လက်တွေ့ဘဝက အာဂလူသားတွေရဲ့ အတ္ထုပ္ပတ္တိကို သရုပ်ဆောင်ရတာ တာဝန်ကြီးတယ်ဆိုတဲ့ တွမ်ဟန့်စ်

ကမ္ဘာကျော် အမေရိကန်မင်းသား ကြီး တွမ်ဟန့်စ်က အတ္ထုပ္ပတ္တိဇာတ် ကားများ ရိုက်ကူးရာတွင် လက် တွေ့ဘဝသည် အာဂလူသားများ ၏ ဇာတ်ကောင်အဖြစ် သရုပ် ဆောင်ရခြင်းမှာ တာဝန်ကြီးသည် ဟု ခံစားရကြောင်း ပြောသည်။

အသက် (၆၀) အရွယ် အော်စကာဆုရှင် တွမ်ဟန့်စ်သည် အတ္ထုပ္ပတ္တိဇာတ်ကား အချို့တွင် အဓိကဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။

တွမ်ဟန့်စ်သည် ‘Charilie Wilson’s ’ ရုပ်ရှင်ဇာတ်ကားတွင် လွှတ်တော်အမတ် ချာလီဝီလ်ဆန် အဖြစ်လည်းကောင်း၊ ‘Saving Mr. Banks’ တွင် ရုပ်ရှင်ထုတ် လုပ်သူ ဝေါ့လ်ဒစ္စနေအဖြစ်လည်း ကောင်း။ ‘Sully’ တွင် လေယာဉ် မှူး ချယ်လ်ဆီဆူလန်ဘာဂါအ ဖြစ်လည်းကောင်း၊‘Captain Phillips’ တွင် ကပ္ပတိန်ဖီးလစ်အဖြစ် လည်းကောင်း သရုပ်ဆောင်ခဲ့ သည်။

‘‘ကျွန်တော် လက်တွေ့ဘဝ က လူတွေရဲ့ ဇာတ်ကောင်နေရာ ကနေ အများကြီး သရုပ်ဆောင်ခဲ့ ရပါတယ်။ အဲဒါက တကယ့်ကို တာဝန်ကြီးပါတယ်’’ ဟု တွမ်ဟန့်စ် က W မဂ္ဂဇင်းအား ပြောကြားခဲ့ သည်။

‘‘ကောင်းသည်ဖြစ်စေ၊ ဆိုး သည်ဖြစ်စေ၊ သက်ရှိထင်ရှားရှိနေ သေးတဲ့ တစ်စုံတစ်ယောက်ရဲ့ နေ ရာကနေ ကျွန်တော်တို့ရဲ့ သရုပ် ဆောင်မှုက အဲဒီလူတွေ ဘာတွေ လုပ်ခဲ့တယ်။ ဘယ်လိုအခက်အခဲ တွေ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ တရား ဝင် မှတ်တမ်းတွေ ဖြစ်လာပါလိမ့် မယ်’’ ဟု တွမ်ဟန့်စ်က ပြော သည်။သို့သော် ကွယ်လွန်သူ၏ ဇာတ်ကောင်နေရာတွင် သရုပ် ဆောင်ခြင်းက ပိုမိုလွယ်ကူ ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိအနေဖြင့် လက်တွေ့ဘဝ၌ ထိုလူများနှင့် ပြန်လည်တွေ့ဆုံရ မည်မဟုတ်သောကြောင့် ဖြစ် ကြောင်း ၎င်းကပြောသည်။

တွမ်ဟန့်စ်သည် ပြီးခဲ့သည့် လက ထွက်ရှိသည့် ‘The Post’ ရုပ် ရှင်ဇာတ်ကားတွင်လည်း ကျော် ကြားသော သတင်းစာဆရာကြီး ဘန်ဘရစ်လီနေရာမှ ပါဝင်သရုပ် ဆောင်ခဲ့သည်။

သတင်းစာဆရာကြီး ဘန်ဘ ရစ်လီသည် The Washington Post သတင်းဌာန၌ ၁၉၆၈ မှ ၁၉၉၁ အထိ အမှုဆောင်အယ်ဒီ တာအဖြစ် ထမ်းဆောင်ခဲ့ပြီး (၉၃) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ယင်းဇာတ်ကားတွင် တွမ်ဟန့်စ်နှင့်အတူ အမေရိကန် မင်းသမီး မာရီစထရိပ်လည်း ပါဝင် သရုပ်ဆောင်ထားပြီး ထိုဇာတ် ကားသည် ဗီယက်နမ်စစ် ပွဲအတွင်း အမေရိကန်၏ နိုင်ငံရေး၊ စစ်ရေး ပါဝင်လှုပ်ရှားမှုအကြောင်း ဖော်ပြ ထားသည့် Pentagon Papers စာတမ်းကို ဖွင့်ချခဲ့သည့် The Washington Post နှင့် The New York Times သတင်းဌာနမှ ဂျာနယ်လစ်များအကြောင်း  ပုံ ဖော်ရိုက်ကူးထားခြင်းဖြစ်သည်။

—Ref:Contactmusic

Top News