ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုကြောင့် တစ်ပတ်အတွင်း လူ ၁၄ ဦးထက်မနည်း သေဆုံး

ဇန်န၀ါရီ ၁၀ ရက်က မြေစာပုံပြိုကျ၍ သေဆုံးသွားသော အလောင်းတစ်လောင်းကို ကူညီကယ်ဆယ်ရေးသမားများက သယ်ဆောင်လာစဉ် (ဓာတ်ပုံ − ကိုသော်)

 ဖားကန့်တွင် မြေစာပုံပြို ကျမှု ထပ်မံဖြစ်ပွားရာ တစ်ပတ် အတွင်း လူ ၁၄ ဦးထက်မနည်းသေဆုံးပြီးနောက် နောက်ထပ်သေဆုံးမှု မဖြစ်ပွားစေရေး အဖြေရှာရန် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တိုက် တွန်းသည်။


ငါးရက်အတွင်း သုံးကြိမ်ပြို ကျမှုအဖြစ် ဖားကန့်မြို့နယ် ဆိပ် မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ ရှိ ပေ ၃၀၀ ခန့်မြင့်သော မြေစာ ပုံတစ်ပုံသည် ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၀ နာရီခန့်က ပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူအချို့ မြေပိသေဆုံးခဲ့သည်။

‘‘မြေပိသွားတာ လူဘယ် လောက်ပါတယ်တော့ မပြောနိုင် သေးဘူး။ ညနေအထိတော့ သုံး လောင်းတွေ့တယ်။ ထပ်ရှာနေ တယ်’’ ဟု ကယ်ဆယ်ရှာဖွေရေး လုပ်နေသည့် သင်္ခါလူမှုကူညီရေး အသင်းမှ ဦးဆိုင်းတောင်က ပြော သည်။

ရုပ်အလောင်းပြန်တွေ့သူ သုံးဦးသည် စစ်ကိုင်းတိုင်းဒေသ ကြီး ပင်လည်ဘူးနှင့် ဂန့်ဂေါမြို့မှ ဖြစ်ပြီး လူ ၁၀ ဦးအထက် မြေပိပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုရေး အဖွဲ့များက ပျောက်ဆုံးသူလူဦး ရေကို အတည်မပြုနိုင်သေး ကြောင်း ပြောသည်။ ပြိုကျမြေစာ ပုံအတွင်း မြေပိသူများကို မြေတူးစက် သုံးစီးဖြင့် ဆက်လက်ရှာဖွေ နေသည်။

ဖားကန့်ဒေသခံ ဦးသောင်း စိန်က ‘‘ကုမ္ပဏီတွေဘက်က မြေစာပစ်တာ စနစ်တကျမဟုတ်သ လို ရေမဆေးတွေကလည်း ကျောက်တွေ့တဲ့နေရာ လိုက်ကြရင်းနဲ့ ဒီ လိုအဖြစ်ဆိုးတွေ ဖြစ်တာ’’ဟု ပြောသည်။

သတ်မှတ်ထားသော မြေစာ ပုံပစ်ကွင်းတွင် မပစ်ဘဲ နီးစပ်ရာ လစ်လပ်နေရာများ၌ မြေစာပုံနေ သော ကုမ္ပဏီ၏များ၏ လုပ်ရပ် ကို တားဆီးရန်လိုကြောင်း ဦး သောင်းစိန်ကပြောသည်။

ဖားကန့်မြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးဒါရှိလဆိုင်းက မြေစာပုံ ပြိုကျ၍ လူသေဆုံးမှုမကြာခဏ ဖြစ်နေမှုများကို တားဆီးနိုင်ရန် ကျောက်စိမ်းကုမ္ပဏီများသာမ က ရေမဆေးသမားများကိုပါ အုပ်ချုပ်ရေးအဖွဲ့က တင်းကျပ်စွာကိုင်တွယ်ရန် လိုအပ်နေသည်ဟု ပြောသည်။

ဖားကန့်တွင် ဇန်န၀ါရီ ၄ ရက်က တစ်ကြိမ်၊ ဇန်န၀ါရီ ၆ ရက်က တစ်ကြိမ် မြေစာပုံပြိုကျပြီး၁၁ ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာ ရခဲ့သည်။ 

More in Crime Section