WLC ရွှေခါးပတ်ကာကွယ်ပွဲအဖြစ် တူးတူးနှင့် ယူကရိန်းလက်ဝှေ့သမား ဆိုရိုကင် ထိုးသတ်မည်

 နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC -4) တွင် မစ်ဒယ်ဝိတ်တန်း ရွှေ ခါးပတ်ချန်ပီယံဆု ကာကွယ်ပွဲအ ဖြစ် လက်ရှိချန်ပီယံ တူးတူးနှင့် ယူကရိန်းလက်ဝှေ့သမား ဆိုရို ကင်တို့ ထိုးသတ်မည်ဖြစ်သည်။

Bareknuckle King အမည် ဖြင့် ယှဉ်ပြိုင်မည့် အဆိုပါပြိုင်ပွဲ ကို ဖေဖော်ဝါရီ ၁၇ ရက်တွင် နေပြည်တော်   ဝဏ္ဏသိဒ္ဓိအား ကစားရုံ၌  ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင်  အမျိုးသားတွဲ ဆိုင်းခြောက်ဆိုင်းနှင့် အမျိုးသမီး တွဲဆိုင်းတစ်ဆိုင်း စုစုပေါင်း ခုနစ် ဆိုင်း ပါဝင်မည်ဖြစ်သည်။

တူးတူးနှင့် ယှဉ်ပြိုင်မည့် အ သက် (၁၉)နှစ်ရှိ ဆိုရိုကင်သည် ဒီဇင်ဘာ ၂၃ ရက်က ထိုင်းနိုင်ငံ တွင် ကျင်းပသည့် Thai Fight ပြိုင်ပွဲ၌ နာမည်ကြီး မွေထိုင်းကစား သမား  ဆူစခွန်ကို အနိုင်ယူခဲ့ သည်။ မြန်မာ့လက်ဝှေ့ကျော် တူးတူးသည် ပြီးခဲ့သည့် (WLC-3)မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲ တွင် ဩစတြေးလျနိုင်ငံသား ဘာဒါတိုကို အမှတ်ဖြင့် အနိုင်ရကာ ရွှေခါးပတ်ချန်ပီယံ ရယူခဲ့သည်။

‘‘တူးတူးနဲ့ ထိုးမယ့် ယူကရိန်းလက်ဝှေ့သမားက ငယ်ပေမယ့် တကယ့်ဖိုက်တာကောင်းပါ။ အ ရင် WLC တွေမှာ ခေါ်ထိုးဖူးတဲ့ ကစားသမားတွေထက်လည်း သူ့ ကို ခေါ်ရတာ ဈေးပိုကြီးပါတယ်။ တူးတူးအတွက် တကယ့်ပြိုင် ဘက်ကောင်းတစ်ယောက် ဖြစ် နိုင်တဲ့အတွက် ဈေးအကြီးဆုံးသုံး ပြီး ခေါ်ထားတာပါ။ ပရိသတ်တွေ အတွက်တော့ တကယ့်ကို ပွဲ ကောင်းကြည့်ရမှာပါ’’ဟု ပြိုင်ပွဲ ကျင်းပရေးမှ တာဝန်ရှိသူ ဦးအောင်သူက ပြောသည်။

အမျိုးသမီးတွဲဆိုင်းတွင် မြွေ ဟောက်မင်း လက်ဝှေ့ကလပ်မှ မြန်မာလက်ဝှေ့မယ် ရွှေဇင်မင်း နှင့် ကမ္ဘောဒီးယားလက်ဝှေ့မယ် အယ်ရန့်တို့ ထိုးသတ်မည်ဖြစ် သည်။ ကျန်အမျိုးသားတွဲဆိုင်း များကို လက်ရှိအချိန်အထိ ထုတ် ပြန်နိုင်ခြင်းမရှိသေးသော်လည်း နာမည်ကြီး လက်ဝှေ့သမားများ ပါဝင်ရန် ကြိုးပမ်းနေကြောင်း ဦးအောင်သူက ဆိုသည်။

မြန်မာလက်ခမောင်း ကုမ္ပဏီက ကြီးမှူးကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ်  မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC) ကို ၂၀၁၇ တွင်  ရန်ကုန်မြို့၌ သုံးကြိမ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် နေပြည်တော်၌ ပထမဦးဆုံးကျင်းပမည်ဖြစ်သည်။

Top News