အောင်လံမြစ်ကမ်းတွင် မွေးကင်းစကလေး အလောင်းတွေ့

 အောင်လံမြို့ ဆင် ပေါင်ဝဲဆိပ်ကမ်း ချုံတောအတွင်း မွေးကင်းစကလေး အလောင်း တစ်လောင်း စွန့်ပစ်ထားမှု ဇန်န ဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့သည်။

ဧရာဝတီမြစ်ကမ်းဘေး ကိုင်းတောချုံထဲတွင် ကြွပ်ကြွပ် အိတ်အမည်းရောင်ဖြင့် ထုပ်ထား သော မွေးကင်းစ မိန်းကလေးအလောင်းတစ်လောင်း တွေ့ရှိ ကြောင်း ဒေသခံများ လာပြော သဖြင့် ရဲတပ်ဖွဲ့က သွားရောက် ကြည့်ရှုခဲ့ကြောင်း အောင်လံမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောသည်။

၎င်းမိန်းကလေးအလောင်း ကို စစ်ဆေးရာတွင် ပြင်ပဒဏ်ရာ မတွေ့သော်လည်း အသေးစိတ် သိနိုင်ရန် အောင်လံပြည်သူ့ဆေး ရုံသို့ ပို့ဆောင်စစ်ဆေးနေကြောင်း အထက်ပါရဲ အရာရှိက ပြောကြား သည်။

စွန့်ပစ်သူကို ဖော်ထုတ်အ ရေးယူနိုင်ရန် အောင်လံမြို့မ ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၁၈၊ ကလေးအလောင်းအား တိတ်တဆိတ်ဖျောက်ဖျက်ကာ မွေးဖွားမှုကို ထိမ်ချန်ခြင်းပုဒ်မဖြင့် အမှုဖွင့်စစ်ဆေးနေသည်။