ဂျပန်ဝန်ကြီးချုပ် အသုံးပြုသော လေယာဉ်တစ်စီး တောင်ပံအစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေ

 ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး စီးနင်းအသုံးပြုသော လေယာဉ်များအနက် တစ်စီးတွင် လက်ပ်တော့ကွန်ပျူတာ အရွယ် အစားရှိ လေယာဉ်တောင်ပံ အ စိတ်အပိုင်းတစ်ခု ပြုတ်ကျခဲ့ ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်၌ ပြောသည်။

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အခြေစိုက် အမေရိကန်စစ်ဘက် လေယာဉ်များမှ အစိတ်အပိုင်း များ ပြုတ်ကျခြင်းကြောင့် ဖြစ်ပေါ် သော အန္တရာယ်များနှင့်ပတ်သက် ၍ စိုးရိမ်ပူပန်နေခိုက် ယခုကိစ္စ သည် ကသိကအောက်ဖြစ်စေခဲ့ သည်။


ဇန်နဝါရီ ၁၁ ရက်က တိုကျို မှ ဟော့ခ်ကိုင်းဒိုးကျွန်းသို့ ပျံသန်းပြီးနောက် ပြည်ပခရီးစဉ်များအ တွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေး စီးနင်းအသုံးပြုသော လေ ယာဉ်နှစ်စီးအနက် တစ်စီးဖြစ် သည့် ဘိုးရင်း ၇၄၇ ၏ ညာဘက်တောင်ပံ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေသည်ကို တာဝန်ရှိ သူများ သတိပြုမိခဲ့ကြောင်း ဂျပန်လေကြောင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးတပ်(ASDF) မှ ပြော ရေးဆိုခွင့်ရှိသူက ပြောကြားပြီး ယင်းအစိတ်အပိုင်းကို ပြန်မတွေ့ သေးဟု ဆိုသည်။

‘‘လေယာဉ်ပျံသန်းတဲ့ လမ်း ကြောင်းမှာ အဲဒါရှိတဲ့လက္ခဏာ ဘာမှမတွေ့ရတဲ့အတွက် ရှာဖွေ ဖို့ အလွန်ပဲခက်ခဲပါလိမ့်မယ်’’ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အိုကီနာဝါကျွန်း အခြေစိုက် အမေရိကန်လေယာဉ်များ ပါဝင် သော လတ်တလောအဖြစ်အ ပျက်များကြောင့် ဇန်နဝါရီ ၉ ရက် က ဂျပန်ကာကွယ်ရေးဝန်ကြီး မိုနို ဒီရာသည် အမေရိကန်ကာကွယ် ရေးဝန်ကြီး ဂျင်မ်မက်တစ်ထံ ဖုန်း ဆက်ကာ အလားတူအဖြစ်အ ပျက်များ ထပ်မံမပေါ်ပေါက်စေ ရေး ကာကွယ်ပေးမည့် အရေးယူ မှုများ ဆောင်ရွက်ရန် တောင်းဆို ခဲ့သည်။

ယင်းအစိတ်အပိုင်း မည်သို့ပြုတ်ကျခဲ့သလဲဆိုသည်ကို ဖော်ထုတ်ရန် လေတပ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

သက်တမ်းရလာပြီဖြစ်သည့် ယင်းလေယာဉ်နှစ်စီး၏ နေရာ တွင် အစားထိုးရန် ဂျပန်အစိုးရ သည် ဘိုးရင်း ၇၇၇ လေယာဉ် နှစ် စီး မှာယူထားပြီး ၂၀၁၉ မတ်လ၌ အစားထိုးမည်ဖြစ်သည်။

—Ref: Reuters