လစ်လပ်နေသည့် မကွေးတိုင်းဝန်ကြီးနှစ်နေရာအတွက် ဒီချုပ်ပါတီ မကွေးတိုင်းဥက္ကဋ္ဌနှင့် မြိုင်အမတ်တို့ ရေပန်းစားနေ


မြိုင်အမှတ်(၁) တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဝင်းဌေး နှင့် မကွေးတိုင်းဒီချုပ် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးသိန်းဇော် (ဓာတ်ပုံ − ဦးဝင်းဌေးဖေ့စ်ဘွတ်ခ်)(ဓာတ်ပုံ − လင်းသက်နိုင်)

လစ်လပ်နေသော မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးနှစ်နေရာတွင် အစား ထိုးခန့်အပ်ရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မကွေးတိုင်း ဒေသကြီး အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြိုင်မြို့ နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း ဌေးတို့ ရေပန်းစားနေသည်။

မကွေးတိုင်း ဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး အဖြစ် ဦးသိန်းဇော်က တစ်ပြေး နေသည်။ အလားတူ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် ဦးဝင်းဌေး ခန့်အပ်ခံရ ဖွယ်ရှိကြောင်း ခန့်မှန်းနေသည်။

‘‘သူတို့နှစ်ယောက်က ပါတီ မှာ တစ်လျှောက်လုံး တာဝန်ကျေ စွာ ထမ်းလာသူတွေဖြစ်တယ်။ ပါတီတွင်း လေးစားချစ်ခင်မှုရသူ တွေလည်းဖြစ်တယ်။ ဦးသိန်းဇော် ဆိုရင် အရင်အစိုးရ စဖွဲ့ကတည်း က ဝန်ကြီးတစ်နေရာ ရနိုင်မယ် လို့ တစ်ပြေးခဲ့သူပါပဲ။ ပြီးခဲ့တဲ့ ရက်က ဝန်ကြီးချုပ်က သူတို့ကို ခေါ်တွေ့တာမျိုး ရှိတယ်လို့ ကြားတယ်’’ဟု မကွေးတိုင်း ဒေသကြီး အစိုးရ၊ တိုင်းဒီချုပ် ပါတီနှင့် နီးစပ်သူတစ်ဦးက ပြော ကြားသည်။

သို့သော် အစိုးရအဖွဲ့အနေဖြင့်လွှတ်တော်သို့ တရားဝင် တင် သည့်နေ့မှသာ ဝန်ကြီးအမည်များ ထုတ်ဖော်ပြောမည်ဟု  ၎င်းက ပြောသည်။

ဦးသိန်းဇော်သည် အသက် (၆၇)နှစ်ရှိပြီး မြို့သစ်ြ မို့နယ်တွင် နေထိုင်သည်။  ၎င်း၏ ဇနီးသည် ရွှေဘိုတက္ကသိုလ် သတ္တဗေဒဌာန ပါမောက္ခဖြစ်ပြီး သမီးတစ်ဦးရှိ သည်။ ၁၉၉၀ မတိုင်မီကတည်း က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီတွင် ပါဝင်ခဲ့သည်။ နိုင်ငံ ရေး လှုပ်ရှားမှုများကြောင့် ထောင်နှစ်ကြိမ် ကျခံရဖူးသည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည်။

ဦးဝင်းဌေးသည် (၄၄)နှစ် ရှိပြီး မြိုင်မြို့တွင်နေထိုင်ကာ မြိုင်မြို့နယ် အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ မြိုင်မြို့တွင် ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်ထားပြီး  စတိုးဆိုင်ပိုင်ရှင်ဇနီးနှင့် သားသမီးနှစ်ဦးရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ လူငယ်ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများ ကြောင့် အချုပ်ကျခံခဲ့ရသည်။ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အောင်နိုင်ရေးတက်ကြွစွာ ပါဝင်ခဲ့ပြီး လက်ရှိတွင် ဒီချုပ်ပါတီ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

မကွေးတိုင်းဒေသကြီး ဝန် ကြီးချုပ် ဒေါက်တာအောင်မိုးညို က လစ်လပ်ဝန်ကြီးနေရာများ အတွက် အစားထိုးခန့်အပ်မည့် သူကို ၎င်းတစ်ဦးတည်း သဘော အရ ဆုံးဖြတ်မည်မဟုတ်ဘဲ အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ် တော်ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌနှင့် တိုင်ပင်ဆွေးနွေးပြီး  အများ သဘောတူသူကို ခန့်အပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။ လက်ရှိ ကျင်းပနေသည့် တိုင်းလွှတ်တော်အစည်းအဝေး သို့ ဝန်ကြီးအမည်စာရင်းများတင်သွင်းမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

မကွေးတိုင်း လွှတ်တော် (၇)ကြိမ်မြောက် ပုံမှန်အစည်း အဝေးကို ဇန်နဝါရီ ၈ ရက်က စတင်ကာ ဇန်နဝါရီ ၂၃ရက်အထိ ကျင်းပမည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီး စိုက် ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးနေမျိုးကျော် တို့ကို ၎င်းတို့၏ သဘောဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက် ခွင့်ပြုကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် သမ္မတရုံးက ကြေညာခဲ့ သည်။

More in News Section