ထူးချွန် ညောင်ရွှေရဲတပ်ဖွဲ့ဝင်များကို လွှတ်တော်ကိုယ်စားလှယ်များက ဂုဏ်ပြု

 ညောင်ရွှေမြို့နယ်အ တွင်း ဒုစရိုက်မှုများကို ထူးချွန်စွာ ဖော်ထုတ်ဖမ်းဆီးပေးနိုင်ခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များအား ယင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို ဇန်န၀ါရီ ၁၂ ရက်တွင်ချီးမြှင့်ခဲ့သည်။

ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့ မှူးနှင့် နယ်ထိန်းခေါင်းဆောင်၊ ရဲတပ်ဖွဲ့ဝင်များသည် ၂၀၁၇ ဒီဇင်ဘာအတွင်းက တရားခံခြောက်ဦး ပါ ဆိုင်ကယ်ခိုးဂိုဏ်းနှင့် ခိုးယူ ထားသည့် ဆိုင်ကယ် ၃၃ စီးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း၊ မူးယစ်ဆေးဝါးမှုများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ဂုဏ်ပြုဆုများ ချီးမြှင့်ရခြင်းဖြစ်ကြောင်း ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ဆိုသည်။

‘‘တစ်ချိန်က ပြည်သူတွေ ချဉ်ဖတ်လို့ မြင်ခဲ့ကြပေမယ့် အခု ချိန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ အရမ်း ကို ပြောင်းလဲလာပါတယ်’’ဟု ဦးနေမျိုးက ပြောသည်။

အဆိုပါ ဆုချီးမြှင့်ပွဲတွင် ညောင်ရွှေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးသန့်ဇော်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်တင့်နှင့် ရဲတပ်ဖွဲ့ဝင်လေးဦး စုစုပေါင်း ခုနစ်ဦးအား ဂုဏ်ပြုဆုငွေ တစ်သိန်းခြောက်သောင်းပေးအပ်ချီးမြှင့်ခဲ့သည်။