အခါလွန်မိုးရက်စက်လေသည်

အခါလွန်မိုးကြောင့် ပျက်စီးသွားသော ယာခင်းမှ ရေများကို ဖောက်ထုတ်ရန် ကြိုးစားနေသော တောင်သူတစ်ဦး

ယခုနှစ်သစ်တွင် သဘာဝကပေးသည့် လက်ဆောင်သည် လယ်သမားကြီး ကိုပြည့်ဖြိုးဝင်းအတွက် ခါးသီးစရာများပြည့်နက်နေသည်။ နှစ်သစ်၏ ပထမဆုံးရက်ကတည်းက ရွာလိုက်သည့် အခါလွန်မိုးက တစ်ညလုံး၊ တစ်နေ့လုံး တစ်စိမ့်စိမ့် ရွာသွန်းနေသည်မှာ လေးရက် မြောက်ရှိခဲ့ပြီ။

 ဆောင်းလယ်သို့ရောက်မှ ရွာသည့် အခါလွန်မိုးက ထုံးစံအ တိုင်း သီးနှံပင်တို့ကို အနည်းနှင့် အများ ဖျက်ဆီးတတ်ရာ ကိုပြည့် ဖြိုးဝင်း၏ စပါးခင်းများလည်း အခါ လွန်မိုးကြောင့် ပျက်စီးခဲ့သည်။

 ‘‘စပါးတွေ ရေနစ်ကုန်ပြီ။ အညှောင့်တွေ ပေါက်ကုန်တာ ပေါ့။ နေလှန်းမယ်ဆိုလည်း ဆန် တွေက မှိုတက်ပြီး စားမကောင်း တော့ဘူး။ ဆန်သားတွေလည်း ကြေကုန်တော့ ရောင်းလို့လည်း မရတော့ဘူး။ ကိုယ်စိုက်ထားတာ လေးဆိုတော့ ရသလောက် ရိတ် သိမ်းရဦးမှာပါပဲ’’ဟု မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် တတိုင်းရှည် ကျေးရွာသား ကိုပြည့်ဖြိုးဝင်းကဆိုသည်။

ယခုစိုက်ပျိုးရာသီတွင် သူ စပါးစိုက်သည့် ငါးဧကအနက် ရိတ်သိမ်းရန် နောက်ကျကျန်ခဲ့သည့် သုံးဧကသည် အခါလွန်မိုးနှင့် ထိပ် တိုက်တိုးခဲ့သည်။ တစ်ဧကကို အ မြန်ရိတ်သိမ်းနိုင်ခဲ့သော်လည်း နှစ်ဧကသည် ပျက်စီးမှုများနှင့် ကြုံတွေ့နေရပြီဖြစ်သည်။

‘‘တစ်ဧကကို စိုက်ပျိုးစရိတ် အောက်ထစ်ဆုံး နှစ်သိန်းခွဲ လောက်ရှိတယ်။ အခုတော့ ဆုံး ပြီလေ’’ဟု ၎င်းက ညည်းတွားပြော ဆိုသည်။

 မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန် ချက်အရ တရုတ်နိုင်ငံဘက်မှ ရွေ့ လျားလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်ဘက်မှ ရွေ့လျားလာသော လေနွေးများ ကြောင့် လေထုမငြိမ်မသက်မှုဖြစ် ကာ  ဇန်နဝါရီ ၁ ရက်က စတင်၍ လေးရက်ခန့်ဆက်ပြီး အချိန်အခါ မဟုတ် မိုးများ နိုင်ငံအနှံ့ ရွာသွန်းခဲ့သည်။ ယင်းအခါလွန်မိုးကြောင့် သီးနှံများ နိုင်ငံအနှံ့ ထိခိုက်ပျက် စီးမှု ကြုံခဲ့ပြီး တောင်သူများအထိ နာခဲ့ရသည်။

အခါလွန်မိုးကြောင့် ရိတ်သိမ်းနေဆဲ စပါးများ၊ စိုက်ပျိုး ထားသည့် ကြက်သွန်၊ ဖရဲ၊ သခွားနှင့် ပန်းစိုက်ခင်းများ ထိခိုက်ပျက်စီးခဲ့သည်။

၎င်းတို့ကျေးရွာတွင် စပါးစိုက်ဧက အများအပြား ရိတ်သိမ်းပြီး စီးနေပြီဖြစ်သော်လည်း သက်ကြီး စပါးများနှင့် စိုက်ပျိုးချိန်နောက်ကျ ၍ ကျန်နေသည့် စပါးခင်းအချို့ မိုးကြောင့် ပျက်စီးခဲ့သည်ဟု ကို ပြည့်ဖြိုးဝင်းကပြောသည်။ ၎င်း၏ ခန့်မှန်းချက်အရ တစ်ရွာလုံးတွင် စပါးစိုက်ဧကသုံးဆယ်ခန့် မိုးနှင့်ကြုံခဲ့ရသည်ဆိုသည်။

‘‘စက်နဲ့ရိတ်တဲ့ လယ်တွေ သိမ်းကုန်ပြီ။ လက်ရိတ်တွေပဲ ကျန်တာ။ ရိတ်ပြီးသားတွေများ တယ်။ ရိတ်ပြီး စိုနေတော့ အခင်း ထဲမှာပဲ နေလှန်းတဲ့ သဘောထား တာ။ ပြီးရင် အခင်းထဲမှာပဲ ကောက်ရိတ်ပြီးပြီဆိုမှ အိမ်ကို စပါးတွေသယ်တာပေါ့။ ခုက ကောက်လှိုင်းတွေ ရေနစ်ကုန် တာ’’ဟု ၎င်းကပြောသည်။

အခါလွန်မိုးက သူ့စပါးခင်း တင်မက ပန်းခင်းများကိုပါ ပျက်စီးစေခဲ့ပြန်သည်။ သူ၏ ဂန္ဓာမာပန်းများမှာ မိုးကြောင့် အရောင်ညစ်ညစ်ဖြစ်သွားပြီး ရောင်းပန်းမလှတော့သဖြင့် ထိခိုက်ရပြန်သေး သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ဘုတလင်နှင့် ကနီမြို့နယ်တို့တွင် ဧက ၁၇၀ ခန့် အထိ ဖရဲ၊ သခွားစိုက်ပျိုးနေသူ ဦးသစ္စာကလည်း အခါလွန်မိုး ကြောင့် စိုက်ခင်းများ ပျက်စီးကာ အရှုံးပေါ်မည့်အခြေအနေ ဖြစ်နေပြီဟုဆိုသည်။ မိုးကြောင့် စိုထိုင်းဆများခြင်းက သီးနှံများကို ပျက်စီးစေသည်။

သခွားသီးများတွင် စပေါ့ဟု အရပ်ခေါ်သည့် အနက်ရောင်အ ပြောက်များပေါ်နေပြီး ရောင်းပန်း မလှဖြစ်နေသည်။ ထို့အတူ ဖရဲ သီးများတွင်လည်း အသီး၏ ချက် နေရာမှ အစေးများထွက်ခြင်း၊ မိုး ကြောင့် ရေသောက်များပြီး ကွဲ အက်ခြင်းတို့ ကြုံနေရသည်။ ထို့ ကြောင့် ပယ်သင့်သည့်အသီးများ ကိုပယ်၍ တရုတ်သို့ တင်ပို့မည့် အသီးများကို အထူးရွေးချယ်နေရ ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် လေနှင့် မြေတို့ တွင် စိုထိုင်းစမြင့်နေသဖြင့် အ ပင်များလည်း ခါးရိကာ ညှိုးသည့် ရောဂါ၊ ရွက်ခြောက်ရောဂါတို့ ဖြစ်ပေါ်နေကြောင်း စိုက်ခင်း ဓာတ်ပုံများကို ပြသရင်း ၎င်းကဆိုသည်။ ဓာတ်ပုံများထဲတွင် သူ၏ဖရဲနှင့် သခွားခင်းများသည် ရွက်ဝါအများအပြားကို တွေ့နေရသည်။

ထို့ကြောင့် ယခုရာသီတွင် ဖရဲ၊ သခွားအထွက်လျော့ကျနေပြီ ဟု ၎င်းကဆိုသည်။ ပုံမှန်တစ် ဧကလျှင် ၁၇ တန်ခန့် ထွက်ရာမှ ရှစ်တန်၊ ကိုးတန်ခန့်သာ ထွက် တော့မည်ဟု ၎င်းက ခန့်မှန်းသည်။ ထို့အပြင် စစ်ကိုင်းတိုင်းတစ်တိုင်း လုံးတွင်လည်း အထွက်နှုန်းသည် ပုံမှန်ထက် ထက်ဝက်ခန့်ကျနိုင် ကြောင်း ခန့်မှန်းပြောဆိုသည်။ သူက စစ်ကိုင်းတိုင်း ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ ဒုဥက္ကဋ္ဌလည်းဖြစ် သည်။

‘‘ပထမတစ်သုတ် နိုဝင်ဘာ တုန်းကလည်း မိုးကြောင့် ရှစ်လ ပိုင်း၊ ကိုးလပိုင်းစိုက်တဲ့ အခင်း တွေ ပျက်စီးတယ်။ အခုလည်း ထပ်ဖြစ်ပြန်တယ်။ ဒီနှစ်ကတော့ တောင်သူတွေ ဒုက္ခရောက်တဲ့နှစ် ပဲ’’ဟု ဦးသစ္စာက ညည်းတွား သည်။

 အထွက်နှုန်းကျသော ကြောင့် ဖရဲ၊ သခွားများ ဈေးတက် လာနိုင်သော်လည်း အထွက်နှုန်း နည်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရ သည်များကို ကာမိနိုင်ရန် မလွယ် ကြောင်း ၎င်းကဆိုသည်။ စစ်ကိုင်း တိုင်းတွင် ဖရဲ၊ သခွားစိုက်ဧက ငါးသောင်းခန့်ရှိပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ကာ ပြည်တွင်း ဈေးကွက်သို့ အနည်းငယ်သာ ရောက်ကြောင်း ၎င်းကဆိုသည်။ ထို့ကြောင့် ယခုနှစ်တွင် တရုတ် သို့ ဖရဲ၊ သခွား တင်ပို့မှု ကျဆင်း နိုင်သည်ဟုဆိုသည်။

အခါလွန်မိုးကြောင့် ထိခိုက် ပျက်စီးခဲ့သည့်အထဲတွင် ဆောင်း ကြက်သွန်နီ စိုက်ခင်းများလည်း ပါဝင်သည်။ ကြက်သွန်စိုက်ပျိုးမှု များသည့် ဒေသများဖြစ်သော မကွေးတိုင်းအတွင်းရှိ ဆိပ်ဖြူ၊ ပေါက်၊ ပခုက္ကူမြို့နယ်တို့ရှိ ကြက် သွန်းခင်း ဧကရာချီ၍ ပျက်စီးခဲ့ သည်။

မိုးကြောင့် ချင်းတောင်တန်း များမှ မြစ်ဖျားခံလာသည့် ယော ချောင်းရေများတိုးကာ ချောင်းနံ ဘေးရှိ ဆိပ်ဖြူ၊ ပေါက်၊ ပခုက္ကူမြို့ နယ်တို့၌ ကြက်သွန်နှင့် အခြား ဆောင်းသီးနှံစိုက်ခင်းများ ရေနစ် မြုပ်ခဲ့သည်။

 မိုးကြက်သွန်များ ဈေး ကောင်းရခဲ့၍ ရှိသမျှအကုန်ထုတ် ရောင်းကာ ဆောင်းကြက်သွန်အတွက် အရင်းအနှီးအားစိုက်၍ စိုက်ပျိုးခဲ့ရာမှ မိုးကြောင့်ထိခိုက်မှု ပိုခံရကြောင်း ယောချောင်းနံဘေး ရှိ ဆိပ်ဖြူမြို့နယ် ကမ်းပိုင်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

အပင်ပေါက်များ ဖြစ်နေ သည့် ကြက်သွန်ခင်းများအတွင်း မှ ရေများကို အလျင်အမြန်ပြန် ထုတ်နေရကြောင်း ၎င်းကဆို သည်။ ဇန်န၀ါရီ ၅ ရက်တွင် ရေ ပြန်ကျစပြုနေပြီ ဖြစ်သော်လည်း ထိခိုက်ပျက်စီးမှုကို ခန့်မှန်းရခက် နေသေးကြောင်း ဆက်လက်ပြော သည်။

‘‘အခုက ရေကျအပြီးနောက် ဆက်တွဲပြဿနာတွေဖြေရှင်းနေရသေးတယ်။ မြေဩဇာကျွေးရ တယ်။ ဆေးဝါးတွေသုံးနေရတယ် ဗျ။ ဒါတောင်ပြန်ကောင်းဖို့ မသေ ချာဘူး’’ဟု ၎င်းကဆိုသည်။

ရေနစ်မှုကြောင့် ကြက်သွန် အချို့ ပုပ်ပြီးပျက်စီးသွားသော် လည်း ပျိုးဈေးကြီးမြင့်မှုကြောင့် ထပ်မံစိုက်ပျိုးရန် မတတ်နိုင်ကြ တော့ကြောင်းလည်း ပြောသည်။ သမ၀ါယမချေးငွေကို ချေးယူစိုက် ပျိုးခဲ့သူများ ယခုနှစ်တွင် ပြန်ဆပ် ရန် ခက်ခဲတော့မည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ကမ်းပိုင်ကျေးရွာတွင် အ ရှေ့ရွာ၊ အနောက်ရွာဟုနှစ်ရွာရှိ ရာ နှစ်ရွာစလုံးတွင် ဧက ၁,၀၀၀ ခန့်အထိ ရေမြုပ်ခဲ့ကြောင်း ကမ်း ပိုင်အနောက်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။ လက်ရှိတွင် ရေပြန်ကျ၍ စိုက်ခင်း အားလုံး ပြန်ပေါ်လာပြီဖြစ်ပြီး ကြက်သွန်ပင်များ ရွံ့အနည်များ တင်ပြီး ခါးချည့်မှုများဖြစ်နေ ကြောင်း ၎င်းကဆိုသည်။

‘‘ဧက ၂၀၀၊ ၃၀၀ လောက် ကတော့ လုံးလုံးပျက်ပြီ။ ကျန်တဲ့ အခင်းတွေကတော့ စောင့်ကြည့် နေတုန်း’’ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကြော့မင်းရွာနေ ကြက်သွန်စိုက် တောင်သူတစ်ဦးက ၎င်းတို့ဒေသ တွင် ကြက်သွန်ခင်းများ ရေနစ် မြုပ်ခဲ့ကြောင်း ပြောသည်။

‘‘ကြက်သွန်စိုက်တာကတော့ အိမ်ထောင်ကြီး၊ အိမ်ထောင်နု အ ကုန်အားခဲပြီး တစ်ဧက သုံးသိန်း နဲ့ပေးပြီး ရွာနားပတ်ချာလည် မြေ ယာတွေ ငှားစိုက်ပျိုးကြပါတယ်။ အကုန်လုံးလည်း နစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

အထက်ပိုင်းကျသည့် စိုက် ခင်းများမှာ ရေဖောက်ချ၍ရသော် လည်း အောက်ပိုင်းအခင်းများ သည် ရေကိုစက်များဖြင့် မောင်း ထုတ်နေရကြောင်း ၎င်းကဆို သည်။ ရေဖောက်ချသည့်ကိစ္စများ နှင့်ပတ်သက်ပြီး တောင်သူများ ကြား ပြဿနာအချို့ပင် ဖြစ်ရ ကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် စိုက်ခင်းများ၏ သုံးပုံ၊ နှစ်ပုံခန့် ရေထုတ်ပြီးသော် လည်း ကျန်အခင်းများ ရေရှိနေ သေးကြောင်း ၎င်းကဆိုသည်။ ထိ ခိုက်ပျက်စီးနိုင်မည့် အခြေအနေ လည်း မသိရသေးဘဲအကောင်းအ ဆိုး ၅၀ ရာခိုင်နှုန်းစီဖြစ်ကြောင်း ၎င်းကဆိုသလို စိတ်ပျက်အား လျော့နေပုံပေါ်နေသည်။

 ‘‘နောင်ဖြစ်မယ့် အကျိုး ဆက်ရလဒ်က ဘာဖြစ်မယ်မသိရ သေးဘူး။ ကုလားပဲခင်းတွေက တော့ သေချာတယ်။ ပျက်ပြီ။ ကြက်သွန်လည်း မလွယ်ဘူးထင် တာပဲဗျာ’’ဟု ၎င်းကဆိုသည်။

ယခုမိုးကြောင့် လက်ရှိပေါ် နေပြီဖြစ်သည့် မိုးကြက်သွန်များ သည် တူးဖော်၍မရသေးသည်က လွဲ၍ ထိခိုက်ပျက်စီးမှုမရှိခြင်း၊ ဆောင်းကြက်သွန်မှာလည်း ထိ ခိုက်ပျက်စီးမှုနည်းသဖြင့် ကြက် သွန်ဈေး အပြောင်းအလဲမရှိနိုင် ကြောင်း မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင် သီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

သို့သော် ယောချောင်းဘေး ရှိ ကြက်သွန်စိုက်ဧက ၅၀၀ ခန့် ရေနစ်မြုပ်နေကြောင်း ဦးခင်ဟန် က ဆိုသည်။

မိုးရွာသည့်ဒဏ်ကို မခံနိုင် သည့်ကုလားပဲကဲ့သို့ ဆောင်းသီးနှံ များလည်း မိုးကြောင့်ထိခိုက်သည့် အထဲတွင် ပါဝင်သည်။ အပွင့်ဝင် နေပြီဖြစ်သည့် ကုလားပဲများမှာ မိုးကြောင့်အပွင့်ကြွေပြီး အသီး သီးနှုန်းလျော့ကျကြောင်း ဦးသစ္စာ က ပြောသည်။ ဦးသစ္စာသည် ကုလားပဲလည်း စိုက်ပျိုးသူဖြစ် သည်။

 ‘‘အရင်းသီးလေးတွေပဲသီး တယ်။ အဖျားသီးတွေက မသီး တော့ဘူး။ တစ်ပင်ကို ၅၀ သီးရ မယ်ဆိုရင် ၂၀ လောက်ပဲသီးတော့ တာပေါ့။ နောက်ကျမှ စိုက်တဲ့သူ ဆိုရင် သီးတောင်မသီးတော့ဘူး’’ ဟု ၎င်းကပြောသည်။

မတ်ပဲ၊ ကုလားပဲ စသည့် ဆောင်းသီးနှံပဲများအနေဖြင့် ယခု မိုးရွာသွန်းမှုကြောင့် နေရာအ လိုက်အချို့မိုးလိုနေသည့်နေရာ များတွင် အဆင်ပြေသော်လည်း အချို့နေရာများတွင် ပျက်စီးမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေး မှူး ဦးမင်းကိုဦးကပြောသည်။

‘‘အညာဒေသက ဆောင်းပဲ သီးနှံတွေက မိုးမကြိုက်ဘူး။ အဲဒါ တွေတော့ ထိခိုက်နိုင်တယ်။ အ ချိန်အခါမဟုတ် မိုးကတော့ ကောက်ပဲသီးနှံတွေကို ထိခိုက်တာ ပါပဲ’’ဟု ၎င်းကပြောသည်။ မိုး ကြောင့် နောက်ဆက်တွဲပိုးမွှား ရောဂါများကိုလည်း စောင့်ကြည့် ရဦးမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

အခါမဲ့မိုးကမူ ဤမျှဖြင့် ရပ် တန့်မသွားသေးပါ။ ဘင်္ဂလားပင် လယ်အော် အရှေ့တောင်ပိုင်းတွင် ဇန်န၀ါရီ ၆ ရက်ကစ၍ လေဖိ အားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် လာပြီး ဇန်န၀ါရီ ၇ ရက်အထိ ဆက်လက်တည်ရှိနေသည်ဟု မိုး လေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

လေဖိအားနည်းရပ်ဝန်း အ ရှိန်ကြောင့် ရှမ်း၊ ကယား၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာ ရီ၊ မန္တလေး၊ မကွေး၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ အချိန်အခါမဟုတ် မိုးရွာ နိုင်သေးသည်။

အခါလွန်မိုးကြောင့် နိုင်ငံ တစ်ဝန်း သီးနှံပျက်စီးမှုအခြေအ နေသိရှိနိုင်ရန် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့ ဆက်သွယ်မေးမြန်းရာ ပျက် စီးဆုံးရှုံးမှု အသေးစိတ်စာရင်း မတက်သေးကြောင်း တာဝန်ရှိသူ များကပြောသည်။

ကိုပြည့်ဖြိုးဝင်းကမူ ယခုနှစ် ရာသီဥတုဖောက်ပြန်မှုသည် ၎င်း တစ်သက်တွင် တစ်ကြိမ်မျှ မကြုံဖူးသည့် ဖောက်ပြန်မှုဖြစ်သည် ဟုဆိုသည်။ ‘‘ငယ်ငယ်လေးက တည်းက တောင်သူလုပ်လာတာ အသက် ၃၀ ရှိပြီ။ ဒါမျိုးတစ်ခါမှ မကြုံဖူးသေးဘူး’’ဟု ၎င်းကဆို သည်။