အာဆင်နယ်သို့ ပြောင်းရွှေ့ရန် အော်ဘာမီယန်နှင့် မစ်ခီတာယန်တို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရ

Getty Images

လန်ဒန်- ဒေါ့မွန်မှ အော်ဘာမီ ယန်နှင့် မန်ယူမှ မစ်ခီတာယန်တို့ နှစ်ဦးစလုံးသည် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူထားပြီဖြစ်ကြောင်း Goal သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

မန်ယူသို့ ပြောင်းရွှေ့ရန် အားလုံးပြင်ဆင်ထားပြီးဖြစ်သည့် ဆန်း ချက်ဇ်၏ ထွက်ခွာမှုကြောင့် ကြုံ တွေ့လာရမည့်အခြေအနေများ အတွက် ကြိုဆင်ပြင်ဆင်မှုအဖြစ်  အာဆင်နယ်နည်းပြ အာစင်ဝင်း ဂါးက ယင်းကစားသမားနှစ်ဦးကို အားဖြည့်ရန် ပြင်ဆင်ခြင်းဖြစ် သည်။မစ်ခီတာယန်၏ အေးဂျင့် မီနိုရီအိုလာနှင့် အာဆင်နယ်တို့ ကြား ညှိနှိုင်းမှုအဆင်ပြေခဲ့ပြီး ၎င်းသည် အာဆင်နယ်၏ လစာ အများဆုံး ကစားသမားများအ နက်တစ်ဦး ဖြစ်လာမည်ဖြစ် သည်။ဆန်းချက်ဇ်သည် မန်ယူသို့ တစ်နှစ်လုပ်ခပေါင် ၁၄ သန်းဖြင့် ပြောင်းရွှေ့ရန် အားလုံးသဘောတူထားပြီးဖြစ်ကာ ၎င်း၏အေးဂျင့် ဖာနန်ဒိုဖီလီစီဗစ်ရှ်သည် ကြားဝင် ညှိနှိုင်းပေးမှုအတွက် ပေါင် ၁၀ သန်း ရရှိမည်ဖြစ်သည်။

ဝင်းဂါးက မစ်ခီတာယန်ကို ယခင်က ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။ထိုအတောအတွင်း အာ ဆင်နယ်က အိုဇေးလ်နှင့် ဝီလ် ရှိုင်းယားတို့ကို စာချုပ်သစ်ချုပ် ဆိုရန် ဆွေးနွေးမှုများ အခြေအ နေကောင်းပြီး မကြာမီစာချုပ်သစ် ချုပ်ဆိုမည်ဖြစ်သည်။

ဒေါ့မွန်က တန်ကြေးပေါင် ၅၅ သန်း သတ်မှတ်ထားသည့် အော်ဘာမီယန်သည် လော လောဆယ်တွင် ဒေါ့မွန်အသင်းမှ ချန်လှပ်ခံထားရသည်။ ၎င်းသည် ယခုရာသီတွင် ၁၅ ပွဲ၌ ၁၃ ဂိုးသွင်းယူထားသည်။

      အာဆင်နယ်တွင် တံကောက်ကြောဒဏ်ရာ ပြန်ကောင်းနေပြီဖြစ်သော်လည်း ကြံ့ခိုင်မှု မပြည့်ဝသေးသော တိုက်စစ်မှူး ဂျီရော့ဒ်သည် အော်ဘာမီယန်ကို ဝယ်ယူမှုအတွင်း အာဆင်နယ်က အလိုက်ပေးမည့် ကစားသမား ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြကြသည်။            —Ref:Goal