နိုင်ငံတကာပြပွဲများသို့ မြန်မာ့လက်မှု အနုပညာများ သွားရောက်ပြသမည်

 နိုင်ငံတကာတွင် ကျင်းပ နေသည့် ကုန်စည်ပြပွဲများ မြန်မာ့ လက်မှုအနုပညာများ သွားရောက်ပြသရန် စည်းဝေးဆုံးဖြတ်ခဲ့ ကြောင်း မြန်မာ့လက်မှုအနုပညာ အသင်းဥက္ကဋ္ဌ ဦးသာဓုက ပြော သည်။

ဇန်နဝါရီ ၆ ရက်က ကျင်းပ သည့် လက်မှုအနုပညာအသင်း အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘အိမ်နီးချင်း အာဆီယံနိုင်ငံ တွေမှာလုပ်တဲ့ ကုန်စည်ပြပွဲတွေ ကို သွားရောက်ဖို့ ဆွေးနွေးခဲ့တာပါ။ ထိုင်းနိုင်ငံကို ပိုမိုသွား ရောက်ပြသတာရှိပေမယ့် ဒီအ ပြင် အိမ်နီးချင်း နိုင်ငံတွေကိုပါ တိုးချဲ့ပြသဖို့ပါ’’ ဟု ဦးသာဓုက ဆိုသည်။

၂၀၁၈ ဧပြီအတွင်း ထိုင်း နိုင်ငံနှင့် မလေးရှားနိုင်ငံတွင် ပြု လုပ်မည့် ကုန်စည်ပြပွဲကို သွား ရောက်ပြသရန် စီစဉ်နေပြီး ပွဲလုပ်မည့်ရက်ကို ပွဲကျင်းပခါနီးအချိန် မှသာ သိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် စည်စက်မှုအသင်းများမှတစ်ဆင့် ကုန်စည်ပြပွဲတွင် ရရှိမည့် ပြခန်း အရေအတွက် သိရမည်ဖြစ်ပြီး မည်သည့်ပစ္စည်းများ သွားရောက် ပြသမည်ကို အသင်းသား များနှင့် တိုင်ပင်ရဦးမည်ဖြစ်ကြောင်း ဦးသာဓုက ဆိုသည်။

၂၀၁၇ အတွင်း မြန်မာ့လက် မှုပစ္စည်းဈေးကွက် အတန်ငယ် နည်းပါးနေပြီး ၂၀၁၈ အတွင်း ဈေးကွက်ကောင်းရန် နိုင်ငံ၏ စီးပွား ရေးအနေအထားနှင့် ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုအပေါ် မူတည်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ့လက်မှုပစ္စည်း ဈေး ကွက်တွင် နိုင်ငံတော်စီမံကိန်းအ ဆောက်အအုံများ၊ ဟိုတယ်သုံး ပစ္စည်းများ၊ လက်ဆောင်ပေးခြင်း နှင့် တစ်နိုင်တစ်ပိုင်ရောင်းချသည့် ဈေးဆိုင်များကို ပြည်တွင်းဈေး ကွက်ဟုခေါ်၍ ခရီးသွားဧည့်သည် များကို ရောင်းချမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့် ပြည်ပဈေး ကွက်ဟူ၍ နှစ်မျိုးရှိသည်။

လက်ရှိ တွင် တစ်နိုင်တစ်ပိုင် လက်ဆောင်ပစ္စည်းများ ရောင်းချ သည့် ဈေးဆိုင်များကို အဓိက အားထားနေရကြောင်း ဦးသာဓု က ပြောသည်။

သစ်သားပန်းပု၊ သစ်သား အချောထည်၊ ကြိမ်ထည်ပစ္စည်း များ၊ လက်ကိုင်အိတ်၊ ဖိနပ်၊ ဝါး ထည်ပစ္စည်းများ၊ ကျောက်စီပန်း ချီကား၊ ငွေထည်ပစ္စည်းများ၊ ကနုကမာဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများ၊ မှန်စီရွှေချပစ္စည်းများ စသည့်မြန်မာ့လက်မှုပစ္စည်းများ ရောင်းချရမှုများပြားကြောင်း မြန်မာ့လက်မှုအနုပညာအသင်းဥက္ကဋ္ဌက ဆို သည်။

More in Business Section