အားလပ်ရက်မှာ ဖတ်စရာ

လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့အမြင် (သို့မဟုတ်) နယူးယောက်က ဦးသန့်

ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် အာရှ တိုက်ကို ကိုယ်စားပြုတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ပထမဆုံး အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရတဲ့ ဦးသန့်အကြောင်းစာအုပ်ကို ဖော်ပြလိုပါတယ်။ 


ထူးချွန်ထက်မြက်တဲ့သူတိုင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူအများထက် ခေါင်းတစ်လုံးပို မြင့်နေတတ်တာ ဓမ္မတာပါပဲ။ ဒီ လိုပဲ မြန်မာအမျိုးသားတွေထဲက အလွန်ထူးချွန်သူလို့ သတ်မှတ်နိုင် တဲ့ ဦးသန့်(ကိုသန့်)ဟာ အသက် (၂၀) အရွယ်မှာ ပန်းတနော်အမျိုး သားကျောင်းအုပ်ကြီးဖြစ်နေပါ ပြီ။ တကယ်တော့ အသက်(၂၀) ဆိုတာ အတော်လေးငယ်ရွယ် တဲ့လူငယ်တစ်ယောက်ဖြစ်ပြီး အဲဒီအရွယ်လေးနဲ့ ကြီးမားတဲ့တာ ၀န်တွေထမ်းရွက်နိုင်ခဲ့တဲ့ ကိုသန့် (ဦးသန့်)ဟာ နောင်တစ်ချိန်ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ အဓိက ခေါင်းဆောင်တစ်ဦးအဖြစ် ပိုင် ပိုင်နိုင်နိုင်ဆင်နွှဲနိုင်ခဲ့တာ မဆန်း ပါဘူး။ 

ယခုစာအုပ်ကတော့ ဦးသန့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ် တာဝန်ထမ်း ဆောင်နေစဉ်အတွင်း သူနဲ့လက် ပွန်းတတီးဆောင်ရွက်ခဲ့တဲ့ လက် ထောက်ဖြစ်သူ Ramses Nassif (ရမ္မဆက် နာဆစ်)ရေးသားတဲ့ U Thant In New York ကိုဆရာစိန် ၀င်းစိန်က မြန်မာဘာသာပြန်ဆို ထားတာပါ။ မူရင်းရေးသားသူရမ္မ ဆက် နာဆစ်ဟာ ဦးသန့်နဲ့အတူ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ခက်ခဲ နက်နဲတဲ့ နိုင်ငံတကာပြဿနာ တွေကို  ဖြေရှင်းရာမှာ ပါဝင်ခဲ့လို့ ကမ္ဘာ့ခေါင်းဆောင်တစ်ယောက် အနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရတယ်၊ ဘယ်လိုရင်ဆိုင် ခဲ့ရတယ်ဆိုတာ အသေးစိတ်ရေး ထားပါတယ်။ ဦးသန့်ဟာအတွင်း ရေးမှူးချုပ်ရာထူးနဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှာ ၁၀ နှစ်တိုင် တာဝန် ထမ်းဆောင်ခဲ့ချိန်အတွင်း ကျူး ဘားဒုံးပျံအရေးအခင်း၊ ဗီယက် နမ်စစ်ပွဲအရေး၊ ကွန်ဂိုပြည်တွင်း စစ်၊ အိန္ဒိယ-ပါကစ္စတန်စစ်ခင်း မှုနဲ့ ဆိုဗီယက်တပ်ဖွဲ့တွေ ချက် ကိုစလိုဗေးကီးယားနိုင်ငံထဲ ကျူး ကျော်ဝင်ရောက်မှုအစရှိတဲ့ နိုင်ငံ တကာရေးရာ ပြဿနာတွေကို ဖြေရှင်းခဲ့ရပါတယ်။ တတိယ ကမ္ဘာစစ်ကြီးဖြစ်နိုင်တဲ့ ကျူးဘား အရေးလိုကိစ္စတွေကို ဖြေရှင်းနိုင် ခဲ့ပေမယ့် ကွန်ဂိုပြည်တွင်းစစ်လို ကိစ္စမှာတော့ ပြစ်တင်ဝေဖန်ခံရမှု အများအပြားကြုံ တွေ့ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လူသားအကျိုး၊ လူ သားမျိုးနွယ် အကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စွမ်း စွမ်းတမံဆောင်ရွက်နိုင်ခဲ့တဲ့ သူ့ ရဲ့စွမ်းရည်ကြောင့် နှစ်ကာလ ကြာလာတဲ့တိုင် ကမ္ဘာက သူ့ကို အသိအမှတ်ပြု လေးစားကြစမြဲ ပါ။ ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ်တာဝန်ယူရပြီဆို ကတည်းက သတင်းစာဆရာ တွေကို ဖိတ်ခေါ်ပြီးဦးသန့်က ‘‘စတုတ္ထမဏ္ဍိုင်မှ ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများ ခင်ဗျာ။ ခုလိုခင်ဗျားတို့နဲ့ တွေ့ဆုံ ဖို့ အခွင့်အရေးရတဲ့အတွက် ကျွန် တော်အများကြီး ၀မ်းသာမိပါ တယ်။ ကုလသမဂ္ဂရဲ့အမျိုးပေါင်း စုံလှတဲ့ ပြုဖွယ်ဆောင်တာတွေကို ခင်ဗျားတို့ကို အသိပေးဖို့လိုတယ် ဆိုတာ ကျွန်တော့်နောက်ကြောင်း ရာဇ၀င်အရ ကျွန်တော့်ထက်ပိုပြီး သတိထားမိသူမရှိနိုင်ပါဘူး။ အ တွင်းရေးမှူးချုပ်ရုံးရဲ့အလုပ်ကို သာသီးသန့်ဆိုလိုတာ မဟုတ်ပါ ဘူး။

ကုလသမဂ္ဂဟာ ကမ္ဘာတစ် ၀န်းက အသိအမြင်ကြွယ်ဝတဲ့ ပြည်သူတွေရဲ့ ပံ့ပိုးမှုအပေါ် တည်မီထားတဲ့အဖွဲ့အစည်းတစ် ခုဖြစ်တယ်။ အသိအမြင်ကြွယ်ဝ အောင်သာမက မျက်စိကြီးနား ကြီးဖြစ်အောင် ဆောင်ရွက်ပေးဖို့ အတွက် ခင်ဗျားတို့ဟာအကောင်း ဆုံးအနေအထားမှာ ရှိနေကြပါ တယ်။

အထွေထွေညီလာခံကျင်းပ နေတုန်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်လေ့လုပ်ထမရှိဘူးလို့ ကျွန် တော်သိရတယ်။ ဒါပေမဲ့ အထွေ ထွေညီလာခံ ကျင်းပနေစဉ်မှာကို ပဲ အခုခင်ဗျားတို့နဲ့ ကျွန်တော် တွေ့ဆုံပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ကို ယာယီအ တွင်းရေးမှူးချုပ်အဖြစ် ရွေးချယ် လိုက်ကတည်းကိုက ခင်ဗျားတို့နဲ့ တွေ့ဆုံဖို့ အခွင့်အရေးမရခဲ့လို့ ဖြစ်တယ်။ အထွေထွေညီလာခံ ပြီးဆုံးသွားတဲ့အခါ ကျွန်တော်တို့ အခုထက်ပိုပြီးပုံမှန်တွေ့နိုင်လိမ့် မယ်လို့ မျှော်လင့်ပါတယ်’’ လို့ ပြောခဲ့ပါတယ်။ ဒီစကားနဲ့ပတ် သက်ပြီး ယခုစာအုပ်ရေးသားသူ ရမ္မဆက် နာဆစ်က ‘နောင်လာ မည့်နှစ်များအတွင်း သူထားခဲ့ သည့်ကတိကို ထိန်းသိမ်းသွားခဲ့ သည်။ သူ့ရာထူးသက်တမ်း ၁၀ နှစ်အတွင်း သတင်းစာရှင်းလင်းပွဲ အကြိမ်ပေါင်း တစ်ရာကျော်ပြု လုပ်သွားခဲ့။

ဦးသန့်အဖို့ သတင်းစာရှင်း လင်းပွဲသည် စိတ်နှလုံးမွေ့လျော် စရာကောင်းသည့်အတွေ့အကြုံ တစ်ခုဖြစ်၏။ အတွင်းရေးမှူးချုပ် ဖြစ်မလာမီ မြန်မာပြည်၏ သံအ မတ်ကြီးအဖြစ် ဆောင်ရွက်နေ သည့် အချိန်ကပင် အဆောက်အ အုံ သုံးလွှာရှိ သတင်းထောက်များ အခန်းသို့ဝင်၍ မိတ်ဆွေများနှင့် တွေ့လေ့ရှိခဲ့သည်။ သူ့ကိုယ်သူ သတင်းစာဆရာဟောင်းတစ် ယောက်ဖြစ်ရသည်ကို ဂုဏ်ယူ ကျေနပ်ပြီး ရံဖန်ရံခါထိုအကြောင်း ကို ဖွင့်ပြောပြတတ်၏။ သူသည် ကုလသမဂ္ဂ၏အောင်မြင်မှုအလို့ ငှာ အသိအမြင်ကြွယ်စေသည့် ပြန်ကြားရေးအစီအစဉ်လိုအပ်ပုံ ကို အထူးတလည်သတိမူမိသူ ဖြစ်သည်’ လို့ ရေးထားပါတယ်။

ယခုစာအုပ်ကို ပဉ္စဂံစာအုပ် တိုက်က တန်ဖိုး ၃,၀၀၀ ကျပ်နဲ့ ထုတ်ဝေပြီး စာအုပ်ဆိုင်ကြီးတွေ နဲ့ ဈေးဝယ်စင်တာတွေမှာ ၀ယ်ယူ နိုင်ပါတယ်။ စာဖတ်သူတွေ အား လပ်ချိန်ကို အဓိပ္ပာယ်ရှိရှိကုန်ဆုံး နိုင်စေဖို့ ယခုစာအုပ်ကိုညွှန်းဆို လိုက်ပါတယ်။

More in News Section