Police Tero အသင်းနှင့် ပထမဆုံးပွဲထွက်သည့် ခြေစမ်းပွဲတွင် အောင်သူ နှစ်ဂိုးသွင်းယူ

 မြန်မာ့လက်ရွေးစင်အ သင်း တိုက်စစ်မှူးအောင်သူသည် Police Tero အသင်းနှင့် ပထမ ဆုံးပွဲထွက်ပါဝင်ခဲ့သည့် ခြေစမ်းပွဲ တွင် ပြိုင်ဘက်ဘန်ကောက် အက်ဖ်စီအသင်းဘက်သို့ နှစ်ဂိုး သွင်းယူခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်က ရာသီ ကြိုခြေစမ်းပွဲအဖြစ် ထိုင်း လိဂ်-၁ ကလပ် Police Tero အသင်းနှင့် ထိုင်း လိဂ်-၃ ကလပ် ဘန် ကောက် အက်ဖ်စီအသင်းတို့ ယှဉ် ပြိုင်သည့်ပွဲတွင် အောင်သူက ပွဲ ထွက် ၁၁ ယောက်စာရင်းတွင် ပါဝင်ခဲ့ပြီး အသင်းအတွက် နှစ်ဂိုး သွင်းယူသော်လည်း  ပွဲအပြီး၌သုံးဂိုးစီသရေကျခဲ့သည်။

Police Tero အသင်းသည် ယင်းပွဲတွင် ပွဲချိန် ပထမပိုင်း၌ အောင်သူက နှစ်ဂိုးနှင့် ပြင်သစ် တိုက်စစ်မှူး အန်ဒရီက တစ်ဂိုး သွင်းယူကာ ၃-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ဒုတိယပိုင်း တွင် ခံစစ်ပိုင်း ဦးစားပေးကစားခဲ့၍ ချေပဂိုးများ ပြန်ပေးခဲ့ရပြီးသုံးဂိုးစီ သရေကျခဲ့ကြောင်း PoliceTero အသင်းပေ့ခ်ျတွင် ဖော်ပြ ထားသည်။

Police Tero အသင်း အိမ် ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ယင်း ခြေစမ်းပွဲသည် ကစားပုံနှင့် ကစား သမားသစ်များ စမ်းသပ်သည့် ခြေစမ်းပွဲဖြစ်၍ ပရိသတ်များ ဝင် ရောက်ကြည့်ရှုခွင့်မပြုခဲ့ကြောင်း ယင်းဖော်ပြချက်တွင် ပါဝင် သည်။

မြန်မာလိဂ်ကလပ် ရတနာပုံ အသင်း တိုက်စစ်မှူး အောင်သူ သည် ၂၀၁၈ ဘောလုံးရာသီတွင် ထိုင်း လိဂ်-၁ ကလပ် Police Tero အသင်းသို့ လစာကန်ဒေါ်လာ ၇,၀၀၀ ဖြင့် တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

ထိုင်းဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၈ ရာသီ ထိုင်း လိဂ်-၁ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပ မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၁၈ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၈ ဘောလုံးရာသီ ထိုင်း လိဂ်-၁ ပွဲစဉ်ဇယားရေးဆွဲမှုအရ အောင်သူပါဝင်မည့် Police Tero အသင်းသည် နန္ဒလင်းကျော်ချစ် ပြောင်းရွှေ့မည့် ပရာဂျပ်အသင်း နှင့် ဖေဖော်ဝါရီ ၉ ရက်၌ လိဂ်အ ဖွင့်ပွဲအဖြစ် စတင်တွေ့ဆုံမည် ဖြစ်သည်။ Police Tero (ယခင် BEC တယ်ရိုဆက်စနာ) အသင်းသည် ထိုင်း လိဂ်-၁ ပြိုင်ပွဲတစ်လျှောက် ၂၀၀၀၊ ၂၀၀၁ - ၂၀၀၂ တို့တွင် ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီး ၂၀၀၃၌ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဒုတိယရခဲ့သည်။