နိုင်ငံတကာသတင်းတိုများ

အီရန် နျူသဘောတူညီချက်က နုတ်ထွက်ပါက ဝါရှင်တန်သည် ကြီးမားသော အမှားတစ်ခုကျူးလွန်ရာကျမည်ဟု ရုရှားအစိုးရက ပြောကြားပြီး ၎င်းတို့အနေဖြင့် ယင်းသဘောတူညီချက်ဆက်လက်အသက်ဝင်နေစေရေး ကြိုးပမ်းသွားမည်ဟု ပြော သည်။


ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံမြို့တော်အဖြစ် အမေရိကန်၏ အငြင်းပွားဖွယ်အသိအမှတ်ပြုမှုအပေါ် မည်သို့တုံ့ပြန်မည်နည်း ဆိုခြင်း ဆွေးနွေးရန် ပါလက်စတိုင်းခေါင်းဆောင်များ အစည်း အဝေးသို့ တက်ရောက်မည်မဟုတ်ဟု အစ္စလာမ်မစ်လှုပ်ရှားသူ ဟားမားစ်အဖွဲ့ကပြောသည်။

တရုတ်အရှေ့ပင်လယ်ပြင်တွင် ကုန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိပြီး သီတင်းတစ်ပတ်ကြာအထိ မီးစွဲလောင်နေသော အီရန်ရေနံ တင်သင်္ဘောပေါ်မှ အလောင်းနှစ်လောင်းကို တရုတ်ကူညီကယ် ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟု ဆင်ဟွာသတင်းဌာနကပြောသည်။