ကိုပါဒယ်ရေးကွာတားဖိုင်နယ်တွင် ဘာကာနှင့် အက်စ်ပန်ညိုတွေ့ဆုံ၊ အက်သလက်တီကိုနှင့် ဆီဗီလာထိပ်တိုက်တွေ့

 စပိန်ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ်များတွင် ဒါဘီ ပွဲနှစ်ပွဲ ပါဝင်ပြီး ဘာစီလိုနာက အက်စ်ပန်ညိုနှင့် ကစားရမည်ဖြစ် ကာ ရီးရဲလ်မက်ဒရစ်က လီဟာ နက်စ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

အခြားကွာတားပွဲစဉ်များ တွင် အက်သလက်တီကို မက်ဒ ရစ်နှင့် ဆီဗီလာ၊ ဗလင်စီယာနှင့် အလာဗတ်စ်တို့ တွေ့ဆုံမည်ဖြစ် သည်။

ကိုပါဒယ်ရေး လက်ရှိချန် ပီယံ ဘာစီလိုနာသည် အက်စ်ပန် ညိုကွင်းတွင် ပထမအကျော့ ကစားရမည်ဖြစ်ကာ ဒုတိယအ ကျော့ကို အိမ်ကွင်း၌ လက်ခံ ကစားမည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်ကလည်း မြို့တော်မက်ဒရစ် တောင်ပိုင်းမှ လီဟာနက်စ်ကို ဒုတိယအကျော့၌ အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

လာလီဂါဒုတိယနှင့် ပဉ္စမ နေရာရှိ အက်သလက်တီကို မက် ဒရစ်နှင့် ဆီဗီလာတို့ပွဲသည်လည်း စိတ်ဝင်စားစရာဖြစ်သည်။

တတိယနေရာမှ ဗလင်စီယာ သည် ယမန်နှစ်က ကိုပါဒယ် ရေး ဗိုလ်လုပွဲတက်ခဲ့သော အလာ ဗတ်စ်နှင့် တွေ့ဆုံမည်ဖြစ်သည်။

—Ref-AP

Top News