ကောလာဟလများကြောင့် အသင်းလှုပ်ခတ်မည်မဟုတ်ဟု ပီအက်စ်ဂျီနည်းပြ အမ်မရီပြောကြား

ပီအက်စ်ဂျီမှ ဘရာဇီးလက် ရွေးစင်တိုက်စစ်မှူးနေမာသည် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ ရန် ချိတ်ဆက်မှုရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသော် လည်း နည်းပြအမ်မရီက အဆိုပါကောလာဟလများက အသင်း ကို လှုပ်ခတ်စေမည်မဟုတ်ဟု ပြောသည်။


နေမာ (၂၅)နှစ်သည် ရီး ရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့မည် ဆိုသော ကောလာဟလများ ကြောင့် ၎င်းတို့အနေဖြင့် တုန်လှုပ်မည်မဟုတ်ကြောင်း အမ်မရီက ပြောသည်။

နေမာသည် ပြီးခဲ့သည့်နှစ် သြဂုတ်က ကမ္ဘာ့စံချိန်တင်ပြောင်း ရွှေ့ကြေးဖြင့် ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ရောက်ရှိလာသော်လည်း ရီးရဲလ်မက်ဒရစ်၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်ဟု သတင်းထွက်နေသည်။

ကာဗာနီနှင့် ပတ်စတိုရီ သည် ရာသီဝက်အနားယူမှုမှ နောက်ကျပြီး အသင်းသို့ပြန်လာ သောကြောင့် ပီအက်စ်ဂျီက ပြစ် ဒဏ်ချမှတ်ခဲ့ပြီးဖြစ်သည်။

သို့သော် နေမာနှင့် ပတ်သက်သော ကောလာဟလများကြောင့်အသင်းအနေဖြင့် စိတ်ချောက်ချားနေမည့်မဟုတ်ကြောင်း အမ်မရီ ကပြောသည်။

‘‘အသင်းအဖွဲ့က စိတ်ဓာတ် ကြံ့ခိုင်ပါတယ်။ ပြင်သစ်လီဂူး ဝမ်းအမှတ်ပေးဖလားမှာရော၊ ပြင်သစ်လိဂ်မှာရော နှစ်ခုစလုံးနဲ့ ပတ်သက်ရင် သူတို့(အသင်းသား တွေ)ဟာ ကြံ့ခိုင်ခဲ့ပါတယ်။ ရီး ရဲလ်မက်ဒရစ်နဲ့ပွဲအတွက် ပြင် ဆင်မှုမှာ သူတို့ဟာ ဒါကို ဆက်ပြီးရှိနေမှာပါ’’ဟု အမ်မရီကပြော သည်။ ပီအက်စ်ဂျီသည် ချန်ပီယံ လိဂ်ဖလား (၁၆) သင်းအဆင့်တွင် ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

‘‘အသင်းသားတွေဟာ တော်ပြီး အသင်းကအတွေ့အကြုံ ရထားပါတယ်။ ကျွန်တော့်မှာ အ တွေ့အကြုံရှိပြီး ကျွန်တော်တို့ကို နှောင့်ယှက်တဲ့ ပြင်ပကလူတွေကို လည်း သိပါတယ်။ တချို့လူတွေ ဟာ ဒီလိုမျိုးလုပ်ဖို့ စိတ်ဝင်စား ကောင်း ဝင်စားနိုင်ပါတယ်’’ ဟု အမ်မရီက ထပ်လောင်းပြော ကြားသည်။

နေမာသည် ပီအက်စ်ဂျီတွင်  အထင်ကြီးလောက်ဖွယ် ခြေစွမ်း ပြသထားပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၂၂ ပွဲကစားကာဂိုး ၂၀သွင်းယူထားသည်။ —Ref:Goal