သားနှစ်ယောက်အဖေဖြစ်လာတဲ့ R ဇာနည်

ဓာတ်ပုံ− KyalKyal

အဆိုတော် R ဇာနည်တို့ ဇနီးမောင်နှံ၏ဒုတိယရင်သွေးကို ဇန်နဝါရီ ၁၀ ရက်က ပန်းလှိုင်ဆေးရုံ၌ မွေးဖွားခဲ့သည်။

‘‘၁၂ နာရီမကျော်ခင်မွေးတာ ဆိုတော့ ဗုဒ္ဓဟူးသားလေးပေါ့။ ပေါင်ချိန်ကတော့ ၆ ပေါင်နဲ့ ၁၄ အောင်စပါ’’ဟု R ဇာနည်က ပြော သည်။ မိခင်ရော ကလေးပါ ကျန်း မာရေးကောင်းမွန်ပြီး သားကြီး ဖြစ်သူ ဉာဏ်ဘုန်းဇာနည်(ခေါ်) ဖစ်ဖစ်တုန်နှင့် ရုပ်ဆင်ကြောင်း ၎င်းက ဆိုသည်။

‘‘လောလောဆယ် အိမ်နာ မည်တော့ မပေးရသေးဘူး။ ဖစ် ဖစ်တုန်ကတော့ နာမည်ပေးထား တယ်။ ချစ်ချစ်တုန်ဆိုပြီးတော့။ အဲဒါက မမွေးခင်ကတည်းက အိမ်မှာ ပြောနေတာ။ ချစ်ချစ်တုန်လို့ ပေးမယ် ဆိုပြီး။ သူ့ညီလေးကို တော်တော် ချစ်ရှာတယ်’’ဟု R ဇာနည်က ပြောသည်။

R ဇာနည်နှင့် ဝမ်းတို့သည် အိမ်ထောင်သက် ၁၀ နှစ်ကျော် ပြီး သား ဉာဏ်ဘုန်းဇာနည်က မောင်နှမလိုချင်သောကြောင့် ဒုတိယရင်သွေး ထပ်မံယူခဲ့ကြောင်း ဝမ်းက ဆိုသည်။