မာလီလက်ရွေးစင်တိုက်စစ်မှူး ဒီယာဘာတီကို လက်စတာအသင်းခေါ်ယူ

 ပြင်သစ်လီဂူးဝမ်း ဒုတိယတန်းကလပ် အဂျာစီယိုမှ မာလီလက်ရွေးစင်လူငယ်တိုက် စစ်မျူး ဒီယာဘာတီ(၂၂) နှစ်ကို မဖော်ပြသော ပြောင်းရွှေ့ကြေး ဖြင့် လေးနှစ်ခွဲခေါ်ယူစာချုပ်ခဲ့ ကြောင်း ပရီးမီးယားလိဂ်ကလပ် လက်စတာက ဇန်နဝါရီ ၁၃ ရက် ၌ ကြေညာသည်။


တိုက်စစ်မှူးစစ်စစ် (သို့မ ဟုတ်) တောင်ပံနှစ်ဖက်စလုံးတွင် ကစားနိုင်သူ ဒီယာဘာတီသည် ပြင်သစ်ကလပ် ဂူအင်ဂမ့်ပ်တွင် နှစ်ရာသီကြာ ဖြတ်သန်းပြီးနောက် ၂၀၁၇ နှစ်ကုန်က အဂျာစီယိုသို့ ရောက်ရှိလာပြီး ပြိုင်ပွဲစုံပွဲ ၂၀ ကစားကာ သုံးဂိုးသွင်းယူခဲ့သည်။

ဒီယာဘာတီသည် ပရော် ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၆ ဒီဇင်ဘာက စတင်ခဲ့ ကြောင်းနှင့် မာလီယူ-၂၀ နှင့် ယူ-၂၃ အသင်းတို့တွင် ကိုယ် စားပြု၍ ပါဝင်ကစားခဲ့ကြောင်း လက်စတာက ၎င်းတို့၏ ဝက်ဘ် ဆိုက်၌ ပြောသည်။

‘‘အရင်တုန်းက လက်စ တာဟာ ပြင်သစ်လီဂူးဝမ်းကနေ မာရက်ဇ်နဲ့ နော့ခ်အာ့တ်တို့လို ကစားသမားကောင်းတွေကို ခေါ်ယူစာချုပ်ခဲ့ပါတယ်’’ဟုအပြောင်း အရွှေ့သဘောတူညီမှု မကြေ ညာမီ လက်စတာနည်းပြ ကလောက်ဒ်ပူအဲလ်က ပြော သည်။ ထိုအတောအတွင်း ဟတ် ဒါဖီးလ်သည် နော်ရစ်ခ်ျကွင်း လယ်လူ ပရစ်တ်ချာ့ဒ်ကို ဖော်ပြ ထားခြင်းမရှိသော ပြောင်းရွှေ့ ကြေးဖြင့် သုံးနှစ်ခွဲခေါ်ယူစာချုပ်ခဲ့ သည်။

၂၀၁၆ သြဂုတ်က စပါးမှ ပေါင်ရှစ်သန်းဖြင့် ပြောင်းရွှေ့လာ သူ ပရစ်တ်ချာ့ဒ် (၂၄)နှစ်သည် နောရစ်ခ်ျအတွက် လိဂ် ၃၈ ပွဲကစားပြီးခုနစ်ဂိုးသွင်းယူခဲ့သည်။

ဟတ်ဒါဖီးလ်သည် ယခုအ ပြောင်းအရွှေ့ဈေးကွက်တွင် မိုနာ ကိုနောက်ခံလူ ကွန်ဂိုလိုကို အငှားဖြင့် ခေါ်ယူထားပြီး ပရစ်တ်ချာ့ဒ် သည် ဒုတိယမြောက် ခေါ်ယူသော ကစားသမားဖြစ်သည်။

ပရစ်တ်ချာ့ဒ်ကို ခေါ်ယူနိုင်ခဲ့ သဖြင့် အလွန်ပျော်ရွှင်မိကြောင်း ဟတ်ဒါဖီးလ်နည်းပြ ဒေးဗစ်ဝဂ် နာက အသင်းဝက်ဘ်ဆိုက်အား ပြောကြားသည်။

—Ref:Reuters/BBC