မောင်တောဒေသရှိ ဆရာများအား ကျောင်းကြိုပို့ကား စီစဉ်ပေးရန် ပညာရေးမြှင့်တင်မှု ကော်မတီထံ တင်ပြ

မောင်တောဒေသ တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ ပိုမိုလုံခြုံ အဆင်ပြေစေရေး ကျောင်းအကြို အပို့ ကားများ စီစဉ်ပေးရန် အမျိုး သားလွှတ်တော် ပညာရေးမြှင့် တင်မှု ကော်မတီကို မောင်တော ဒေသရှိ ကျောင်းဆရာ၊ ဆရာမ အများစုက တင်ပြတောင်းဆိုခဲ့ သည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ရ သေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့သို့ လေ့လာ ရေးခရီးစဉ်အဖြစ် အမျိုးသား လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ တာဝန်ရှိသူအချို့ သွားရောက်ခဲ့ပြီး ပညာရေးမှူး များ၊ ဆရာ၊ ဆရာမများနှင့် ဇန်န ဝါရီ ၁၁ ရက်တွင် မောင်တောမြို့ အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်း အစည်းအဝေးခန်း မ၌ တွေ့ဆုံစဉ်ထိုသို့တောင်းဆို ခဲ့သည်။

‘‘အခုဆရာ၊ ဆရာမတွေ သွားလာနေရတာက လုံခြုံမှုမရှိ ဘူး၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွား လာနေရတယ်။ ကားခတွေက အရင်ထက် တစ်ဆလောက် မြင့် တက်နေတယ်။ ကျောင်းကြို၊ပို့ ကားတွေ စီစဉ်ပေးဖို့ တင်ပြ တောင်းဆိုထားပါတယ်’’ ဟု အ ထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

အကြမ်းဖက်မှု မဖြစ်မီက မောင်တောမြို့ပေါ်နှင့် သုံးမိုင်ခန့် ဝေးသည့် ကျောင်းသို့ သွားရန် တစ်ဦးလျှင် အသွားအပြန် ကားခ ကျပ်တစ်ထောင်ပေးရပြီး လက်ရှိ တွင် ကျပ်နှစ်ထောင်အထိပေးရ ကြောင်း ဆရာမများကပြောကြား သည်။

မောင်တောဒေသရှိ ပညာ ရေးဝန်ထန်းများ၏ တင်ပြတောင်းဆိုချက်နှင့် ပတ်သက်၍ ပညာရေး မြှင့်တင်မှု ကော်မတီ တာဝန်ရှိသူ များက သက်ဆိုင်ရာအစိုးရ၊ ပြည် နယ်၊ ခရိုင်ပညာရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပေးမည်ဟု ပြော ကြားကြောင်း အထက်တန်း ကျောင်း (ခွဲ) အင်းဒင်မှ အလယ် တန်းပြ ဆရာမဒေါ်သင်းအေးခိုင် ကပြောသည်။

Top News