မကွေးနည်းပညာ တက္ကသိုလ်ကို အာဆီယံ အသိအမှတ်ပြု တက္ကသိုလ်ဖြစ်ရန် ရည်ရွယ်ဟု ပါမောက္ခချုပ်ဆို

မကွေးနည်းပညာတက္ကသိုလ်တွင် သိပံ္ပနှင့်နည်းပညာပြပွဲ၊ ပြိုင်ပွဲကျင်းပနေစဉ် (ဓာတ်ပုံ − မိုးကျော်)

 မကွေးနည်းပညာတက္က သိုလ်ကို အာဆီယံ အသိအမှတ် ပြု တက္ကသိုလ်တစ်ခုဖြစ်ရန် ရည် ရွယ်ဆောင်ရွက်နေကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာမြနန္ဒာလွင်ကပြောသည်။

ဇန်နဝါရီ ၁၈ ရက်က မကွေးနည်းပညာ တက္ကသိုလ် Science and Technology Fair 2018 ကျင်းပသည့်ပွဲ၌ ပါမောက္ခ ချုပ်ကပြောကြားခဲ့သည်။

‘‘ကျွန်မတို့ နည်းပညာ တက္ကသိုလ် မကွေးရဲ့ Mission က တော့ To be ASEAN Accredited Technological University အာဆီယံ အသိအမှတ်ပြု နည်း ပညာတက္ကသိုလ် ဖြစ်လာစေရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ ဆောင်ရွက်နေပါတယ်’’ ဟု ၎င်း က ပြောသည်။

ထိုသို့ ရည်ရွယ်ချက်များ အ ကောင်အထည်ဖော်ရန် ယခုကဲ့ သို့ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပသကဲ့ သို့ ပြည်ထောင်စု အစိုးရ၊ တိုင်း ဒေသကြီးအစိုးရတို့၏ ထောက်ပံ့ မှုနှင့် လိုအပ်သည့် သင်ထောက်  ကူပစ္စည်းများ ဖြည့်ဆည်းဆောင် ရွက်နေကြောင်း ၎င်းကပြောကြား သည်။

 မကွေး နည်းပညာတက္က သိုလ် ကျောင်းသားများ၏ သိပ္ပံ နှင့် နည်းပညာ တီထွင်ဖန်တီးမှု ပြပွဲ၊ ပြိုင်ပွဲသို့ တက်ရောက်ခဲ့သော မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အာဆီ ယံ အသိအမှတ်ပြု နည်းပညာတက္ကသိုလ် ဖြစ်စေရေး ရည်ရွယ်ချက်ကို ထောက်ခံ အားပေးကြောင်းနှင့် ကျောင်းသားများကို အားငယ်စိတ်မရှိဘဲ ကြိုးစားရန် တိုက်တွန်းပြောကြားသည်။

‘‘အရင်တုန်းကနဲ့ စာရင် တော့ တိုးတက်လာပြီလို့ပြောရမှာ ပဲ။ ကျွန်တော်တို့ ပထမနှစ်၊ဒုတိယ နှစ်ကျောင်းသားဘဝမှာ အုတ်စီ တာလောက်နဲ့ပဲ ပြီးနေတဲ့ အခု ချိန်မှာဆိုရင်တော့ အဲဒီလိုမဟုတ် ဘူး။ လက်တွေ့တွေ ဝင်ရတယ်။ သီအိုရီနဲ့ ဓာတ်ခွဲခန်းတွေထဲမှာ နေတဲ့ စက်တွေနဲ့ ချိတ်ဆက်သင် ကြားပေးတာရှိတယ်’’ ဟု မကွေး နည်းပညာ တက္ကသိုလ် ကျောင်း သားများသမဂ္ဂ ဥက္ကဋ္ဌကိုချစ်ဝင်း မောင်က ပြောသည်။ သို့သော် နိုင်ငံတကာ အဆင့်မီရန် ယခု ထက်ပို၍ ကြိုးစားရုန်းကန်ရန် အ များကြီး လိုအပ်နေသေးကြောင်း ၎င်းကဆိုသည်။

အဆိုပါနည်းပညာပြပွဲ၊ ပြိုင် ပွဲတွင် နည်းပညာတက္ကသိုလ် (မကွေး) မှစက်မှု အင်ဂျင်နီယာ ဌာန၊ လျှပ်စစ်စွမ်းအင် အင်ဂျင်နီ ယာဌာန၊ မြို့ပြအင်ဂျင်နီယာဌာန နှင့် အီလက်ထရွန်နစ် အင်ဂျင် နီယာဌာနတို့မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့တီထွင် ဖန်တီးမှု အမျိုးအစား ၄၀ ကို ပြသခဲ့သည်။

အဆိုပါပြပွဲတွင် ဆုရရှိသည့် ဌာနများသည် မန္တလေးတိုင်း အဆင့်နှင့် နေပြည်တော် အဆင့်တို့တွင် ထပ်မံပြသပြိုင်ပွဲဝင်မည်ဖြစ်ကြောင်း ကျောင်းသားများက ပြောသည်။