တပ်မတော်နှင့် RCSS တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွားဟုဆို

တပ်မတော်နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ဇန်နဝါရီပထမပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားကြောင်း RCSS ဆက်ဆံရေးရုံးများ ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြော ကြားသည်။

 ဇန်နဝါရီ ၃ ရက်၌ ရှမ်း ပြည်နယ် လွိုင်လင်မြို့နယ် လုံချိန်ကျေးရွာ၌ တစ်ကြိမ်၊ ဇန်နဝါရီ၆ ရက်၌  မိုင်းပြင်းမြို့နယ် မိုင်းပူး ကြီးဒေသတွင် နှစ်ကြိမ်တိုက်ပွဲဖြစ် ပွားရာ RCSS ဘက်မှ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း ၎င်းကဆိုသည်။


‘‘လုံချိန်မှာ ဖြစ်တာက ကျွန် တော်တို့ တပ်ဖွဲ့ဝင်တွေက လေး ဦးပဲရှိတယ်။ တပ်က စစ်ကြောင်း နှစ်ခုပေါင်းတာ အင်အား ၈၀ ကျော် ရှိတယ်။ အဲဒါ သူတို့က သတင်းရလို့ ဝိုင်းပြီးတော့ပစ်တာ ကျွန်တော်တို့ဘက်က တစ်ဦး ကျ တယ်၊ တစ်ဦး ဒဏ်ရာရတယ်။ ကျွန်တော်တို့ JMC-S (အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ)ကို ကန့်ကွက်စာ ပို့ထားတယ်’’ဟု ဒုဗိုလ်မှူးကြီးစိုင်းဦးကဆိုသည်။

မိုင်းပူးကြီးဒေသတွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ JMC-S မှ တပ်မတော်ကိုယ်စား လှယ်များကို ဆက်သွယ်ခဲ့သော် လည်း ဖုန်းအဆက်အသွယ်မရရှိ ပေ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ် (NCA) လက်မှတ်ထိုးပြီး နောက်ပိုင်း တပ်မတော်နှင့် RCSS အကြား တိုက်ပွဲ ၂၆ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြောသည်။

‘‘တိုက်ပွဲဖြစ်တာ ခပ်များများ က နယ်မြေစိုးမိုးရေးမှာ သတင်း တွေ ဘာတွေ မပို့လို့၊ သတင်းတွေ ဘာတွေမရလို့ သွားပြီးတော့ ဆုံ မိတာကို အဲဒါမျိုးကြောင့် ဖြစ် တာ။ တမင်သက်သက် တိုက်ပွဲ တွေ ဘာတွေ လုပ်တာမဟုတ်ဘူး ပေါ့။ သွားပြီးတော့ ရင်ဆိုင်တိုးမိ ပြီးတော့ ဖြစ်တာများတယ်’’ ဟု ၎င်းကဆိုသည်။

 NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်ရှစ်ဖွဲ့အနက် တပ်မတော်နှင့် RCSS အကြား တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်သည်။

More in News Section

Top News