တောင်ကိုရီးယားရှိ ဆေးရုံတစ်ခုတွင် တာဝန်ပေါ့လျော့မှုကြောင့် ကလေးလေးဦး သေဆုံး

ဆိုးလ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခု၏ အထူးကြပ်မတ် ကုသဆောင်တွင် သန့်ရှင်းမှု မ ကောင်းသောကြောင့် ပြီးခဲ့သည့် လက နှစ်နာရီအတွင်း မွေးကင်းစ ကလေးလေးဦး သေဆုံးခဲ့ကြောင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်၌ ပြောသည်။

Ewha Women တက္ကသိုလ် ဆေးရုံမှ ဆရာဝန်နှစ်ဦးနှင့် သူနာ ပြုသုံးဦး ပါဝင်သည့် ဆေးဘက် ဆိုင်ရာ ဝန်ထမ်းငါးဦးကို ယင်း သေဆုံးမှုများနှင့် ပတ်သက်၍ တာဝန်ပေါ့လျော့မှုကြောင့် မရည် ရွယ်ဘဲ လူသတ်မိခြင်း စွဲချက်ဖြင့် စွဲချက်တင်မည်ဟု အရာရှိများက ပြောသည်။


နည်းပညာအားဖြင့် အဆင့် မြင့်ပြီး နိုင်ငံခြားသားများ ဆေး ကုသရန် အများအပြား လာ ရောက်လေ့ရှိသည့် တောင်ကိုရီး ယားနိုင်ငံအတွက် ယင်းဖြစ်ရပ် သည် ကြုံတောင့်ကြုံခဲဖြစ်သည်။

 လမစေ့ဘဲ မွေးသော ကလေးလေးဦးကို သွေးစစ်ဆေးကြည့်ရာ ၎င်းတို့အားလုံးသည် ဆေးယဉ်ပါး ဗက်တီးရီးယား ကူးစက်ခံထားရကြောင်း ဆိုးလ်မြို့ ရဲတပ်ဖွဲ့ကပြောသည်။

ယင်းကလေးအားလုံးသည် နှလုံးခုန်နှုန်း သိသိသာသာပြောင်း လဲပြီး ဗိုက်များ ဖောင်းကားလာ ကြောင်း တောင်ကိုရီးယား သေမှုသေခင်းစစ်ဆေးရေးဌာန ပြော ဆိုမှုအရ သိရသည်။

 ယင်းသေဆုံးမှုများသည် တစ်ချိန်တည်းတွင် ဗက်တီးရီး ယား ကူးစက်မှုတစ်ခုကြောင့် ဖြစ်ပွားသော ကြုံတောင့်ကြုံခဲကိစ္စ ဖြစ်ကြောင်း ယင်းဌာနက ပြော သည်။

ယင်းကလေးများသည် ညစ် ညမ်းသော အာဟာရတိုက်ကျွေးခံခဲ့ရသည် (သို့မဟုတ်) ယင်းဖြည့်စွက်ဆေးများသည် ကုသစောင့်ရှောက်မှုအတွင်း ညစ်ညမ်းခြင်း ဖြစ်နိုင်ကြောင်း ယင်းဌာနက သုံး သပ်သည်။          

—Ref: AFP