ရုပ်ရှင်ဇာတ်လမ်းတွဲပြီးဆုံးမှာ စိုးရိမ်နေတဲ့ မေစီဝီလီယမ်

 ဗြိတိန်မင်းသမီး မေစီ ၀ီလီယမ်က HBO ရုပ်သံ လိုင်းတွင် ထုတ်လွှင့်ပြသသည့် ‘Game of Thrones’ ရုပ်ရှင်ဇာတ် လမ်းတွဲပြီးဆုံးမည်ကို စိုးရွံ့မိ ကြောင်း ပြောသည်။

အသက်(၂၀)အရွယ် မေစီ ၀ီလီယမ်သည် ‘Game of Thrones’  နာမည်ကျော်အမေရိ ကန်ရုပ်သံဇာတ်လမ်းတွဲများတွင် Arya Stark အဖြစ်ပွဲဦးထွက်ပါဝင် သရုပ်ဆောင်ရာမှ နာမည်ရလာ သူဖြစ်သည်။

လက်ရှိတွင် ‘Game of Thrones’ ၏ ရှစ်ပိုင်းမြောက် ဇာတ်သိမ်းပိုင်း ရိုက်ကူးနေ ကြောင်းနှင့် ထိုဇာတ်လမ်းပြီးဆုံး မည်ကိုစိုးရိမ်ခဲ့ကြောင်း မေစီ ၀ီလီ ယမ်က ပြောသည်။

မေစီ ၀ီလီယမ်သည် အဆို ပါဇာတ်လမ်းတွဲဖြင့် ဇာတ်ပို့သ ရုပ်ဆောင်ဆုများရခဲ့ပြီး ၂၀၁၄ က ထွက်ရှိလာသော The Falling ဇာတ်ကားဖြင့်လည်း Critics’ Circle Award က ပေးအပ်သော အကောင်းဆုံးလူငယ်အနုပညာ ရှင်ဆု ချီးမြှင့်ခံရသည်။

contactmusic