■ အားကစား သတင်းတိုများ

စကော့တလန်ဘောလုံးအဖွဲ့ချုပ်က မြောက်အိုင်ယာလန်နည်းပြ မိုက်ကယ်အိုနေးလ်ကို စကော့တလန်နည်းပြသစ်အဖြစ် ခန့်အပ်ရေး ၎င်းနှင့် ဆွေးနွေးရန် စီစဉ်နေသည်။


အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းက မက်ဆမ်ဆင်ကို မလျော်ကန်သော အပြုအမူကြောင့် ထုတ်ပယ်ပြီး မိုမာလေက ယာယီတာဝန်ယူ ထားစဉ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က မန်ယူနောက်ခံလူဟောင်း ဖီးလ်နဗီးလ်ကို နည်းပြသစ်ခန့်အပ်ရန် စီစဉ်နေသည်။

ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေသော နည်းပြရာထူးအတွက် မန်ယူကွင်းလယ်လူဟောင်း ရိုင်ယန်ဂစ်နှင့် ဘယ်လာမီတို့ကို ခန့်အပ်ရေး  တွေ့ဆုံမေးမြန်းနေသည်။

အသင်းမှ ထွက်ခွာရန်သေချာသလောက်ရှိနေပြီး မန်စီးတီးနှင့် မန်ယူတို့ကခေါ်ယူရန် ကြိုးစားနေသော ချီလီလက်ရွေးစင် ဆန်းချက်ဇ်သည် အာဆင်နယ်တွင် စာချုပ်သစ်ချုပ်ဆိုမည်မဟုတ်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဝန်ခံပြောကြားပြီး အိုဇေးလ်သည် အာဆင်နယ်နှင့် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုမည်ဟု မျှော်လင့်နေဆဲဖြစ်ကြောင်းပြောသည်။

လေဗာကူဆင်ကို ၃-၁ ဂိုးဖြင့်နိုင်ပြီး ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို ၁၄ မှတ်ဖြတ်၍ ဦးဆောင်ထားသော ဘိုင်ယန်အသင်းတွင် ဘောလုံး သမားဘဝကို အဆုံးသတ်ချင်ကြောင်း  ပြင်သစ်လက်ရွေးစင် ရီဘာရီ (၃၄)နှစ်က ပြောကြားကာ နွေရာသီတွင် သက်တမ်းကုန်တော့မည့် စာချုပ်ကို သက်တမ်းတိုးလိုကြောင်း ပြောသည်။

၂၀၁၃ ဇွန်လက ရီးရဲလ်သည် ဘာစီလိုနာမှ မက်ဆီကိုအရခေါ်ယူရေး ယူရိုသန်း ၂၅၀ အထိပေးရန် ဆန္ဒရှိခဲ့ကြောင်း မက်ဆီ၏ရှေ့နေနှင့် ဖခင် တို့ကိုကိုးကား၍ Derspiegel သတင်းက ဖော်ပြသည်။

ချယ်လ်ဆီးအတွက် ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့သော်လည်း နည်းပြကွန်တီ၏ အနာဂတ်နှင့်ပတ်သက်၍ လူပြောများနေစဉ် ၎င်းက ချယ်လ်ဆီးနည်းပြရာထူးမှ နုတ်ထွက်မည်မဟုတ်ဟု ပြောသည်။

Top News