နိုင်ကျဉ်းဟောင်းများ၏မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများတွင် လုပ်ငန်းခွင်လေ့လာမှုအစီအစဉ်ပြီးဆုံး

နိုင်ကျဉ်းဟောင်းများ၏ မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများတွင် လုပ်ငန်းခွင်လေ့လာမှုအစီအစဉ် ပြီးဆုံးခြင်းအခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

နိုင်ငံရေးအကျဉ်းသား ဟောင်းများအား fellowship (ဂုဏ်ထူးဆောင်အဖွဲ့ဝင်)အဖြစ် မီဒီ ယာနှင့် အရပ်ဘက်အဖွဲ့အစည်း များတွင် ခြောက်လတာ လုပ်ငန်း ခွင်လေ့လာမှုအစီအစဉ်ပြီးစီးခြင်း  အထိမ်းအမှတ်ပွဲကို ယမန်နေ့က ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့ သည်။ 


နိုင်ငံရေး အကျဉ်းသား ဟောင်းများ၏ လုပ်ငန်းခွင်အ တွေ့အကြုံနှင့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုနိုင် မည့် အထက်ပါအစီအစဉ်ကို အမေရိကန်အခြေစိုက် USAID ၏ကူညီထောက်ပံ့မှုဖြင့် အစိုးရ မဟုတ်သည့် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်မှုအဖွဲ့အစည်းတစ်ခုဖြစ် သည့် FHI 360 က စီစဉ်ခြင်းဖြစ် သည်။ အဆိုပါအစီအစဉ်၌ နိုင်ငံ ရေးအကျဉ်းသားဦးရေ ၅၀ ကို ရွေးချယ်စေလွှတ်ကာ အမျိုးသား ၄၁ ဦးနှင့် အမျိုးသမီးကိုးဦးတို့ ပါဝင်သည်။ 

‘‘ကျွန်တော် လျှောက်လွှာ တင်ပြီး ရွေးချယ်ခံခဲ့ရတော့ ကျွန် တော့်အတွက် အဆင်ပြေသွား တာပေါ့ဗျာ။ ဒီလိုအခြေအနေမျိုး က အသိအမှတ်ပြုတယ်လို့ ခံစား ရတယ်။ ကျွန်တော်တို့ထက် ခက် ခဲနေတဲ့ နိုင်ကျဉ်းတွေအများကြီး ရှိနေပါသေးတယ်။ ဒီလူတွေကို လည်း ဒီလိုမျိုး ပံ့ပိုးကူညီမှုတွေ လုပ်ပေးမယ်ဆိုရင် အားလုံးက လည်း ဝမ်းသာကျေနပ်နေမှာပါ’’ ဟု နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၂၈ နှစ် ကျခံခဲ့ရသူ ကိုကျော်ဇင်ထွေးက ပြောသည်။ 

အဆိုပါ ‘‘အရပ်ဘက်လူ့အ ဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း ဂုဏ်ထူးဆောင်အဖွဲ့ဝင်’ အစီအစဉ်သည် နိုင်ငံရေးအကျဉ်းသား ဟောင်းများ အရပ်ဘက်အဖွဲ့ အစည်းခေါင်းဆောင်များအဖြစ် တိုင်းပြည်၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် ၎င်းတို့ ၏ကိုယ်ပိုင်အခန်းကဏ္ဍကို ဖန်တီးနိုင်ရေး လိုအပ်သော အရည်အ ချင်းများမြှင့်တင်ပေးရန် ရည်ရွယ် ကြောင်း FHI 360 ၏ စည်းရုံးလှုံ့ ဆော်ရေးဆိုင်ရာ ညွှန်ကြားရေး မှူး ဦးအောင်ဒင်က ပြောသည်။ 

အဆိုပါ အခမ်းအနားတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ယခုကဲ့သို့ ကူညီထောက်ပံ့မှုများ ကို သုံးသပ်ကြည့်ပါက အရည်အ သွေးမြှင့်တင်ခြင်း၊ သတင်းအ ချက်အလက်ပိုင်းရပိုင်ခွင့်နှင့် အား လုံးပါဝင်ရေးဆိုသည့်အချက်များ ရှိနေကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်း ဆောင် ဦးမင်းကိုနိုင်က အမှာစ ကား၌ ထည့်သွင်းပြောကြား သည်။ 

နိုင်ငံရေး အကျဉ်းသား ဟောင်းများ သွားရောက်လေ့လာ လုပ်ကိုင်သည့် မီဒီယာများတွင် ရန်ကုန်အခြေစိုက် မဇ္ဈိမ၊ ဒီဗီဘီ၊ မြစ်မခအပါအဝင် စုစုပေါင်းမီဒီ ယာကိုးခုပါဝင်ပြီး အရပ်ဘက်လူ့ အဖွဲ့အစည်းအနေဖြင့် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ဖန်တီးအိမ်၊ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း၊ Triangle Women Support၊ မြန်မာလယ်သမားသမဂ္ဂ၊ Thanlwin Citizen Empowerment၊ နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ ကူညီရေးအဖွဲ့(AAPP) တို့ အပါအဝင် အရပ်ဘက်လူ့အဖွဲ့အစည်း ၁၇ ခု၌ ပါဝင်လုပ်ကိုင်ခဲ့သည်။