UNFC အဖွဲ့ဝင်များအကြား ညီညွတ်မှုမပျက်ရေး အလေးထားဆောင်ရွက်ရန် ဥက္ကဋ္ဌတိုက်တွန်း

ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့ အစည်းများအကြား ညီညွတ်မှု မပျက်ရေး အလေးထားဆောင် ရွက်ရန် UNFC ဥက္ကဋ္ဌ နိုင်ဟံသာ က တိုက်တွန်းသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့သည့် UNFC ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (တိုးချဲ့) အစည်းအဝေး အပြီး အပိတ်မိန့်ခွန်း ပြောကြား ရာတွင် နိုင်ဟံသာက ယခုကဲ့သို့ တိုက်တွန်းခဲ့သည်။ နိုင်ဟံသာ၏ အပိတ်မိန့်ခွန်း ရုပ်သံဖိုင်ကို လူမှု ကွန်ရက်မှတစ်ဆင့် ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

‘‘အနာဂတ်မှာလည်း ဘာပဲ ပြောပြော တိုင်းရင်းသားတွေရဲ့ စုစည်းမှုအင်အားနဲ့သာ ကျွန် တော်တို့ အောင်ပွဲကိုရမှာဖြစ်တဲ့ အတွက် ဒီဟာကို မျက်ခြည်မပြတ် ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့အားလုံးကနေ အလေးထားပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့၊ တွဲမိတဲ့လက်ကို  ပြုတ်မသွားဖို့ နောက်ဆုံးအခြေအနေတွေက ဘယ်လိုပဲဖြစ်ဖြစ် ဆက်စပ်ပြီးမှ အားယူသွားနိုင်ဖို့ဆိုတာ အားလုံး က အလေးထားပြီး ကြိုးပမ်းသွား ကြဖို့ ကျွန်တော်ကတော့ အားလုံး ကို ပန်ကြားပါတယ်’’ဟု နိုင်ဟံ သာက ပြောသည်။

အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ ၆ ရက်ကစတင်၍ သုံး ရက်ကြာ ကျင်းပခဲ့ပြီး တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို UNFC အဖွဲ့ဝင် အဖွဲ့အစည်းအားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် ဆက်လက်ညှိနှိုင်းရန်ဆုံးဖြတ်ခဲ့ကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောသည်။

UNFC အစည်းအဝေးတွင် မွန်ပြည်သစ်ပါတီ (MNSP)က ၎င်းတို့အဖွဲ့အတွင်း ဆုံးဖြတ်ချက် ချမှတ်ထားသည့် NCA တွင် ပါ ဝင်လက်မှတ်ထိုးမည့် ကိစ္စကို တင်ပြ ဆွေးနွေးခဲ့သော်လည်း UNFC အဖွဲ့ဝင်အားလုံး NCA လက်မှတ်ထိုးနိုင်ရေး အစည်း အဝေးကာလ၌ပင် အစိုးရ ကိုယ် စားလှယ်များနှင့် ဆက်သွယ်ညှိ နှိုင်းခဲ့ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။ယခင်ကUNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ရှိသော်လည်း NCA လက်မှတ်ထိုး၍  အဖွဲ့မှ ထုတ်ပယ်ခဲ့ခြင်း၊ NCA ကိုလက်မခံဟုဆိုကာ အဖွဲ့မှနုတ်ထွက်ခဲ့ခြင်းတို့ကြောင့် လက်ရှိတွင် NMSP,KNPP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)တို့သာ ကျန်တော့သည်။