စစ်ကိုင်းတန်ဖိုးနည်းအငှားအိမ်ရာနေထိုင်ခွင့် လျှောက်ထားသူ ၃၅၀ ကျော်ရှိပြီး ဖေဖော်ဝါရီတွင် မဲနှိုက်ငှားရမ်းမည်

စစ်ကိုင်းမြို့ တန်ဘိုးနည်း အငှားအိမ်ရာအဆောက်အဦးများကို တွေ့ရစဉ် (ဓာတ်ပုံ − စည်သူလင်း)

 စစ်ကိုင်းမြို့ ကောင်းမှု တော်ဘုရားအနီးတွင် တည် ဆောက်ထားသည့် တန်ဖိုးနည်း အငှားအိမ်ရာ၌ နေထိုင်ခွင့်ရရန် လျှောက်ထားသူ ၃၅၀ ကျော် ရှိပြီး ဖေဖော်ဝါရီတွင် မဲနှိုက်ငှား ရမ်းမည်ဖြစ်ကြောင်း မြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်း ဌေးက ပြောသည်။

အဆိုပါအငှားအိမ်ရာတွင် နေထိုင်လိုသူများအား ၂၀၁၇ ဒီဇင်ဘာလလယ်ခန့်က စတင် လျှောက်လွှာခေါ်ယူပြီး လက်ရှိ အချိန်ထိ လျှောက်ထားသူ ၃၅၀ ကျော်ရှိသည်။

‘‘လျှောက်လွှာခေါ်ယူတာ ဒီ နေ့(ဇန်န၀ါရီ ၁၂ ) နောက်ဆုံး ရက်ပေါ့။ ရုံးမပိတ်ခင်ထိဆိုတော့ လက်ရှိစာရင်းထက်များသွားနိုင် တယ်။ မြို့မှာ အိမ်မရှိ၊ ၀င်းမရှိ ၀င်ငွေနည်းတဲ့ ငှားရမ်းနေထိုင်နေ တဲ့သူတွေအတွက် ဘယ်သူ လျှောက်လျှောက်ပေါ့။ ကျူးတွေ တောင် လာလျှောက်တာရှိတယ်’’ ဟု ဦးဇော်မင်းဌေးက ပြောသည်။

တန်ဖိုးနည်းအငှားအိမ်ရာ ကို စစ်ကိုင်းမြို့နယ်ရှိ အိမ်ရာ၊မြေ ကွက်ပိုင်ဆိုင်မှုမရှိသော ၀င်ငွေ နည်းပြည်သူများ၊ အစိုးရ၀န်ထမ်း လုပ်သက် ၂၅ နှစ်ရှိသူများ၊ အ ငြိမ်းစားဝန်ထမ်းများစသည်တို့ကို အဓိကဦးစားပေးအနေဖြင့် မဲနှိုက် ငှားရမ်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင်ငှားရမ်းခနှုန်းထား မသတ်မှတ်ရသေးသော် လည်း တစ်လကျပ်သုံးသောင်း ခန့်ဖြစ်နိုင်ကြောင်း ဦးဇော်မင်းဌေးက ဆိုသည်။

‘‘ပြည်နယ်နဲ့တိုင်းဒေသကြီး တွေမှာ သတ်မှတ်ထားတာက တော့ သုံးသောင်းပေါ့။ ဒါပေမဲ့ လည်း တိုင်းအစိုးရရဲ့ ပြင်ဆင်မှုနဲ့ နှစ်သောင်းလည်းဖြစ်ချင်ဖြစ်နိုင် တယ်။ ပြောလို့မရသေးဘူး’’ ဟု ၎င်းကပြောသည်။

စစ်ကိုင်းတန်ဖိုးနည်းအငှား အိမ်ရာကို မန္တလေး-မုံရွာကား လမ်းဘေးနွားပွဲဈေးအနီး စည်ပင် သာယာပိုင် နယ်မြေတစ်ဧကကျော်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာငွေဖြင့် ၂၀၁၆ ဩဂုတ်၌ စတင်ဆောက်လုပ်ခဲ့သည်။

အဆိုပါအငှားအိမ်ရာတွင် ၁၂ ခန်းတွဲပါ လေးထပ်အဆောက် အအုံနှစ်လုံးပါဝင်ပြီး အခန်း စုစု ပေါင်း ၉၆ ခန်းပါဝင်သည်။ တစ် ခန်းလျှင် ၁၈ ပေ × ၂၅ ပေကျယ် ၀န်းကာ ရေ၊မီးအပြည့်အစုံပါဝင် မည်ဖြစ်သည်။