခြုံရေးအဖွဲ့ များ၏ ယူနီဖောင်းများနှင့် ဆင်တူ ယိုးမှား မဝတ်ကြရန် ဒေသအာ ဏာပိုင်များက ပြည်မြို့ရှိ အရပ် ဘက်အဖွဲ့အစည်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဇန်နဝါရီ ၂၀ ရက်က ခေါ်ယူအသိ ပေးခဲ့သည်။

ဇန်နဝါရီ ၁၇ ရက်က ပြည် ထဲရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ နိုင်ငံတော်လုံ ခြုံရေးအဖွဲ့အစည်းများ၏ အသွင် သဏ္ဌာန်ဖြင့် ယူနီဖောင်းများ ဖန် တီးဝတ်ဆင်ခြင်းမပြုရန်နှင့် ဝတ် ဆင်လျှင် တရားဥပဒေအရ အရေးယူမည်ဟု ခေါ်ယူအသိပေးခဲ့ ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ပြောသည်။

‘‘အရပ်ဘက်လူမှုအဖွဲ့တွေ က နိုင်ငံတော်နဲ့ ဒေသအတွင်းမှာ အားကိုးရတဲ့ အဖွဲ့တွေပါ။ ဝတ် စားဆင်ယင်မှုက နိုင်ငံတော်လုံခြုံ ရေးအဖွဲ့တွေရဲ့ ဝတ်စားဆင်ယင် မှုတွေနဲ့ ဆင်တူယိုးမှားလေးတွေ ရှိနေတယ်။ ဒါမျိုးမဖြစ်အောင် ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ပွင့်လင်းမြင်သာစွာ ခေါ်ယူအသိ ပေးရခြင်း၊ မေတ္တာရပ်ခံဆွေးနွေး ရခြင်းဖြစ်တယ်’’ဟု ၎င်းက ပြော ကြားသည်။

နိုင်ငံတော်လုံခြုံရေးအဖွဲ့ များ၏ ဝတ်စုံများနှင့် ဆင်တူယိုး မှားဝတ်ဆင်ပါက သုံးလအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ကျပ်နှစ်သောင်းဖြစ်စေ ချမှတ်ခံရနိုင် ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အ ရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိ ကဘဏ်များနှင့် ပုဂ္ဂလိကလုံခြုံ ရေးဝန်ထမ်းများ တက်ရောက်ခဲ့ ပြီး နိုင်ငံတော် လုံခြုံရေးအဖွဲ့အ စည်းများ၏ ဝတ်စားဆင်ယင် သည့် ဝတ်စုံများအကြောင်းနှင့် ဆင်တူယိုးမှား ဝတ်ဆင်နေမှုများ ကို တာဝန်ရှိသူများက ရှင်းလင်း ကာ ဆင်တူယိုးမှားဖြစ်နေသည့် မှုခင်းရှုထောင့် မီဒီယာအဖွဲ့နှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ (Myanmar Rescue) တို့မှ တာဝန်ရှိသူများက ဆွေးနွေးကြ သည်။ ‘‘ကျွန်တော်တို့အဖွဲ့ရဲ့ ဝတ် စုံကတော့ တရားဝင်မှတ်ပုံတင် ထားတာလို့ သိရတယ်။ ပထမ တုန်းက နိုင်ငံတော်အလံကို ရင် ဘက်တံဆိပ်သုံးကာ အလံတော် ဥပဒေအရ ဆက်မသုံးတော့ဘူး။ အခုလို ခေါ်ယူအသိပေးတာကို လည်း ရုံးချုပ်ကို တင်ပြမှာဖြစ်ပြီး ရုံးချုပ်ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမှာပါ’’ဟု မြန်မာ နိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (Myanmar Recuse) ပဲခူးတိုင်း အနောက်ခြမ်း တာဝန်ခံ ကိုဇော် ထက်က ပြောသည်။

ပြည်မြို့ရှိ အရပ်ဘက်အဖွဲ့ အစည်းများ အသုံးပြုနေသည့် ဝတ်စုံပုံစံများကို ဓာတ်ပုံရိုက်၍ ရက်သတ္တတစ်ပတ်အတွင်း မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ရ မည်ဖြစ်ပြီး ဆွေးနွေးပွဲမှတ်တမ်း များကို ပြည်ထဲရေးဝန်ကြီးဌာနထံ ဆက်လက်တင်ပြမည် ဖြစ် ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

More in Regional Section