ရာသီဥတု ဖောက်ပြန်မှုကြောင့် ရခိုင်တွင် ကွမ်းရွက်ဈေးမြင့်

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်က ရာသီဥတုဖောက်ပြန်ကာ မိုးရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စိုက်ပျိုးထားသည့် ကွမ်းခင်းအချို့ပျက်စီးကာ ကွမ်းရွက်ဈေး ယခင်နှစ်ထက် တစ်ဆခန့်မြင့်တက်နေကြောင်း ကွမ်းရွက်ရောင်းဝယ်သူများက ပြောသည်။

ဒီဇင်ဘာလလယ်က ရခိုင်ဒေသတွင် ကွမ်းရွက်တစ်ပိဿာကျပ် ၅,၀၀၀ ကျော်၊ ၆,၀၀၀ ရှိပြီး လက်ရှိတွင် ကျပ် ၁၀,၀၀၀ ကျော်ရှိကြောင်း တောင်ကုတ်မြို့မှ ကွမ်း ရွက်ရောင်းသူ ဦးမောင်လတ်က ပြောသည်။

‘‘မိုးရွာပြီး ရာသီဥတုဖောက် ပြန်တာကြောင့် ကွမ်းရွက်အထွက် နှုန်းကျသွားတယ်။ တချို့ကွမ်း ခင်းတွေက ပျက်စီးခဲ့တယ်။ အဲဒါကြောင့် ကွမ်းရွက်ဈေးတွေ တက်သွားတာဖြစ်ပါတယ်။ လာမယ့် မတ်လလောက်ဆိုရင်တော့ ကွမ်းရွက်တွေပြန်ပြီးအထွက်ကောင်းလာနိုင်ပါတယ်’’ဟု ဦးမောင်လတ်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကွမ်း ရွက်များကို ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ပေါက်တောမြို့၌ အဓိကစိုက်ပျိုးပြီး အခြားမြို့နယ်များတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးသည်။

လက်ရှိတွင် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်၌ ကွမ်း ရွက်စိုက်ပျိုးမှုမရှိသလောက်နည်း နေပြီး အခြားမြို့နယ်များမှ လာသည့် ကွမ်းရွက်များကို အဓိက စားသုံးနေသည်။

Top News