ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ်မှ သမ္မတဘဝသို့ တက်လှမ်းလာသူ (သို့မဟုတ်) ဂျော့ဂ်ျဝီယာ

ရွေးကောက်ခံလိုက်ဘေးရီးယားသမ္မတဂျော့ဂ်ျဝီယာ (Thierry Gouegnon / reuters)

ခရစ္စမတ်တွင် ဂျော့ဂ်ျဝီယာအ တွက် ဘဝတစ် လျှောက်လုံးစာ အမှတ်တရရှိနေ မည့် လက်ဆောင်ကိုရရှိခဲ့သည်။ ခရစ္စမတ်အပြီး ဒီဇင်ဘာ ၂၆ ရက် တွင် ပြုလုပ်သည့် လိုက်ဘေးရီး ယား ရွေးကောက်ပွဲ၌ ဝီယာအောင် ပွဲခံခဲ့ပြီး လိုက်ဘေးရီးယား၏ သမ္မတသစ်ဖြစ်လာရန် သေချာ သွားခဲ့သည်။ တစ်နည်းအားဖြင့် ဝီယာသည် မတူညီသော နယ် ပယ်နှစ်ခုတွင် အမြင့်ဆုံးအဆင့် တက်လှမ်းနိုင်သည့် မှတ်တမ်း သစ်ကို ပိုင်ဆိုင်လာခြင်းဟုလည်း ဆိုနိုင်သည်။

ရှေ့မီနောက်မီ ဘောလုံး ပရိသတ်များအနေဖြင့်မူ ဝီယာ၏ အမည်ကို ကောင်းစွာ ရင်းနှီးနှင့်ပြီး ဖြစ်သည်။ လိုက်ဘေးရီးယား လက်ရွေးစင်တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြခဲ့သည့် ဝီယာသည် အာဖ ရိကတိုက်မှ ထွက်ပေါ်လာဖူးသမျှ အထွန်းပေါက်ဆုံး ဘောလုံးကြယ်တစ်ပွင့်အဖြစ်လည်း ရပ်တည်ခဲ့ဖူး သည်။ ၁၉၉၅ တွင် ၎င်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ချီးမြှင့်သည့် တစ်နှစ်တာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု နှင့် Ballon d’Or ဆုများကို ဆွတ်ခူးခဲ့သည်။ အာဖရိကတိုက်ကို ကိုယ်စားပြုပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရှိဖူးသည်မှာ သမိုင်းတစ်လျှောက် ဝီယာတစ်ဦး တည်းသာ ရှိခဲ့ဖူးသည်။ ဘောလုံးအားကစားတွင် တစ်ဦးချင်း ထူးချွန် မှုအတွက် အမြင့်ဆုံးမှတ်တမ်းကို ရေးထိုးခဲ့ပြီးနောက် ယခုအခါနိုင်ငံရေးနယ်ပယ်တွင်လည်း ဝီယာတစ် ယောက် အထွတ်အထိပ်စင်မြင့်သို့ တက်လှမ်းလာပြီ ဖြစ်သည်။

ယခုလိုအားကစားနယ်ပယ်တွင်ရော၊ နိုင်ငံရေးနယ်ပယ်တွင် ပါ အမြင့်ဆုံး အောင်မြင်မှုများကို လက်ဝယ်ပိုင်ပိုင် ရယူပြခဲ့သည့်ဝီယာသည် ကျောထောက်နောက် ခံ ကောင်းကောင်းနှင့် ဘဝ၏ လှေကားထစ်များကို သက်သောင့် သက်သာ လျှောက်လှမ်း မြင့်တက်လာခဲ့သူတော့ မဟုတ်ချေ။ လိုက်ဘေးရီးယားရှိ သန်းပေါင်းများစွာ သော ကလေးငယ်များနည်းတူ ဆင်းရဲနုံချာလွန်းသော ငယ်ဘဝကို ဝီယာတစ်ယောက် ဖြတ်သန်းခဲ့ရသည်။ သို့သော် ၎င်း၏ ရည်မှန်းချက်များ၊ စိတ်အားထက်သန်မှုများသည် နိမ့်ကျဆိုးရွားလွန်းသည့် ပတ်ဝန်းကျင်ကြောင့် မည်သည့်အခါကမျှ အရောင်မှိန်မသွားခဲ့ ချေ။


YOUTUBE

ဝီယာကို ၁၉၆၆ အောက်တိုဘာ ၁ ရက်က ကလာရာတောင်း မြို့ရှိမွန်ရိုဗီးယား ကျူးကျော်ရပ်ကွက် တွင် မွေးဖွားခဲ့သည်။ ယခုအခါ အသက် (၅၁) နှစ်ရှိပြီဖြစ်သည်။ ဝီယာ၏ ဇာတိ မွန်ရိုဗီးယားသည် လိုက်ဘေးရီးယား၏ အနုံချာဆုံး၊ အဆင်းရဲ အမွဲတေဆုံး လူနေဧရိ ယာများအနက် တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ လူနေမှု အဆင့်အတန်းလည်း အလွန်နိမ့်ကျလွန်း သည်။ မွန်ရိုဗီးယားတွင် ထိုအချိန် က လူပေါင်းခုနစ်သောင်းခွဲခန့် နေထိုင်သော်လည်း အိမ်သာဟူ၍ ၁၁ လုံးမျှသာ ရှိခဲ့သည်။

ဝီယာသည် လိုက်ဘေးရီး ယား၏ လူနည်းစု ကရူတိုင်းရင်း သား အနွယ်ဝင်တစ်ဦးဖြစ်သည်။ ဖခင်က စက်ပြင်ဆရာ တစ်ဦးဖြစ်ပြီး  မိခင်က ဈေးရောင်းသည်။ ဝီယာတွင် မွေးချင်းညီအစ်ကို သုံးဦးလည်း ရှိသေးသည်။ ဝီယာငယ်စဉ်ကပင် မိဘများ လမ်းခွဲခဲ့ပြီး ခရစ် ယာန်ဘာသာဝင် အဘွားဖြစ်သူ၏ စောင့်ရှောက်သွန်သင်မှုဖြင့် ကြီးပြင်းလာသည်။ ပညာကို ကြိုးစားသင်ယူခဲ့သော်လည်း တက္ကသိုလ်နောက်ဆုံးနှစ်တွင်မူ ကျောင်းထွက် ခဲ့ရသည်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝထဲ မဝင်ရောက်မီက ဝီယာတစ်ယောက် ဆားကစ်ဘုတ်များကို ပြင်ဆင်ရ သည့် အလုပ်သမားအဖြစ် အသက်မွေးခဲ့ရသည်။

လိုက်ဘေးရီးယား ကလပ်အချို့တွင် ကျင်လည်ခဲ့ပြီးနောက် ၁၉၉၂ တွင် ဝီယာအတွက် ဘဝတစ်ဆစ်ချိုးရန် လမ်းစပေါ်လာသည်။ ထိုစဉ်က ပြင်သစ်ကလပ် မိုနာကိုအသင်း၏ နည်းပြအဖြစ် တာဝန်ယူနေသည့် အာစင်ဝင်းဂါး၏ ခေါ်ယူ မှုကြောင့် ဝီယာတစ်ယောက် ဥရောပဘောလုံးလောကသို့ ခြေချလာနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် အခြား ပြင်သစ်ကလပ် တစ်ခုဖြစ်သည့် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့ ပြန်သည်။ ပြင်သစ်တွင် ကစားနေသည့် ကာလများ၌ ဝီယာအနေဖြင့်လူမျိုးရေး ခွဲခြားစော်ကားမှု အပါအဝင် ဖိစီးမှုမျိုးစုံကို စိတ်ဓာတ် ကြံ့ခိုင်စွာ တွန်းလှန်ရင်း မိမိကိုယ်ကို အရောင်တင်နိုင်အောင် ကြိုးစားခဲ့ သည်။ ၁၉၉၅ တွင် ကမ္ဘာကျော်အီတလီကလပ် အေစီမီလန်သို့ ပြောင်းရွှေ့ခဲ့သလို ကမ္ဘာ့အ ကောင်းဆုံးဘောလုံးသမား ဆုရှင်လည်း ဖြစ်လာသည်။ ထို့နောက်ပိုင်းတွင် ချယ်လ်ဆီး၊ မန်ချက်စ တာစီးတီး၊ အိုလံပစ်မာဆေးလ်နှင့် အယ်လ်ဂျာဇီးယား အသင်းများထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၀၃ တွင် ဘောလုံးသမား ဘဝကို အဆုံးသတ်ခဲ့သည်။


မွန်ရိုဗီးယားမြို့တွင် ကလေးစစ်သားဟောင်းများနှင့် ဘောလုံးကစားနေသော ယူနီဆက်ချစ်ကြည်ရေးသံတမန် ဂျော့ဂ်ျဝီယာကို ၂၀၀၄ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-EPA)

ဝီယာသည် ကျေးဇူးသိတတ် သူတစ်ဦးဖြစ်ရာ ၎င်း၏ ဘဝကိုပြောင်းလဲပေးခဲ့သည့် ဝင်းဂါးကို လည်း ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပမည့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အထူးဧည့် သည်တော်အဖြစ် ကြွရောက် ချီး မြှင့်ရန် ဖိတ်ကြားခဲ့သည်။ သို့သော် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၏ မန်နေဂျာအဖြစ် တာဝန်ယူထားသော ဝင်းဂါးအနေ ဖြင့် တပည့်ဟောင်း၏ ဂုဏ်ယူစရာ အခမ်းအနားသို့ တက်ရောက် ဖြစ်မဖြစ် မသေချာသေးချေ။

လေးနှစ်ကျော် ကြာမြင့်ခဲ့ သည့် လိုက်ဘေးရီးယား (ဒုတိယ)ပြည်တွင်းစစ်သည် ၂၀၀၃ ဧပြီလတွင် အဆုံးသတ်သွားခဲ့သည်။ ထိုအချိန်တွင် ဘောလုံးသမားဘဝ မှ အနားယူခဲ့ပြီး ဖြစ်သည့် ဝီယာ တစ်ယောက် နိုင်ငံရေးနယ်ပယ် ထဲ ဝင်ရောက်ရန် စိတ်ပိုင်းဖြတ် လိုက်သည်။ အားကစားဖြင့် နိုင်ငံ့ ဂုဏ်ကို ဆောင်ခဲ့ခြင်းကြောင့် လည်း ဝီယာသည် လိုက်ဘေးရီးယား၏ အမျိုးသားသူရဲကောင်း တစ်ဦးသဖွယ် ပြည်သူအများ ချစ်ခင်လေးစားမှုကို ခံနေရသည်။ ၎င်းသည် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးပါတီကို ထူထောင်ကာ ၂၀၀၅ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ် ပြိုင်ရန် ကြေညာခဲ့သည်။

သို့သော် ဝီယာ၏ ပညာရေး နောက်ခံ အားနည်းချက်က အတိုက်အခံများ ထောက်ပြ ထိုးနှက်စရာ ဟာကွက်တစ်ခု ဖြစ်နေသည်။ရွေးကောက်ပွဲတွင် ရေပန်းစား သည့် သမ္မတလောင်းတစ်ဦး ဖြစ်ခဲ့သော်လည်း ဟားဗတ်တက္ကသိုလ် ဘွဲ့ရ ပြိုင်ဘက်ဖြစ်သူ အယ်လန်ဂျွန်ဆင်ဆာလိဖ်ကို ဝီယာရှုံးနိမ့်သွားသည်။ ဆာလိဖ်သည် အာဖရိ ကတိုက် သမိုင်းတစ်လျှောက်တွင် အမျိုးသမီးတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ရွေးကောက်ခံနိုင်ငံခေါင်းဆောင်အဖြစ်လည်း မှတ် တမ်းဝင်ခဲ့သည်။

ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ခြင်းကြောင့် ဝီယာတစ်ယောက် အကြီးအကျယ် စိတ်ဓာတ်ကျသွား ခဲ့သည်။ သို့သော် အားမလျှော့ခဲ့ချေ။ ၎င်း၏ အားနည်းချက်များကို ပြန်လည်သုံးသပ်သည်။ နိုင်ငံရေး နယ်ပယ်တွင် ပိုမိုသိမြင်နှံ့စပ် အောင် ကြိုးစားသည်။ ၂၀၁၁ ရွေးကောက်ပွဲတွင် ဆာလိဖ်ကို နောက်တစ်ကြိမ်စိန်ခေါ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပြန် ချေ။ ထိုစဉ်က အတိုက်အခံအင် အားစုများ စုပေါင်းပြီး ညှိနှိုင်းမှုအရ ဝင်စတန် တက်ဘ်မန်း၏ ဒုတိယ သမ္မတလောင်းအနေဖြင့်သာ ဝီ ယာက ရွေးကောက်ပွဲဝင်ဖြစ်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။


TWITTER / GeorgeWeahOff

၂၀၁၆  ဧပြီလတွင်မူ ဝီယာကလိုက်ဘေးရီးယား၏ သမ္မတနေရာ အတွက် ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ရန် ဆန္ဒရှိကြောင်း အ တည်ပြုကြေညာခဲ့သည်။ အမှန်တကယ်လည်း အပတ်တကုတ် အား ထုတ်ပြီး လွှတ်တော်ထဲတွင်ရော၊ ပြည်သူအများ ကြားတွင်ပါ ၎င်းအပေါ် ထောက်ခံမှု မြင့်တက်လာ အောင် ကြိုးစားသည်။ ၂၀၁၇ ရွေးကောက်ပွဲတွင်မူ သက်တမ်းနှစ် ကြိမ်ဆက် တာဝန်ယူထားသည့် လက်ရှိသမ္မတဆာလိဖ် ပြန်လည် ယှဉ်ပြိုင်ခွင့်မရတော့ချေ။ ရွေး ကောက်ပွဲတွင် ဝီယာသည် ဆာ လိဖ်က ထောက်ခံသည့် လက်ရှိ အစိုးရအဖွဲ့ ဒုတိယသမ္မတဖြစ် သူ ဂျိုးဆက်ဘိုအာကိုင်ကို မဲအပြတ်ဖြင့် အနိုင်ရကာ လိုက်ဘေးရီး ယား၏ (၂၅) ဦးမြောက် သမ္မတ အဖြစ် သေချာစေခဲ့သည်။

လေ့လာသူများက ဝီယာ၏ အစိုးရသည် ပြည်သူများထံမှ အလွန်မြင့်မားသည့် မျှော်လင့်ချက်များကို ရင်ဆိုင်ရဖွယ် ရှိနေကြောင်း မှတ်ချက်ပေးခဲ့သည်။ အထူးသဖြင့်ဆာလိဖ်အစိုးရ၏ ဒုတိယသက် တမ်းအတွင်း ယိမ်းယိုင်လာသည့် နိုင်ငံစီးပွားရေးကို ပြန်လည်တည့်မတ်ရန်အတွက် အစိုးရသစ်အပေါ် ဖိအားများစွာရှိလာနိုင်သည်။ ဝီယာက နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်း လုပ်ကိုင်နေသည့် စိုက်ပျိုးရေး ကဏ္ဍကို ပိုမို မြှင့်တင်ရန်နှင့် စိုက်ပျိုးရေး ထုတ်ကုန်များ တင်ပို့မှု ပိုမိုတိုးတက်စေရန် အဓိကထားဆောင်ရွက်မည်ဟု ၎င်း၏စီးပွားရေးမူဝါဒကို ပြောကြားခဲ့ သည်။

‘‘ဂါနာလည်း ပို့ကုန်တွေ တင်ပို့နေတယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း တူတူပဲ။ လိုက်ဘေးရီးယားဟာ ပို့ကုန်ကဏ္ဍကို မြှင့်တင်နိုင်တဲ့ အလားအလာနဲ့ အ ရည်အသွေးတွေ ရှိနေပါတယ်။ကျွန်တော်တို့ ဒါကို ရုပ်လုံးပေါ် အောင် လုပ်ဖို့လိုတယ်’’ဟု ၎င်းကဆိုသည်။ ထို့အပြင် မိမိ၏ အစိုးရ သည် လိုက်ဘေးရီးယား၏ ဘက်ပေါင်းစုံမှ ယိုယွင်း ပျက်စီးနေသည့် အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းမြှင့်တင် ပေးရန် ကြိုးစားသွားမည်ဟုလည်း ကတိပြုခဲ့သည်။

သမ္မတသစ်ဖြစ်လာတော့ မည့် ဝီယာအတွက် အစိုးရက သက်တော်စောင့်များ ထားရှိပေးသလို လုံခြုံရေးအစီအမံသစ်များ ကြပ်မတ်ပေးထားသည်။ သို့သော် ဆင်းရဲသား လူမမယ် ကလေးငယ် တစ်ဦးဘဝမှ လူတကာမမျှော်မှန်းနိုင်သည့် အမြင့်ဆုံးအောင်မြင် မှုများ ရရှိသည်ထိ လောကဓံ ဖြစ်ရပ်ပေါင်းစုံကို ကြုံတွေ့ဖြတ်သန်း ထားသူ တစ်ယောက်အတွက်မူ ကိန်းကြီးခန်းကြီးနိုင်သည့် အ ပြောင်းအလဲများအပေါ် သာယာ မိန်းမောနေဟန် မရှိချေ။

‘‘ကျွန်တော့်ရာထူးက ကျွန်တော့်ပင်ကိုစရိုက်ကို သက်ရောက် လာတာမျိုး မဖြစ်စေချင်ဘူး။ အရင်လိုပဲ ကျွန်တော့်ဝန်ထမ်းတွေနဲ့ ရယ်ရယ်မောမော၊ နောက်နောက် ပြောင်ပြောင်နေမယ်။ ပျော်ပျော် ရွှင်ရွှင်အလုပ်လုပ်မယ်။ ဟုတ်တယ်။ သမ္မတဖြစ်လာခြင်းကြောင့်ကျွန်တော်ပြောင်းလဲမသွားစေရ ပါဘူး’’ဟု ဝီယာက ပြောကြားသွား သည်။     

Ref:Reuters, VOA