မန္တလေးရှိ ဟိုတယ်များကို စည်ပင်ခွန်စိစစ်ကောက်ခံရန် ကွင်းဆင်းစစ်ဆေးမည်

မန္တလေးမြို့တော်စည် ပင်သာယာနယ်နိမိတ်အတွင်းရှိ ဟိုတယ်များကို  သတ်မှတ်ထား သည့် ပစ္စည်းခွန်နှုန်းထားများအ တိုင်း အခွန်ကောက်ခံနိုင်ရန် ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်ကော်မ တီဝင် ဦးကျော်ဇောအောင်က ပြောသည်။  

လက်ရှိ ကောက်ခံနေသည့် ဟိုတယ်ပစ္စည်းခွန် နှုန်းထားများသည် ၁၉၉၆ ကတည်းက သတ်မှတ်ထားသည့် နှုန်းထားများဖြစ်နေ၍ ခေတ်ကာလနှင့်ကိုက်ညီသည့် အခွန်နှုန်းထားများ ကောက်ခံနိုင်ရန် ကွင်းဆင်းစိစစ်မည်ဟု ၎င်းက ဆိုသည်။

အချိန်ကြာသည်နှင့်အမျှ အချို့တည်းခိုခန်းများသည် ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ သော်လည်း စည်ပင်သာယာက ယခင်သတ်မှတ်ထားသည့် တည်းခိုခန်းနှုန်းထားအတိုင်း ဆက်လက် ကောက်ခံ နေရသောကြောင့် အခွန်နစ်နာမှုများရှိနေကြောင်း ၎င်းက ဥပမာပေး ပြောကြားသည်။

‘‘တည်းခိုခန်းဆိုရင် ဘယ် လောက်သတ်မှတ်ထားတယ်၊ ဟို တယ်ဆို ဘယ်လောက်ပေါ့။ လက်ရှိ မန္တလေးအဓိကလမ်းမတန်းမှာ ရှိနေတဲ့ ဟိုတယ်တွေက ဆောင် နေရတဲ့ အခွန်နှုန်းထားတွေက တည်းခိုခန်းဈေးပဲရှိနေတယ်’’ဟု ဦးကျော်ဇောအောင်က ဆိုသည်။

ဟိုတယ်ပစ္စည်းခွန်ကောက် ခံရာတွင် တည်းခိုခန်း၊ အင်း၊ ဟို တယ်စသည့်သတ်မှတ်ချက်များ အပြင် လမ်းတည်နေရာပေါ်မူ တည်၍ နှုန်းထားမတူကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ အခွန်ဌာနတာဝန် ရှိသူက ရှင်းပြသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီအခွန်ဌာန အနေဖြင့် အခွန်အခပြည့်ဝစွာရရှိ ရန်နှင့် အခွန်ပုန်း၊ အခွန်ကြွေးကျန်များရရှိရန် အဓိကထား ဆောင်ရွက်နေကြောင်း​၎င်းကဆက်လက်ပြောကြားသည်။

ဟိုတယ်ပစ္စည်းခွန်များနည်း တူ အိမ်ခွန်များကိုလည်း လက်ရှိ အိမ်ပုံစံအရ သတ်မှတ်နှုန်းထား များအတိုင်း ပြန်လည်ကောက်ခံ ရန် ကွင်းဆင်းစိစစ်မည် ဖြစ် ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအခွန် ဌာနက သတင်းထုတ်ပြန်ထားသည်။

ဟိုတယ်ပစ္စည်းခွန်ကောက် ခံရာတွင် တည်းခိုခန်း၊ အင်း၊ ဟို တယ်စသည့်သတ်မှတ်ချက်များ အပြင် လမ်းတည်နေရာပေါ်မူ တည်၍ အနည်းဆုံးကျပ် ၂,၀၀၀ မှ အများဆုံး ကျပ် ၁၂,၀၀၀ အထိ သတ်မှတ်ထားကြောင်း အ ဆိုပါတာဝန်ရှိသူက ပြောသည်။