ရော်ဘာဈေးကျနေ၍ ရော်ဘာခြံရှင်များ တွက်ခြေမကိုက်ဖြစ်

သထုံမြို့နယ်အတွင်းရှိ ရာဘာလုပ်ငန်းခွင်တစ်ခုတွင် တွေ့ရသည့်နေလှန်းထားသော ရာဘာပြားများ (ဓာတ်ပုံ − သားဗိုလ်)

 ယခုနှစ် ရော်ဘာခြံဖွင့် ရာသီကစ၍ ရော်ဘာပြားဈေး ကျဆင်းနေသဖြင့် သထုံမြို့နယ်ရှိ ခြံပိုင်ရှင်များ ဝင်ငွေနည်းပြီး စီး ပွားရေးတွက်ခြေမကိုက်ကြောင်း သထုံမြို့နယ် နေရော်ဘာခြံပိုင်ရှင်များက ပြောကြားသည်။

ရော်ဘာစေးခြစ်လုပ်ငန်း စတင်သော ယမန်နှစ် စက်တင် ဘာက ရော်ဘာဈေးသည် တစ် ပေါင်လျှင် ကျပ် ၁,၀၀၀ ခန့်ရှိရာ မှ ဈေးကျဆင်းလာပြီး ယခုအခါ မှိုင်းခံပြီး ရော်ဘာပြားတစ်ပေါင် လျှင် ကျပ် ၇၆၀ သာရှိတော့ ကြောင်း ရော်ဘာခြံပိုင်ရှင်များ က ဆိုသည်။

‘‘ဒီနှစ်မှာ အလုပ်သမားက လည်း ရှား၊ ရော်ဘာဈေးကလည်း မရှိ။ ဒါတောင် လူငှားလေး ယောက် အစေးခြစ်ရမယ့် နေရာ မှာ နှစ်ယောက်တည်းငှားပြီး ကျွန်မတို့ကိုယ်တိုင် ဝင်လုပ်နေလို့ ကိုယ့်မိသားစုအလုပ်က ဒါပဲရှိ တော့ ဈေးပြန်တက်နိုး၊ ပြန်တက် နိုးနဲ့ ဒီလိုပဲ လုပ်ကိုင်နေရမှာပေါ့’’ ဟု ဝင်းပကျေးရွာနေ ရော်ဘာခြံ ပိုင်ရှင် ဒေါ်နန်းမြင့်မြင့်အေးက ပြောသည်။

နိုင်ငံတကာ ရော်ဘာဈေး ကွက်တွင် ဈေးနှုန်းမြင့်မားနေ သော်လည်း ပြည်ပသို့ တင်ပို့ သည့် ကုမ္ပဏီများက ဝယ်ယူ သည့်ဈေးနှုန်းဖြင့်သာ ရောင်းချ နေရကြောင်း သထုံမြို့နယ် ရော် ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသန်းမျိုး က ပြောသည်။

‘‘ကျွန်တော်တို့ တင်ပို့တဲ့ ရန်ကုန်ဒိုင်ကြီးတွေ ချပေးတဲ့ဈေး နှုန်းအတိုင်း နယ်မှာ လက်ခွဲဝယ် ယူပါတယ်။ ကိုယ်ပိုင်ခြံလည်းရှိ ပါတယ်။ ရော်ဘာဈေးကျတော့ ရောင်းရတဲ့ငွေနဲ့ အလုပ်သမားခ၊ စရိတ်တွေ ဖယ်လိုက်ရင် ခြံရှင် အတွက် ဝင်ငွေနည်းတာပေါ့။ ဧကနည်းတဲ့ ခြံတွေဆိုရင် မိသားစုကိုယ်တိုင် ဝင်လုပ်နိုင်မှ အဆင်ပြေတာ’’ဟု ကမာစိုင် ကျေးရွာနေ ရော်ဘာပြားရောင်း ဝယ်ရေးလုပ်ကိုင်သူ ဦးမြင့်စိုးက ပြောသည်။