ချင်းပြည်နယ်အပါအ၀င် ဒေသလေးခု အအေးပိုလာနိုင်ကြောင်း မိုးဇလသတိပေး

တရုတ်နိုင်ငံဘက်မှ လေ အေးများ ၀င်ရောက်လာ၍ ချင်း ပြည်နယ် အပါအ၀င် ဒေသလေးခု၌ ဇန်န၀ါရီ ၁၅ ရက်အထိ အအေးပိုလာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနက သတင်းထုတ်ပြန်ထားသည်။

ချင်း၊ ကချင်၊ ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အ ထက်ပိုင်းတို့တွင် ပုံမှန်ထက် အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးသည်။


 ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ခဲ့သော ဇန်န၀ါရီလဆန်းပိုင်း၌ လေထုမတည်မငြိမ် ဖြစ်စဉ် ကြောင့် ဒေသအများစု အအေး လျော့ကျခဲ့ရာမှ ယခုတစ်ကျော့ပြန် အေးလာနေသည်။ အအေးပိုလာသည့် အခြေအနေနှင့်အတူ ကချင်၊ ရှမ်းနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်းမိုးဇလဌာနက သတိပေးထား သည်။

 ဒေသတွင်း တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင်စခန်းများ ဖွင့်ထားရသော ရှမ်း၊ ကချင်နှင့် ချင်းပြည်နယ်တို့ စစ်ရှောင်စခန်း များတွင် လတ်တလောရာသီဥတုအခြေအနေကြောင့် အခက်အခဲ အနည်းငယ်ကြုံနေရသည်။

‘‘သိသိသာသာ အအေးပို လာတော့ ကိုယ့်အိမ်မှာ ကိုယ်နေ ရတာမျိုးလည်း မဟုတ်တော့ စစ် ရှောင်တွေ အနည်းငယ် ခက်ခဲ တာပေါ့။ ဖျားတာ၊ နာတာ မဖြစ် အောင်တော့ ၀ိုင်းဝန်းကြရတာ ပေါ့’’ဟု ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် ဖွင့်လှစ်ထားသော စစ်ရှောင်စခန်းတစ်ခုမှ တာဝန်ခံ တစ်ဦးကဆိုသည်။

More in News Section

Top News