ရန်ကုန်ကျောက်မျက်ပြပွဲတွင် ၀ယ်ယူသည့် ကျောက်မျက်များကို ပြည်ပသို့ တရားဝင် သယ်ယူခွင့်ပြုသဖြင့် နိုင်ငံခြားသားများ စိတ်ဝင်စားဟုဆို

ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကျောက်မျက်ရတနာအချောထည်ပြပွဲတွင် ကြည့်ရှုဝယ်ယူနေသူများ (ဓာတ်ပုံ − ကျော်ဇင်သန်း)

ရန်ကုန်မြို့တွင် ပထမ ဆုံး ကျင်းပသည့် ကျောက် မျက်ရတနာ အချောထည်ပြပွဲ၌ ၀ယ်ယူသည့် ကျောက်မျက်များ ကို ပြည်ပသို့တရားဝင်သယ်ယူခွင့် ပြုသဖြင့် နိုင်ငံခြားသားများပိုမို စိတ်ဝင်စားကြောင်း ရန်ကုန်တိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းဒုတိယဥက္ကဋ္ဌဒေါ်မျိုး မျိုးသန့်က ပြောသည်။

အဆိုပါပြပွဲကို ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ပြုလုပ်ပြီး ကျောက်မျက်ရတနာ အချော ထည် ဆိုင်ခန်း ၁၀၀ ပါဝင်ကာ ဇန်န၀ါရီ ၁၁ ရက်မှ ဇန်န၀ါ ရီ ၁၄ ရက်အထိ ပြုလုပ်နေသည်။

ကျောက်မျက်အချောထည် များကို ပြပွဲရက်တွင် ကျောက် မျက်ဌာနရာဖြတ်အဖွဲ့၏ ဦး ဆောင်မှုဖြင့် အခွန်ဆောင်၊ ချိပ် ထိုးပြီးဝယ်ယူပါက ပြည်ပသို့ တရားဝင် သယ်ယူခွင့်ရမည်ဟု ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း(ရန်ကုန်)က ကြေ ညာထားသည်။

‘‘နိုင်ငံသားဝယ်မယ်ဆိုရင် နိုင်ငံသား ဗောက်ချာနဲ့ ရောင်းပေးတယ်။ နိုင်ငံခြားသားဆို လေဆိပ်မှာ တရားဝင်အခွန်ဆောင်ထားကြောင်း ကြေညာချက်ထုတ်ပေးတယ်’’ ဟု ဒေါ်မျိုးမျိုးသန့်ကပြောသည်။ အဆိုပါပွဲကို နိုင်ငံ ၃၀ ကျော်မှ ကျောက်မျက်လုပ်ငန်းရှင် နှင့် ကုန်သည်များအပါအ၀င်နိုင်ငံ ခြားသား ၂၀၀ ခန့်တက်ရောက် ရန်ဖိတ်ကြားခဲ့ကြောင်း ၎င်းက ဆက်ပြောလက်သည်။

မြန်မာနိုင်ငံတွင် တွင်းထွက် သယံဇာတ ကျောက်မျက်ကုန် ကြမ်းများကို ပြပွဲပြုလုပ်၍ ရောင်းချသော်လည်း အချော ထည်ပစ္စည်းများ ရောင်းချပွဲကို ယခုမှ စတင်ကျင်းပခြင်းဖြစ် ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်) မှ တာဝန်ရှိသူများက ပြောသည်။

ကျောက်မျက်ရတနာ လုပ် ငန်းရှင်များအသင်း(ရန်ကုန်)ဒုတိ ယဥက္ကဋ္ဌဦးအောင်မြင့်က ‘‘ပြပွဲ ရက်မှာ ၀ယ်ရင်လွတ်လွတ်လပ် လပ်နဲ့ရင်ကော့ပြီး သယ်သွားလို့ရ တာပေါ့’’ ဟု ပြောသည်။

ပြည်တွင်းမှ ၀ယ်ယူသူများ သည် စိန်ထည်များကို စိတ်ဝင် စားမှုများပြီး နိုင်ငံခြားသားများက ကျောက်စိမ်း၊ ပတ္တမြားနှင့်အချော ထည်ကျောက်မျက်များကို စိတ် ၀င်စားကြောင်း စန်းသော်တာ စိန် ရွှေရတနာ ဆိုင်မန်နေဂျာ ဒေါ် အေးမြတ်သူက ပြောသည်။

အဆိုပါပြပွဲတွင် ကျောက် မျက်ရတနာများကို ရောင်းချရ သည့်ငွေကြေး၏ ၁ ရာခိုင်နှုန်းနှင့် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း စုစုပေါင်း အခွန် ၆ ရာခိုင်နှုန်း ဆောင်ရကြောင်း အရောင်းပြပွဲ တာဝန်ခံများကဆိုသည်။

ယနေ့ကျောက်မျက်ပြပွဲသို့ သီရိလင်္ကာ၊ တရုတ်၊ အိန္ဒိယနိုင်ငံ တို့မှ နိုင်ငံခြားသားများအများစု လာရောက်ပြီး ရောင်းချရသည့်စာ ရင်းကို ပြပွဲပြီးမှသာ စာရင်းချုပ် နိုင်မည်ဟုသိရသည်။

ပတ္တမြား၊ နီလာ၊ ကျောက် စိမ်း(ကျောက်မျက်အချောထည် များ)ကို ပြပွဲရက်မဟုတ်လျှင် ပြည်ပသို့ယူဆောင်မည်ဆိုပါက စိန်နှင့်ဝန်းရံပြီး ရွှေအပါအ၀င် အ ထည်ပစ္စည်းပြုလုပ်ပြီးမှသာအစိုး ရက ယူဆောင်ခွင့်ပြုထားသည်။

အဆိုပါပြပွဲ စတင်ဖွင့်လှစ်သည့် နှစ်ရက်အတွင်း လက်ဝတ်ရတနာ ကျပ်သိန်း ၃၀၀၀ ကျော်ဖိုးရောင်းချထားသည်ဟု ယင်းကျောက်မျက်ရတနာလုပ်ငန်းက ဆိုသည်။