ကျောင်းအသုံးစရိတ်တွေ ဟန်ချက်ညီအောင် သုံးစေလို

(တစ်)

ယခုရက်ပိုင်းအတွင်း ကျွန်တော့် ခေါင်းထဲသို့ ဝင်ရောက်လာနေ တတ်သည့်ကိစ္စတစ်ခုက ကျောင်း တွေအတွက် နိုင်ငံတော်ကချပေး သည့် ဘတ်ဂျက် (Budget)ငွေ ကိစ္စပဲဖြစ်ပါသည်။ အပြည့်အဝ မဟုတ်တောင် အသင့်အတင့် လောက်ရှိသော ငွေပမာဏတွေ ကိုတော့ဖြင့် ကျောင်း၌လိုအပ်တာ တွေသုံးဖို့ နှစ်စဉ်လိုလိုအမြဲချပေး တတ်ပါသည်။ ကျောင်း၌ လိုအပ် တာတွေသုံးဖို့ဟူသော သဘော ဖြင့် အထက်က ချပေးသော ပိုက် ဆံ။ ပညာရေးရင်းနှီးမြှုပ်နှံမှု၌ ငွေ အများအပြားသုံးစွဲခြင်းရှိ၊ မရှိက အဆိုပါနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု နှင့် တိုက်ရိုက်အချိုးကျပါသည်။  ပညာရေးလုပ်ငန်း(သို့မဟုတ်) ပညာရေးအစီအစဉ်၌ ငွေအများ အပြားသုံးစွဲလေ ထိုနိုင်ငံဖွံ့ဖြိုးတိုး တက်လေဟူသည့်သဘော။ သို့ သော် သည်နေရာတွင် စဉ်းစားစရာတွေ ရှိလာပြန်ပါသည်။ နိုင်ငံတော်က ချပေးသည့် ဘတ်ဂျက် (Budget) ငွေကို ပညာရေး၏ ဘယ်နေရာ၌ သုံးစွဲမလဲဟူသော အမေး။ ငွေတွေကို ပညာရေးလုပ် ငန်း၌ ဖြစ်ပြီးရော ဟူသည့် သဘောဖြင့် သုံးစွဲချင်တိုင်း သုံးစွဲလို့မရပါ။

ဥပမာ-ဆေးသားတွေ ကွာ ကျနေပြီဖြစ်သည့် ကျောင်းအ ဆောက်အအုံကို အသစ်ပြန်လည် မွမ်းမံချင်သည့်အတွက် ထိုတစ် နေရာတည်းတွင်ပဲ ငွေတွေပုံအော သုံးစွဲနေခြင်းမျိုးသည် ဘယ်လိုမှ မဖြစ်သင့်ပါ။ ကျောင်း၌ လိုအပ် နေသည့် အရာအားလုံးတွင် သင့် တင့်မျှတစွာ ဘတ်ဂျက်(Budget) ငွေသုံးစွဲပေးရမှာပဲ ဖြစ်ပါသည်။ တကယ်ကို သုံးစွဲရမည့် မဖြစ်မနေ ဖြည့်ဆည်းထောက်ပံ့ပေးရမည့် နေရာတွေကိုတော့ ဦးစားပေး ဘတ်ဂျက် (Budget) ငွေသုံးစွဲ ထောက်ပံ့ပေးရပါမည်။ ငွေကိုင် သည့် သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ၊ ဆရာမတွေအနေဖြင့် အဓိ ကနှင့် သာမညကိုတော့ ခွဲခြားသိဖို့ လိုအပ်ပါလေပြီ။ ဉာဏ်အတိမ်အ နက်က ပညာရေးဖွံ့ဖြိုးတိုးတက်မှု ၏အမှတ်သင်္ကေတ...။

(နှစ်)

ကျွန်တော်ရှေ့နားမှာ ပြောခဲ့ ပါသည်။ ကျွန်တော်တို့သုံးစွဲသည့် နေရာက အမှန်တကယ်ထိရောက် မှုရှိသည့် နေရာဖြစ်ဖို့ပဲ လိုအပ်ပါ သည်။ တစ်နည်းအားဖြင့် ပညာ ရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဖြစ် မနေသုံးကို သုံးစွဲရမည့်နေရာ။ ကျွန်တော်တို့ အဓိကဘတ်ဂျက် (Budget)ငွေသုံးစွဲပေးရမည့်နေ ရာက လူတွေအတွက်။ တစ်နည်း ဆိုသော် ကျောင်းသား၊ ကျောင်း သူတွေအတွက်။ တစ်ချိန်က အာရှမှာ ကျွန်းဆွယ်နိုင်ငံလေးတစ်နိုင်ငံ မျှသာ ဖြစ်ခဲ့သော စင်ကာပူသည် ယနေ့ကမ္ဘာမှာ အာရှကျားဖြစ်လာ ခဲ့သည်မှာ လူတွေကို အရင်ဦးဆုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးခဲ့ လို့ပဲ မဟုတ်ပါလား။ ဒါကို စာဖတ် ပြည်သူလူထုလည်း မျက်မြင်အသိ။

စနစ်တွေ၊ ခေတ်တွေ၊ မူတွေ ဘယ်လောက်ပဲ ကောင်းကောင်း ဒါကို အကောင်အထည်ဖော် ဆောင်ရွက်မည့်လူတွေကိုယ်တိုင် က မကောင်းလျှင် ဘာကိုမှ လုပ် မရပါ။ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ ဖြိုးမှုရှိမလာသည့် အဓိပ္ပာယ်။ တစ်နည်းဆိုသော် မူတွေ ဘယ်လောက် ကောင်းကောင်း လူမကောင်းလျှင် ဘာမှလုပ်မရဟူသော သဘော။ လူတွေ (တစ်နည်းအားဖြင့်) ကျောင်းသား၊ ကျောင်းသူတွေ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေမည့်နေရာတွေ မှာ ငွေသုံးစွဲမှသာလျှင် ကျွန်တော် တို့ ပညာရေးအနည်းငယ်ဦးမော့ လာမှာပဲဖြစ်ပါသည်။ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ဘာလုပ်ဖို့ အထူးလိုအပ်ပါ သ နည်း။ အဖြေက ရှင်းပါသည်။ စာ ဖတ်ကြဖို့ အင်မတန် လိုအပ်ပါ သည်။

စာပေဖတ်ရှုမှသာ ဘဝအသိ ဉာဏ်ပညာမြင့်မားလာမှာပဲ ဖြစ် ပါသည်။ ကိုယ်ချင်းစာတရားတွေ ထားတတ်ဖို့။ ဖေးမနားလည် ရိုင်းပင်းကူညီတတ်ဖို့၊ အပေးအယူ တွေ မျှတဖို့၊ တာဝန်ယူတတ်မှု၊ တာဝန်ခံတတ်မှုတွေရှိဖို့ စသည် စသည်ဖြင့် ထားတတ်ဖို့၊ ရှိဖို့ဆို လျှင် စာအုပ်စာပေတွေ ဖတ်ရှုဖို့ အထူးလိုအပ်လာပါပြီ။ ကွယ်လွန် သွားပြီဖြစ်သည့် တေးရေး၊ တေး ဆိုဆရာ ထူးအိမ်သင်က သူ့သီချင်း စာသားတစ်နေရာတွင် ယခုလို ရေးဖွဲ့ခဲ့ဖူးပါသည်။ ‘ဉာဏ်ပညာ ရယ် ချစ်ခြင်းတရား’ တဲ့။ ဟုတ်ပါ သည်။ ဉာဏ်ပညာတွေရရှိဖို့၊ ချစ် ခြင်းမေတ္တာတရားတွေ ထားတတ် ဖို့ဆိုလျှင် ကဗျာတွေ၊ ဝတ္ထုတွေ၊ရသစာတမ်းတွေ၊ ဆောင်းပါးတွေ၊ ဂီတတွေ၊ ရုပ်ရှင်တွေ၊ ပြဇာတ်တွေက ပညာရေးဖွံ့ဖြိုးတိုး တက်မှု၏ အရေးအပါဆုံးသော သူရဲကောင်း ကျောင်းသား၊ ကျောင်းသူတွေ၊ စာအုပ်စာပေတွေ ဖတ်ရှုဖို့ဆိုလျှင် ဘာလုပ်ပေးဖို့ လိုအပ်ပါ သနည်း။

သည်အမေး၏ အဖြေက လည်း ရှင်းပါသည်။ စာကြည့်တိုက်ရှိဖို့ အထူးလိုအပ်ပါသည်။ စာ ကြည့်တိုက်ရှိရုံနဲ့မရပါ။ စာအုပ် တွေ ပြည့်စုံမှုရှိဖို့လည်း အင်မတန် လိုအပ်ပါသည်။ အငယ်တန်းဆို အငယ်တန်းနှင့်ပတ်သက်သည့် စာအုပ်တွေရှိဖို့၊ အလယ်တန်းဆို အလယ်တန်းအသက်အရွယ်တွေ နှင့် လိုက်လျောညီထွေမှုရှိမည့် စာအုပ်တွေဖြစ်ဖို့၊ အထက်တန်း ဆို အထက်တန်းကျောင်းသား၊ ကျောင်းသူတွေ၏ဉာဏ်ရည်နှင့် လိုက်မည့် စာအုပ်တွေဖြစ်ဖို့ စသ ဖြင့် လိုအပ်ပါသည်။ စာအုပ်တွေ ကို ထိန်းသိမ်းစောင့်ရှောက်ပေး မည့်၊ စနစ်တကျထားသိုစီစဉ်ပေး မည့် စာကြည့်တိုက်မှူးကောင်း ကောင်းတစ်ဦးရှိဖို့လည်း လိုအပ် ပါသည်။ တစ်နည်း ပြောရလျှင် စာအုပ်တွေကို ချစ်သော၊ စာပေကို ဖတ်ရှုခံစားအရသာသိနားလည် သောသူကို စာကြည့်တိုက်မှူးအ ဖြစ်ခန့်ဖို့ လိုအပ်ပါသည်။ တွေ့က ရာလူခန့်လို့မရပါ။ ခန့်မိလျှင် စာ ကြည့်တိုက်သက်ဆိုးမရှည်နိုင်ပါ။ အပတ်စဉ် အချိန်ဇယားထဲ၌လည်း ကလေးတွေ စာဖတ်ကြဖို့ အချိန် တစ်ခု သီးသန့်ထားပေးဖို့ လိုအပ် ပါသည်။

ပညာသာတတ်ပြီး ဘယ်သူ့ ကိုမှ ထောက်ထားစာနာခြင်းမရှိ သော လူတွေဖြစ်မလာဖို့ စာအုပ် စာပေတွေက အကောင်းဆုံးလမ်း ညွှန်ဆရာတွေပဲဖြစ်ပါသည်။ တစ် ခုရှိသည်က ကလေးတွေ စာဖတ် ကြစေလိုလျှင် ဦးဆောင်သူဆရာ၊ ဆရာမတွေ ကိုယ်၌က ရှေ့ဆောင် လမ်းပြစာဖတ်ပြဖို့၊ စာအုပ်စာပေ တွေက အသိဉာဏ်ပညာအတွက် ဘယ်လို အထောက်အပံ့ပေး ကြောင်း စသဖြင့် ပြောပြဖို့ အင်မ တန်လိုအပ်ပါသည်။ ထို့ကြောင့် ကျွန်တော် အဓိကထားပြောချင် သည်မှာ နိုင်ငံတော်က ကျောင်း တွေအတွက် ချပေးသည့် ဘတ် ဂျက် (Budget)ငွေများထဲ၌ တချို့ တလေကို ကျောင်းစာကြည့်တိုက် အတွက် မဖြစ်မနေသုံးကို သုံးစွဲ ပေးရပါမည်။ အနာဂတ်ရင်းနှီးမြှုပ် နှံမှုအတွက်၊ ယခုလက်ရှိလည် ပတ်မောင်းနှင်နေသည့် ပညာရေး စနစ်က ကျောင်းစာကြည့်တိုက်အ တွက် ငွေတွေကော သုံးစွဲကြပါ လေစ။ စဉ်းစားကြည့်ချင်စရာတွေ ပဲ ဖြစ်ပါသည်။ သက်ဆိုင်ရာတာ ဝန်ရှိသူတွေအနေဖြင့် ကျောင်းစာ ကြည့်တိုက်အတွက် ငွေသုံးစွဲပေး ကြပါလို့ စေတနာရှေ့ထားစကား ဆိုချင်ပါသည်။

(သုံး)

စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှု၊ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် အားက စားလေ့လာလိုက်စားဖို့ အင်မတန် လိုအပ်ပါသည်။ တစ်နည်းအား ဖြင့် ကျန်းမာရေးနှင့်အညီ ညီညွတ်စွာနေထိုင်တတ်ဖို့၊ ပြောချင်သည် မှာ ကျောင်းတွေ၌ အားကစားလုပ် ခွင့်ပေးဖို့ အထူးလိုအပ်သလို အား ကစားပစ္စည်း အပြည့်အစုံရှိဖို့ လည်း အင်မတန်လိုအပ်ပါသည်။  အခု ကျွန်တော်တို့ပညာရေးဖြစ် နေသည်က လိုအပ်နေသည့် အား ကစားပစ္စည်းတွေ ထပ်မဝယ်ပေး သည့်အပြင် ရှိသည့် အားကစား ပစ္စည်းတွေတောင် သိမ်းဆည်း ထားသည့်သဘော။ ဘာအားက စားမှ လုပ်ခွင့်မပေးသော ပညာ ရေး။ လိုချင်လိုက်သည်က ဘက်စုံ ဖွံ့ဖြိုးတိုးတက်သော ပညာရေး။ လက်ရှိ အကောင်အထည်ဖော်နေ သည်က အပြောတစ်မျိုး၊ အလုပ် တစ်မျိုး။ ခုတ်ရာတလွဲ ရှရာတခြား ဆိုသည့်အဖြစ်။ ကာယအချိန်မှာ လည်း စာ။ စာမှစာ။ ကြက်တူရွေး ပညာရေး။ ဝမ်းနည်းဖို့ ကောင်း သည့်အဖြစ်။

အားကစားရာသီဖြစ်သည့် ဒီဇင်ဘာလဆို မြို့နယ်ပေါင်းစုံ၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ တွေ တသီတတန်းကြီးရှိသည်။ ကစားကွင်းမရှိသည့် ကျောင်းတွေ က ကစားကွင်းရှိသည့် ကျောင်း တွေဆီသို့ သွားပြိုင်ရသည်။ သည်မှာလည်း အဖြစ်က ရင်နင့်စရာ။ သွားပြိုင်သည့် ကလေးတွေ၊ လိုက်ပေးသည့် ဆရာ၊ ဆရာမတွေကို ပြည့်ပြည့်စုံစုံ ထောက်ပံ့မှုမပေး။ ကလေးတွေမှာ ရတာလေးနဲ့ ဖြစ် သလို ပြိုင်နေရသည့်အဖြစ်။ ချို့ချို့တဲ့တဲ့။ ကျောင်းတွေက အားကစားပြိုင်ပွဲအတွက် ထောက်ပံ့တာက မဖြစ်စလောက်။ မစို့မပို့။ ဆင်ပါးစပ် နှမ်းပက်နေသည့်အဖြစ်။ ဆရာ၊ ဆရာမတွေမှာ ကိုယ့်စရိတ် ကိုယ်ခံပြီး သွားပြိုင်နေရသည့် အ ဖြစ်တွေက အကြိမ်ကြိမ်အခါခါ။ တစ်ခါမှ ကိုယ့်အိတ်ကပ်ထဲက မစိုက်ခဲ့ရသည့် အဖြစ်တွေ မရှိ။ သွားပြိုင်တိုင်း စိုက်ခဲ့ရသည်ချည်း။

သည်လိုတွေ အကြိမ်ကြိမ် အခါခါ ဖြစ်လာတော့ အားကစား ပြိုင်ပွဲဆို ဆရာ၊ ဆရာမတွေခမျာ အလိုလို လန့်လာတော့သည်။ မပြိုင်ဘဲနေလို့ရလျှင် သွားမပြိုင် ဖြစ်တော့။ အားကစားအပေါ်မှာ လည်း စိတ်ဝင်စားမှု မရှိပါလေ တော့။ ရသည့် လစာတစ်သိန်း ရှစ်သောင်းကျော်ကျော် (အထက် တန်း)က အိမ်ထောင်ရှိသည့် ဆရာ၊ ဆရာမတွေအတွက် ဘယ် လိုမှ မလောက်င။ လစာက မက် လောက်စရာမရှိ။ သည်ကြားထဲ တခြားကိစ္စတွေမှာ ကိုယ့်အိတ် ကပ်ထဲက ပိုက်ဆံစိုက်ထုတ်ရမယ် ဆိုတော့...။ စဉ်းစားကြည့်စေချင် သည်။ သည်နေရာတွင် အတွန့် တက်စရာ ရှိလာပြန်ပါသည်။ ဆရာဆိုတာ အနစ်နာခံရမယ် မဟုတ်ဘူးလား၊ ပီတိကိုစား အား ရှိရမယ်မဟုတ်ဘူးလားဟူ၍။ ကျွန်တော်စကားတစ်ခွန်းပြန်ပြောချင် ပါသည်။ ကျွန်တော့်စကားမဟုတ် ပါ။ ဝေဖန်ရေးဆရာ ဆရာမောင် စွမ်းရည်ပြောသောစကား။ ‘ဆရာ တွေဆိုတာ ပီတိကိုစား အားရှိပါ ၏ လို့ ရှေ့တုန်းက ဆိုထားတယ် မဟုတ်လား။ ဒါပေမဲ့ ယနေ့ခေတ် မှာ ပီတိကိုစားလည်း အားမရှိနိုင် တော့ပါကြောင်း၊ ပီတိကိုစား လည်း ဘာမှ လုပ်မရနိုင်တော့ပါ ကြောင်း’ တဲ့ခင်ဗျာ။ ဘာပဲပြော  ပြော ကျွန်တော်ကတော့ ကြိုက် သည်။ ကျွန်တော်တို့ဆရာ၊ ဆရာ မဘဝတွေကို စာနာနားလည်ပေး စေချင်သည်။

ထားတော့။ ဆိုလိုချင်သည် မှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုအတွက် အားကစားဘက်တွင် လည်း ငွေတချို့တလေ သုံးစွဲပေး ပါလို့ သက်ဆိုင်ရာတာဝန်ရှိသူ တွေကို မေတ္တာရပ်ခံပါသည်။ ဘယ်ပြိုင်ပွဲပဲဖြစ်ဖြစ် သွားပြိုင် သည့် ကျောင်းသား၊ ကျောင်းသူ တွေ၊ နောက်ပြီး လိုက်ပေးသည့် ဆရာ၊ ဆရာမတွေကိုလည်း ပြည့် ပြည့်စုံစုံလေးထောက်ပံ့ပေးပါလို့ ထပ်ဆိုချင်ပါသည်။ သြော်...ဒီလို မှ မဟုတ်ဘဲ ပညာရေးဒုံရင်းက ဒုံရင်းအတိုင်း ဆိုလျှင်တော့...။ အားလုံးလွမ်းကြပေဦးပေါ့။

(လေး)

သြော်...ပညာရေးမှာ နိုင်ငံ တော်က ချပေးသည့်ငွေတွေ ဘယ် နေရာကို အဓိကသွားသင့်သလဲ ဆိုတာတော့ သက်ဆိုင်ရာတာဝန် ရှိသူတွေ၏ ဉာဏ်အတိမ်အနက် ဖြစ်ပါကြောင်း...။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)