မုံရွာတွင် စားသုံးသူရေးရာ ဦးစီးဌာနက စွန့်လွှတ်မြေ သုံးဧကကျော်ကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်

 မုံရွာမြို့တွင် စားသုံးသူရေးရာဦးစီးဌာနက စွန့်လွှတ်သော မြေသုံးဧကကျော်ကို လက်ရှိအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် မူလမြေပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း မုံရွာမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအာကာမင်းက ပြောသည်။

မုံရွာမြို့နယ် ချမ်းမြသာစည် ရပ်ကွက်တွင် ယခင်ကုန်သွယ် လယ်ယာသီးနှံဂိုဒေါင်များအဖြစ် အသုံးပြုခဲ့သော မြေ ၃ဒသမ၇၃၅ ဧကကို မူလမြေပိုင်ရှင်ဖြစ်သော သပြေပင်တောရကျောင်းတိုက် ဆရာတော်ထံ ပြန်လည်ပေးအပ် ပွဲအခမ်းအနားကို ဇန်န၀ါရီ ၁၂ ရက် နံနက်က မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

‘‘လက်ရှိအစိုးရလက်ထက် မှာ မုံရွာမြို့နယ်အနေနဲ့ မူလမြေ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်တာ ပထမဆုံးပါ။ အရင်အစိုးရလက် ထက်တုန်းကတော့ မူလမြေပိုင် ရှင်ထံ ပြန်လည်စွန့်လွှတ်တာ တော့ရှိပါတယ်။ အဲဒီမြေပေါ်က ကုန်သွယ်လယ်ယာဂိုဒေါင်တွေ ဖေဖော်ဝါရီလကုန်အပြီး ဖယ်ရှား ဖို့ စာထုတ်ထားပါတယ်’’ဟု ဦးအာကာမင်းက ပြောသည်။

အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။ မုံရွာမြို့နယ် စည်ပင်သာ  ယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော် မျိုးဝင်းက ‘‘အရင်ကုန်သွယ်လယ် ယာပိုင်မြေကနေ နိုင်ငံတော်ပိုင် မြေအဖြစ် လွှဲပြောင်းတာ။ နိုင်ငံ တော်ကနေ မူလမြေပိုင်ရှင်ကို ပြန်လည်ပေးအပ်တာပါ။ အဲဒီမြေ က ဘိုးဘွားပိုင်မြေအဖြစ်နဲ့ လွှဲ ပြောင်းပေးအပ်တာ ဖြစ်ပါတယ်’’ ဟု ပြောသည်။

Top News