FDA ကျေးရွာအဆင့် ပညာပေးဟောပြောပွဲ ပထမဆုံးအကြိမ်ကျင်းပမည်

ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာ များတွင် ကျန်းမာရေးအသိပညာ ပေးဟောပြောပွဲများကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ယခုလမှ စ၍ ဆောင်ရွက်မည် ဖြစ်သည်။

ကျေးလက်ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာ ရေးနှင့်ညီညွတ်သော အစားအ သောက်များ ရွေးချယ်စားသုံးနိုင်ရေး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများကို ပထမဆုံးအကြိမ်ဆောင်ရွက်ခြင်းဖြစ်သည်။

‘‘ကျေးရွာအဆင့် ပညာပေး ခြင်းကို ပထမဆုံးလုပ်တာ။ အရင်က ဟောပြောပွဲတွေ ရှိတယ်ဆို တာ ခရိုင်အနေနဲ့ အုပ်စုလိုက် ဆင်းပြီး လုပ်တာ မဟုတ်ဘဲနဲ့ တစ်ယောက်သွားလိုက်ပြီး လုပ်တာ မျိုးလေးတော့ရှိတယ်။ ဒါပေမဲ့ အခုကတော့ အင်နဲ့အားနဲ့ကိုသွားပြီး ဟောပြောပွဲလုပ်ဖို့အတွက် စီစဉ်တာပေါ့’’ဟု FDA  ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ပြောသည်။

ယင်းဟောပြောပွဲကို FDA၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ စည်ပင်၊ ရဲတပ်ဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။  ခရိုင်အလိုက်ဆောင်ရွက်ရန် စီစဉ်ထားပြီး တစ်ခရိုင်လျှင် ကျေးရွာ ခြောက်ခုမှ ဆယ်ခု ပါဝင်မည်ဖြစ်သည်။

အဆိုပါဟောပြောပွဲတွင် အ စားအသောက်၊ ဆေးဝါး၊ အလှ ကုန်များနှင့်ပတ်သက်၍ ကျန်းမာ ရေးအသိပညာများ ဟောပြော ခြင်း၊ အသိပေးစာစောင်များဖြန့် ဝေခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။

Top News