ဒူဘိုင်းကို ပထမဆုံးသွားရောက်ဖျော်ဖြေတဲ့ EXO အဖွဲ့

နာမည်ကျော်တောင်ကို ရီးယားကေပေါ့ပ်အဖွဲ့ EXOသည်ပထမဆုံးအဖြစ်  ဒူဘိုင်းမြို့တွင် သွားရောက်ဖျော်ဖြေခဲ့သည်။

ဇန်န၀ါရီ ၁၆ ရက်တွင် EXO အဖွဲ့သည် ယူအေအီးနိုင်ငံဒူဘိုင်း မြို့၌ The Dubai Fountain Show ဖျော်ဖြေပွဲ၌ ‘Power’ သီ ချင်း သီဆိုခဲ့သည်။

EXO အဖွဲ့က အဆိုပါဖျော် ဖြေပွဲတွင် ပါဝင်ရခြင်းနှင့်ပတ် သက်၍ မမေ့နိုင်သောအမှတ်တရ ဖြစ်ကြောင်းပြောကြားပြီး အင်စ တာဂရမ်စာမျက်နှာ၌ ဒူဘိုင်း ရောက်အဖွဲ့ဝင်များ၏ ဓာတ်ပုံ များကို ဖော်ပြခဲ့သည်။

၂၀၁၁ တွင် S.M Enterta-inment ကုမ္ပဏီကစတင်တည် ထောင်ခဲ့သော EXO အဖွဲ့သည် နိုင်ငံတကာအထိ ထိုးဖောက်ခဲ့ သော တောင်ကိုရီးယား၏အ ကျော်ကြားဆုံးကေပေါ့ပ်အဖွဲ့ ဖြစ်ပြီး ၂၀၁၅ ၌ Forbes မဂ္ဂဇင်း ကဖော်ပြသော ဩဇာလွှမ်းမိုးမှု အရှိဆုံးကိုရီးယားအနုပညာရှင် များအဖြစ် ရွေးချယ်ခံရသည်။

soompi

Top News