ပဲခူးတိုင်းဝန်ကြီးနှစ်ဦးနုတ်ထွက်စာတင်၊ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ အပြောင်းအလဲဆက်လက်ပြုလုပ်မည်

နှစ်ရက်အတွင်း ၀န်ကြီးချုပ်တစ်ဦး နှင့် ၀န်ကြီးသုံးဦးကို တရားဝင်နုတ်ထွက်ခွင့်ပြု ကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေညာပြီး နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး နှစ်ဦးလည်း နုတ်ထွက်စာတင်ထားကာ အစိုးရ အဖွဲ့အတွင်းအပြောင်းအလဲများ ဆက်လက်ရှိ ဦးမည်ဟု ပါတီနှင့်ရင်းနှီးသော သတင်းရင်းမြစ် အချို့က ပြောသည်။

ပဲခူးတိုင်းဒေသကြီး သယံ ဇာတ၊ သစ်တောနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး ကျော်မင်းဇံ၊ စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီးဦးမောင်မောင် လွင်တို့သည် ဇန်န၀ါရီ ၁၀ ရက် ညနေက သမ္မတရုံးသို့ နုတ်ထွက် စာတင်ထားကြောင်း ၀န်ကြီးဦး ကျော်မင်းဇံက 7Day Daily သတင်းစာအား ယမန်နေ့က အတည်ပြုပြောကြားသည်။

တစ်ချိန်တည်းတွင် အာဏာ ရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုကော်မတီဝင်မုံရွာ အောင်ရှင်က အစိုးရအဖွဲ့ဝင်များ ကို ပြောင်းသင့်ပြောင်းထိုက်၍ ပြောင်းလဲခြင်းဖြစ်ပြီး ထပ်မံ လည်း ပြောင်းလဲနိုင်ကြောင်း နေ ပြည်တော်၌ သတင်းထောက်များ နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

‘‘နိုင်ငံရေးပါတီတစ်ခုပဲဖြစ် ဖြစ်၊ အစိုးရမှာပဲဖြစ်ဖြစ် အချိန် ကန့်သတ်မှုတစ်ခု အတောအ တွင်းမှာ တာဝန်ပေးထားတဲ့လူ တွေဟာ တာဝန်ယူမှု၊ တာဝန်ခံ မှု ဘယ်လောက်ရှိသလဲ၊ ဘယ် လောက်စွမ်းဆောင်နိုင်သလဲဆို တာကို ကြည့်ပြီးတော့ အပြောင်း အလဲတွေလုပ်ကြရတာ’’ ဟု ဒီ ချုပ်ပါတီ ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာ အောင်ရှင်ကပြောသည်။

ယင်းသို့ အပြောင်းအလဲပြု လုပ်ရခြင်းသည် စွမ်းဆောင်ရည် (ပြည်သူလူထုအတွက် အကျိုးပြု နိုင်မှု)၊ အကျင့်ပျက်ခြစားမှုနှင့် လူမှုရေးပြဿနာများ၊ ကျန်းမာ ရေးအခြေအနေ စသည့်အချက် သုံးချက်ကို အဓိကကြည့်ရှု၍ ပြောင်းလဲခြင်းဖြစ်ကြောင်း မုံရွာ အောင်ရှင်က ဆက်လက်ပြော သည်။

ထို့အပြင် တိုင်းနှင့်ပြည် နယ်အစိုးရအဖွဲ့ အပြောင်းအလဲများမှာ ဆက်လက်ရှိဦးမည်ဟု ပါတီနှင့်နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ဒီချုပ်အစိုးရ သက်တမ်း ၂ နှစ်ပြည့်ခါနီးတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့် ၀န်ကြီးဦးဘဟိန်း၊ မကွေးတိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးနှစ်ဦးဖြစ်သည့် ဦးစိုးမြင့်နှင့် ဦးနေမျိုးကျော်တို့ကို ၎င်းတို့၏ သဘောဆန္ဒအလျောက်နုတ် ထွက်ခွင့်ပြုကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

ပဲခူးတိုင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးနှစ်ဦးကလည်း သမ္မတရုံး ထံနုတ်ထွက်စာပေးပို့ထားပြီး ၎င်း တို့ကို ပါတီက နုတ်ထွက်စာတင် ရန်လမ်းညွှန်ခဲ့ကြောင်း ကာယကံ ရှင်ဦးကျော်မင်းဇံက ပြောကြား သည်။

‘‘(တိုင်းဒေသကြီး)ပါတီတာ ၀န်ခံက နုတ်ထွက်ဖို့ပြောတာပေါ့ ဗျာ။ နှုတ်နဲ့အသိပေးတယ်။ အဲဒီ တော့ ကျွန်တော်က ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ကို အတည် ပြုချက်ရယူတယ်။ ဟုတ်တယ်။ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ် တယ်။ ကျွန်တော်တို့ပြောစရာမရှိ ပါဘူး’’ ဟု ၎င်းကရှင်းပြသည်။

ဦးကျော်မင်းဇံက နုတ်ထွက် ခိုင်းသည့်အကြောင်းရင်းကို ပါ တီဗဟိုအလုပ်အမှုဆောင်တစ်ဦး ထံ မေးမြန်းရာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ပြန်လည်ဖြေကြားပြီး အသေး စိတ်အချက်အလက်ကို ပြော ကြားခြင်းမရှိကြောင်း ၎င်းကဆို သည်။ နုတ်ထွက်ရန်လမ်းညွှန်ခံရ သည့် ၀န်ကြီးနှစ်ဦးနှင့်ပတ်သက် ၍ ပါတီသို့တိုင်ကြားချက်မရှိ ကြောင်းနှင့် အဖွဲ့ဖြင့်စစ်ဆေးမှု၊ ခေါ်ယူမေးမြန်းမှုမျိုးလည်းမရှိ ကြောင်း ဦးကျော်မင်းဇံက ဆက် လက်ပြောသည်။

ဒီချုပ်ပါတီအစိုးရအဖွဲ့ဝင် များနှင့် လွှတ်တော်ကိုယ်စားလှယ် များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကမူ လက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန် ကြီးများအပြောင်းအလဲကို အုပ် ချုပ်ရေးပိုင်းက ပြုလုပ်ခြင်းဖြစ် ကြောင်း ပြောကြားသည်။

ယင်းသို့ပြုလုပ်ခြင်းသည် အစိုးရ၏ စွမ်းဆောင်ရည်ကို တိုး မြှင့်ရန်လုပ်ဆောင်သည့် ဆောင် ရွက်ချက်တစ်ခု ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က မှတ်ချက်ပြု သည်။

ပဲခူးတိုင်းအစိုးရအဖွဲ့မှ နုတ် ထွက်စာတင်ထားသောဝန်ကြီး နှစ်ဦးစလုံးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များဖြစ်ပြီး ၀န်ကြီးတာ ၀န်မှရပ်နားချိန်တွင် လွှတ်တော် ကိုယ်စားလှယ်နှင့်ပါတီဝင်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဦးကျော်မင်းဇံက ပြောသည်။

သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်သည့်သက်တမ်းအတွင်း စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ဦးကျော်မင်းဇံက ‘‘စနစ်တကျ တော့ ကျွန်တော်တို့အများကြီး လုပ်နိုင်တယ်။ လူထုရဲ့ဖွံ့ဖြိုးတိုး တက်မှုလည်း အထိုက်အ လျောက်ဖြစ်လာတယ်။ ကျေး လက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေအ များကြီးလုပ်ဆောင်လာနိုင်တာရှိ တယ်’’ ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသည် ၂၀၁၈ အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအ ဖွဲ့များ၏ စွမ်းဆောင်ရည်ကို မြှင့် တင်ရန် ရည်မှန်းချက်ထားသဖြင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအ ပြောင်းအလဲကို ဆက်လက်ပြု လုပ်နိုင်ဖွယ်ရှိကြောင်း ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။