စပ်စုမိသမျှ ပိုးလမ်းမ(၃)

(၁)

ပြည့်စုံလှတဲ့ သဘာဝလောကကြီးမှာကိုပဲ ကောင်းကွက်နဲ့ဆိုးကွက်၊ အားနည်းချက်နဲ့ အားသာချက်စသည်ဖြင့် ဒွန်တွဲလို့ နေတတ်ပါတယ်။ ဒါကြောင့် လူ သားရဲ့ ဖန်တီးတည်ဆောက်မှု၊ တွေးခေါ်မြော်မြင်မှု၊ စီမံခန့်ခွဲမှု တွေမှာလည်း အားနည်းချက်၊ အားသာချက်တွေ ရှိမှာအသေအ ချာပါပဲ။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အဆိုပြုခဲ့ပြီး ၂၁ ရာစုပိုး လမ်းမကြီးလို့ လူသိများတဲ့ Belt and Road Initiative နဲ့ပတ်သက် ပြီး ထောက်ခံသူတွေရှိသလို ကန့် ကွက်သူတွေလည်း ရှိပါတယ်။ အဲဒီလို သူ့ဘက်၊ ကိုယ့်ဘက်ပြော ဆိုကြသူတွေအားလုံးမှာလည်း ခိုင်မာတဲ့အကြောင်းပြချက်ကိုယ် စီ ရှိနေကြပါတယ်။


ပိုးလမ်းမစီမံကိန်းနဲ့ ပတ် သက်ပြီး ဝေဖန်ကြတဲ့အထဲမှာ ထူးခြားလှတဲ့ ဝေဖန်မှုတစ်ခုက တော့ တရုတ်တို့တင်ပြတဲ့ Belt and Road Initiative ဆိုတာ ဒုတိ ယကမ္ဘာစစ်ပြီးခါစက အမေရိကန် တွေ ဥရောပတိုက်မှာလူပေါ် လူဇော်လုပ်ဖို့ အကောင်အထည် ဖော်ခဲ့တဲ့ မာရှယ်စီမံကိန်း(Marsh -all Plan) နဲ့တစ်ပုံတည်းဖြစ်နေ တယ်ဆိုတဲ့ စွတ်စွဲချက်ပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ပိုးလမ်းမစီမံ ကိန်းနဲ့ပတ်သက်ပြီး စာဖတ်ပရိ သတ်များ အတွေးနယ်ချဲ့နိုင်စေဖို့ မာရှယ်စီမံကိန်းဆိုတာဘာလဲ၊ အမေရိကန်ရဲ့ မာရှယ်စီမံကိန်းနဲ့ တရုတ်တို့ရဲ့ ပိုးလမ်းမစီမံကိန်း ဘယ်လိုတူညီတယ်ဆိုတာတွေ ကို ဖတ်မိ၊ မှတ်မိ၊ တွေးတောမိ သမျှ စုစည်းလို့ ‘စပ်စုမိသမျှ ပိုး လမ်းမ(၃)’အဖြစ် မျှဝေတင်ပြ လိုက်ရပါတယ်။

(၂)

၁၉၃၉ မှာစတင်ပြီး ၁၉၄၅ အထိဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာ စစ်မှာ အမေရိကန်ဟာ ၁၉၄၂ ရောက်မှ ထဲထဲဝင်ဝင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲခဲ့လို့ပါ။ စစ်ပွဲတစ်လျှောက်လုံးမှာ အမေရိ ကန်အနေနဲ့ စစ်ပွဲထဲပါဝင်ဖို့ထက် စစ်တိုက်နေတဲ့ နိုင်ငံတွေကို လက် နက်ထုတ်ရောင်းပြီး ပိုက်ဆံရှာနေ ခဲ့ပါတယ်။ ဘယ်လ်ဂျီယံလူမျိုး ကနေဒါနိုင်ငံသား သမိုင်းနဲ့ နိုင်ငံ ရေးသိပ္ပံပါရဂူတစ်ဦးဖြစ်သူ ဂျော့ခ်ျပါဝဲလ်(Jacques R.Pauwel) က ‘၂၀ ရာစုအစမှာ အမေရိကမှာ ဖြစ် ပေါ်ခဲ့တဲ့ စီးပွားပျက်ကပ် (Great Depression) ဟာ ဒုတိယကမ္ဘာ စစ်ကြီးအတွင်းမှာ အဲဒီစစ်ပွဲကြီး ကြောင့် ရပ်တန့်ခဲ့ရတယ်ဆိုတာ ဘယ်လိုမှ မငြင်းနိုင်ဘူး’ လို့ ဆိုခဲ့ဖူးပါတယ်။ ကနေဒါနိုင်ငံအခြေ စိုက် ဂလိုဘယ်လိုက်ဇေးရှင်းဆိုင် ရာ သုတေသနအဖွဲ့ကြီး (Centerfor Research on Globalization)က ဖော်ပြခဲ့တဲ့ သူ့ရဲ့ ဆောင်းပါးမှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးတဲ့အခါ ဥရောပမှာရှိတဲ့ နိုင်ငံတော်တော်များများ  စစ်ပန်းကုန်ကြပြီး အမေရိကန်ကတော့ သူဌေးဖြစ်ပြီး ကျန်ခဲ့ပါတယ်။ အမေရိကန်ကို ပခုံးချင်းယှဉ်နိုင်တာဆိုလို့ ဆိုဗီယက်ပြည်ထောင် စုတစ်ခုပဲ ကျန်နေပါတော့တယ်။

စစ်အပြီး ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှုန်းဟာ အင်မတန်နှေးကွေးလှပြီး ၁၉၄၇ ရောက်သည့်တိုင် စစ်မဖြစ်မီ၁၉၃၈ အခြေအနေကို ပြန်မရောက်နိုင်သေးတဲ့ အခြေအနေပါ။ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဟာ ၁၉၃၈ က အခြေအနေရဲ့ ၈၃ ရာခိုင်နှုန်း ပဲရှိပြီး စက်မှုကဏ္ဍကတော့ ၈၈ ရာခိုင်နှုန်းပဲ ရှိပါသတဲ့။ ပြည်ပပို့ ကုန်ပမာဏဟာလည်း ၁၉၃၈ ကပမာဏရဲ့ ၅၉ ရာခိုင်နှုန်းပဲ ရှိခဲ့ ပါတယ်။ ဒီလိုအခြေအနေမှာ ဒုတိယကမ္ဘာစစ်ကြီးကြောင့် စီးပွားရေးအခြေအနေကောင်းခဲ့တဲ့ အမေ ရိကန်အနေနဲ့ ကမ္ဘာကြီးရဲ့ ဦးဆောင်မှုအခန်းကို အရယူဖို့ အခြေနေဖန်လာပါတယ်။

၁၉၄၇ ဇန်န၀ါရီမှာ အမေရိ ကန်သမ္မတ ဟယ်ရီထရူးမင်း (Harry Truman) က အငြိမ်းစား စစ် ဗိုလ်ချုပ်ကြီးဂျော့ခ်ျမာရှယ် (Gorge Marshall) ကို နိုင်ငံခြား ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါ တယ်။ နိုင်ငံခြားရေးဝန်ကြီး မာ ရှယ်အနေနဲ့ အနောက်ဥရောပနိုင် ငံရဲ့ စီးပွားရေးကို မြင့်မားလာ အောင် အမေရိကန်က ငွေကြေး ထောက်ပံ့ပေးဖို့ အစီအစဉ်တစ် ရပ်ကို တင်ပြခဲ့ပါတယ်။ ၁၉၄၇ ဇွန်လ ၅ ရက်မှာ အစီအစဉ်အ ကြမ်းကို တင်ပြခဲ့ပြီး ၁၉၄၈ ဧပြီ  ၃ ရက်မှာ သမ္မတ ထရူးမင်းက လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါ တယ်။ အဲဒီခေတ် အဲဒီအခါက အ မေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ကို အနောက်ဥရောပနိုင်ငံတွေမှာ စစ် ကြောင့် ပျက်စီးယိုယွင်းသွားတာ တွေ ပြန်လည်ပြင်ဆင်၊ ကုန်သွယ် ရေးဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှား၊ စက်မှုလုပ်ငန်းတွေကို ခေတ်မီလာအောင် ဆောင်ရွက်ပြီးဥရောပကို ပြန်လည်ကြွယ်ဝချမ်း သာလာစေဖို့ ကူညီခဲ့ပါတယ်။ တစ်ဆက်တည်းမှာပါလာတဲ့ တ ခြားရည်ရွယ်ချက်တစ်ခုကတော့ ဥရောပမှာ ကွန်မြူနစ်စနစ်အမြစ် မတွယ်နိုင်အောင် ဆောင်ရွက်ဖို့ ပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက အမေရိ ကန်ဒေါ်လာ ၁၃ ဘီလီယံဆိုတာ ၂၀၁၇ ဈေးနှုန်းနဲ့ ပြန်လည်တွက် ချက်ကြည့်ရင် အမေရိကန်ဒေါ် လာ ၁၄၀ ဘီလီယံလောက်ရှိ တယ်လို့ ခန့်မှန်းတွက်ချက်ကြပါ တယ်။ နိုင်ငံခြားရေးဝန်ကြီး မာ ရှယ်က ဦးဆောင်ခဲ့တဲ့ စီမံကိန်း ဖြစ်တာကြောင့် မာရှယ်စီမံကိန်း လို့ အမည်တွင်ပါတယ်။

(၃)

ဟောင်ကောင်တက္ကသိုလ် (University of Hong Kong) ၊ နိုင်ငံတကာလေ့လာရေးဘာသာ တွဲဖက်ပါမောက္ခ ဆိုင်မွန်ရှန်း (Simon Shen) က The Diplomat မဂ္ဂဇင်းမှာ ‘How China's Belt and Road Compares to Marshall Plan’ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို ၂၀၁၆ ဖေဖော်ဝါရီက တင်ပြခဲ့ပါတယ်။ သူက တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းတွေဟာ အာရှ - ပစိဖိတ်ဒေသမှာ ခြေကုပ်ရဖို့ ကြိုးစားလာနေတဲ့ အမေရိကန်ရဲ့ ခြေလှမ်းကိုတန်ပြန်လိုက်တာလို့ သုံးသပ်ပါတယ်။ အဲဒီအချိန်အထိ အမေရိကန်သမ္မတ အိုဘားမား (Barack Obama) ဖြစ်နေတာ ကြောင့် အာရှ-ပစိဖိတ်ဒေသဟာ အမေရိကန်တွေ မျက်စိကျနေတဲ့ ဒေသဖြစ်နေတာပါ။ လက်ရှိ သမ္မတ ဒေါ်နယ်ထရန့်(Donald Trump) လက်ထက်မှာတော့ အခြေအနေက နည်းနည်းပြောင်း သွားပြီလို့ ပြောလို့ရမယ်ထင်ပါ တယ်။ ဆိုင်မွန်ရှန်းက ၁၉၈၈ မှာထုတ်ဝေတဲ့ Diplomatic History ဂျာနယ်မှာဖော်ပြပါရှိတဲ့ ဆောင်း ပါးရှင် Melvyn P.Leffler ရဲ့ The United States and the Strategic Dimensions of the Marshall Plan ဆောင်းပါးကို ညွှန်းဆိုပါ တယ်။ အဲဒီဆောင်းပါးက တင်ပြ ထားတဲ့ အမေရိကန်မာရှယ်စီမံ ကိန်းရဲ့ ရည်မှန်းချက် ငါးခုနဲ့ တရုတ်တို့ရဲ့ ပိုးလမ်းမစီမံကိန်း ရည်မှန်းချက်တွေဟာ ထပ်တူကျ နေတယ်လို့ ဆိုပါတယ်။ ဆိုင်မွန် ရှန်းရဲ့ တင်ပြချက်တွေကို အနှစ် ချုပ်ပြန်လည်တင်ပြပါရစေ။

မာရှယ်စီမံချက်ရဲ့ ပထမဆုံးရည်မှန်းချက်ကတော့ အမေရိကန်ရဲ့ ပြည်ပပို့ကုန်ပမာဏကို မြှင့်တင်ဖို့ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲဝင် မပါဘဲ စီးပွားရှာနေခဲ့တဲ့ အမေရိကန်ဟာ စစ်အပြီးမှာ ရောင်းစရာ ပစ္စည်းတွေပုံနေပေမယ့် ၀ယ်ယူမယ့်သူ မရှိဖြစ်နေခဲ့ ပါတယ်။ ဒါကြောင့် အနောက် ဥရောပနိုင်ငံတွေကို ငွေကြေးတွေ ထုတ်ပေး၊ ထုတ်ချေးပြီး စီးပွားရေးနာလန်ထူအောင် ပြန်လုပ်ပေးတာပါ။ မာရှယ်စီမံကိန်းရဲ့ အကူအ ညီရယူတဲ့ နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံထဲမှာ အမေရိကန်ရဲ့ ၀င် ရောက်ရင်းနှီးမြှုပ်နှံမှုကို လက်ခံ ရသလို တစ်ဖက်မှာလည်း အမေရိကန်ကုန် ပစ္စည်းတွေကို ၀ယ်ယူ ကြရတယ်လို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးက အမေရိကန်ရဲ့ အခြေအနေမျိုးကို ယနေ့တရုတ် ပြည်က ရနေတယ်လို့ ဆိုပါတယ်။အမေရိကန်က ကမ္ဘာကြီးကို ဦးဆောင်နိုင်ဖို့ နေရာတကာ ဆရာကြီးဝင်လုပ်နေချိန်မှာ တရုတ်ကစီးပွားပဲ ကျုံးကုန်းရှာနေခဲ့ပါ တယ်။ အကျိုးဆက်ရလဒ်အဖြစ် တရုတ်ပြည်မှာ ငွေပင်ငွေရင်း တွေ၊ စွမ်းဆောင်ရည်တွေ၊ အ ရင်းအမြစ်တွေ ပိုလျှံလာနေပါတယ်။ အဲဒီလိုပိုလျှံနေတာတွေ ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် တရုတ်ပြည်ပြင်ပမှာ အသုံးချဖို့ တရုတ်ကတာစူနေတာပါ။ ကံ ကောင်းချင်တော့ တရုတ်ပြည်ရဲ့ အားသာချက်က အခြေခံအ ဆောက်အအုံတည်ဆောက်မှု အပိုင်းဖြစ်နေပြီး သူနဲ့ဆက်စပ် နေတဲ့ ဗဟိုအာရှနိုင်ငံတွေ၊ အရှေ့ တောင်အာရှနိုင်ငံတွေမှာက အခြေခံအဆောက်အအုံ လိုအပ်ချက်ကြီးကြီးမားမား ရှိနေတာပါပဲ။ ဒါကြောင့် ပိုးလမ်းမစီမံကိန်း ဆိုတာ အဲဒီနိုင်ငံတွေမှာ Madein China (တရုတ်ပြည်တွင်လုပ် သည်) ဆိုတဲ့ ပစ္စည်းတွေကို ဈေးကွက်မြှင့်တင်တာသာ ဖြစ်တယ် လို့ ဆိုနိုင်ပါသတဲ့။

မာရှယ်စီမံကိန်းရဲ့ ဒုတိယရည်မှန်းချက်ကတော့ အမေရိကန်တွေအနေနဲ့ သူတို့အသုံးပြုတဲ့ငွေကြေးတွေကို ဥရောပတစ်ခွင် ကို ဘီလီယံချီတင်ပို့လိုက်ခြင်းဖြင့် ကမ္ဘာ့ဈေးကွက်ထဲမှာ အမေရိကန် ငွေကြေးဟာ အသုံးများတဲ့ ငွေ ကြေးဖြစ်လာစေခြင်းပဲလို့ ဆိုပါ တယ်။ အမေရိကန်ဒေါ်လာကို အသုံးပြုတာများလာတာနဲ့အမျှ ကမ္ဘာ့စီးပွားရေးဟာ အမေရိကန် ကို မှီခိုအားထားလာရတာပါပဲ။ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းကို ပြန်ကြည့်တဲ့အခါမှာလည်း ပိုးလမ်းမကြီးတစ်လျှောက် စီမံကိန်း တွေ အားလုံးမှာ တရုတ်ငွေကြေး ရမ်မင်ဘီ(Renminbi-RMB) တွေ အကြီးအကျယ်စီးဝင်လာမှာ မို့ ကမ္ဘာ့စီးပွားရေးမှာ တရုတ်ငွေ ကြေးရဲ့ သြဇာပိုမိုကြီးမားလာ လိမ့်မယ်လို့ ဆိုပါတယ်။ ဆိုင်မွန် ရှန်းက တရုတ်အနေနဲ့ သူ့ငွေကြေး ကို ပိုမိုအသုံးပြုလာစေချင်သလို အဲဒီလို တရုတ်ငွေကြေး သြဇာ မြင့်မားလာခြင်းအားဖြင့် ဒေါ်လာ ကို အခြေခံပြီး စီးပွားရေးမှာ လူစွာလုပ်နေတဲ့ အမေရိကန်ကို ထိုးစစ် ဆင်လိုက်တာပဲလို့ ဆိုပါတယ်။

 မာရှယ်စီမံကိန်းမှာ ပါဝါ ထိန်းညှိဖို့ ရည်မှန်းချက်လည်း ပါ ၀င်ပါတယ်။ အမေရိကန်အနေနဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ စစ် ဆေးတိုက်ပွဲ( Cold War) စတင် နေပြီမို့ ဆိုဗီယက်ကို အလဲထိုး နိုင်ဖို့ ဆိုဗီယက်ကျင့်သုံးတဲ့ ကွန် မြူနစ်စနစ်၊ ဆိုရှယ်လစ်စီးပွား ရေးထက် အရင်းရှင်စနစ်စီးပွား ရေး (Capitalism) က ပိုမိုကောင်း မွန်ကြောင်း သက်သေပြဖို့ လိုပါ တယ်။ ဒါကြောင့် အရင်းရှင်စီး ပွားရေးစနစ်ကျင့်သုံးတဲ့ အနောက်ဥရောပနိုင်ငံတွေ စီးပွားရေးအရ မပြိုလဲသွားရအောင် ကျားကန်ပေးတဲ့သဘောနဲ့ မာရှယ်စီမံကိန်းကို အကောင်အထည်ဖော်ခဲ့တာပါ။ တစ်ချိန်တည်းမှာ အရင်းရှင်နိုင်ငံ တွေ ပိုမိုအားကောင်းလာလေလေ ဆိုဗီယက်ပြည်ထောင်စုကို ထိန်း ချုပ်နိုင်လေလေလို့ ယူဆပုံလည်း ရပါတယ်။ ဒါကြောင့် မာရှယ်စီမံ ကိန်းကို ဆိုဗီယက်ပြည်ထောင်စု ကို သိက္ခာချရေးလက်နက်အဖြစ် သုံးစွဲခဲ့တာပါ။ တရုတ်တို့ရဲ့ ပိုးလမ်းမစီမံကိန်းက ဒီထက်ကိုပို နက်ရှိုင်းပါသေးတယ်။ ဆိုင်မွန် ရှန်းက တရုတ်တို့အနေနဲ့ အမေရိ ကန်ကို အဓိကပြိုင်ဘက်အဖြစ် သဘောထားတယ်လို့ သုံးသပ်ပါ တယ်။ အမေရိကန်က ဆိုဗီယက် ပြည်ထောင်စုအပေါ် ထားခဲ့တဲ့ စိတ်မျိုး တရုတ်က အမေရိကန်အ ပေါ် ထားပါလိမ့်မယ်။ ပိုးလမ်းမ စီမံကိန်းမှာ ရေနံနဲ့ သဘာဝဓာတ် ငွေ့ပိုက်လိုင်းတွေ၊ လမ်းတံတား တွေ တည်ဆောက်သလို အိန္ဒိယ သမုဒ္ဒရာမှာ ထွက်ပေါက်ရရှိရေး ကိုလည်း ဦးတည်ထားပါတယ်။ အကြောင်းကတော့ သူ့အတွက် လိုအပ်တဲ့ စွမ်းအင်ကို အန္တရာယ် ကင်းကင်း၊ လုံလုံလောက်လောက် ရရှိနိုင်ဖို့ဖြစ်လို တရုတ်နဲ့ တခြားနိုင်ငံတွေအကြား စီးပွားရေးအရ ဆက်နွှယ်မှု၊ ပိုမိုခိုင်မာလာဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနိုင်ငံတွေ ကို စွမ်းအင်ဝယ်ယူရာဒေသတွေ အဖြစ် ရင်းရင်းနှီးနှီးဆက်ဆံမှာ ဖြစ်သလို အရှေ့တောင်အာရှကို တော့ ကုန်ကြမ်းဝယ်ယူရာဌာနအ ဖြစ် အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံသွားမှာပါ။ သူကတော့ ကုန်ချောတင်ပို့သူအဖြစ် စီးပွားရှာဖို့ ကြံထားတာလို့ ဆိုနိုင်ပါတယ်။ အဲဒီလို စီးပွားဖက်တွေအဖြစ် ကွန်ရက်ဖွဲ့ ဆောင်ရွက်တာကို တရုတ်တွေက အကျိုးအမြတ် တွေ မျှဝေတာလို့ ကင်ပွန်းတပ် ကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် ပိုး လမ်းမတစ်လျှောက် အမေရိကန် ရဲ့ စီးပွားရေးသြဇာကို လျှော့ချနိုင် ဖို့ အားထုတ်မှုတစ်ရပ်အဖြစ် ယူ ဆနိုင်ပါတယ်။

ဂျာမနီနိုင်ငံဟာ ဥရောပ တိုက်ရဲ့ အလယ်ဗဟိုလို့ ပြောလို့ ရပါတယ်။ အနောက်ဥရောပနဲ့ အရှေ့ဥရောပဆုံမှတ်ဖြစ်တဲ့ ဂျာမ နီဟာ ပထ၀ီအနေအထားအရ မဟာဗျူဟာ ကျလှသလို စက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ် တဲ့ အရင်းအမြစ်တွေလည်း ကြွယ်ဝတဲ့နေရာပါ။ ဒါကြောင့် ဂျာမနီ အပေါ် ဆိုဗီယက်ပြည်ထောင်စုက လွှမ်းမိုးဖို့ကြိုးစားခဲ့သလို အမေရိ ကန်ကလည်း စိုးမိုးခြယ်လှယ်ဖို့ ကြိုးပမ်းခဲ့တာပါပဲ။ အမေရိကန် အနေနဲ့ မာရှယ်စီမံကိန်းကိုသုံးပြီး အနောက်ဂျာမနီနဲ့ အနောက် ဥရောပနိုင်ငံတွေကြား အကျိုးစီး ပွားချင်း တုပ်နှောင်လိုက်ခြင်းအား ဖြင့် ဆိုဗီယက်ရဲ့ရန်ကို အတော် လေးလျှော့ချ နိုင်ခဲ့ပါတယ်။ တကယ်လို့သာ ဆိုဗီယက်အနေ နဲ့ အရှေ့ဂျာမနီသာမက အ နောက်ဂျာမနီကိုပါ ထိန်းချုပ်နိုင် ခဲ့ရင် ဥရောပတစ်ခွင်ကို ထိန်းချုပ် နိုင်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် အ ကျိုးဆက်ကတော့ အရှေ့ဂျာမနီ နဲ့ အနောက်ဂျာမနီသိသိသာသာ ကွဲပြားခြားနားသွားတာပါပဲ။ ဆိုင်မွန်ရှန်းက တရုတ်တို့ရဲ့ ပိုးလမ်းမစီမံကိန်းမှာလည်း ဒီသဘောမျိုးတွေ တွေ့ရတယ်လို့ ဆိုပါ တယ်။ ပိုးလမ်းမစီမံကိန်းတွေ ကြောင့် အမေရိကန်၊ ဂျပန်တို့ဦး ဆောင်မှုရယူထားတဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အဖွဲ့အစည်းတွေအတွင်းမှာ စည်းလုံးညီညွတ် မှု လျော့နည်းလာလိမ့်မယ်လို့ဆို ပါတယ်။ ဥပမာ မကြာသေးခင်က နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့တဲ့ အေ ပက် (APEC) လိုအဖွဲ့မျိုးဖြစ်ပါ တယ်။ ဒါ့အပြင် ပိုးလမ်းမကို တရုတ်က ဦးဆောင်လိုက်တာ ကြောင့် အမေရိကန်ဦးဆောင်တဲ့ ပစိဖိတ်ဒေသ ပူးပေါင်းဆောင် ရွက် ရေးအဖွဲ့(Trans-Pacific Partnership-TPP) အဖွဲ့ထဲကို ၀င် ရောက်တဲ့နိုင်ငံတွေ လျော့ နည်းသွားမယ်၊ ၀င်ရောက်တာ နှေးကွေးသွားမယ်လို့ ဆိုပါတယ်။ဒါကြောင့် အာရှ-ပစိတ်ဖိတ်ဒေသအတွင်းမှာ တရုတ်ကိုဆန့် ကျင်တဲ့ အမေရိကန်-တောင်ကို ရီးယား၊ အမေရိကန်-အိန္ဒိယ၊ အမေရိကန်-ဂျပန် စတဲ့စုစည်းမှု တွေ အားလျော့သွားနိုင်ဖို့ ပိုး လမ်းမစီမံကိန်းက ရည်မှန်းထားတယ်လို့ ကောက်ချက်ချနိုင်ပါ တယ်။ ဆိုင်မွန်ရှန်းရဲ့ဆောင်းပါး က ၂၀၁၆ မှာ ရေးသားခဲ့တာမို့ အဲဒီအချိန်က  အမေရိကန်သမ္မတ အိုဘားမားရဲ့ TPP နဲ့ အာရှ-ပစိဖိတ်ဒေသအပေါ် သဘောထား တွေနဲ့ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ သဘောထားက တော့ ကွာခြားမှာ အသေအချာပါ ပဲ။ ဒါကြောင့်လည်း ထရန့်က TPP က နုတ်ထွက်ဖို့ စီစဉ်ခဲ့တာ ပါ။

 မာရှယ်စီမံကိန်းဟာ အ နောက်ဥရောပနိုင်ငံတွေကိုသာ ဦးတည်ချက်ထားပြီး ကူညီခဲ့ပေ မယ့် အမေရိကန်ရဲ့ ရည်မှန်းချက် ထဲမှာတော့ အနောက်ဥရောပ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအ ပေါ် အခြေခံပြီး အရှေ့ဥရောပ နိုင်ငံတွေအပေါ် သြဇာလွှမ်းမိုးဖို့ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့ ပိုးလမ်းမကြီးက တရုတ်ပြည်အရှေ့ပိုင်းက စတင်ပြီး ဥရောပမှာ အဆုံးသတ်ပါတယ်။ တရုတ်အနေနဲ့ အမေရိကန်တို့ရဲ့ မာရှယ်နည်းနာအတိုင်း ဥရောပ အရှေ့ခြမ်းနဲ့ အလုပ်တွဲလုပ်ရင်း အမေရိကန်နဲ့ သင့်မြတ်တဲ့ အ နောက်ဥရောပကိုပါ သြဇာဖြန့်ကြက်နိုင်ဖို့ ရည်မှန်းထားပုံရတယ် လို့ဆိုပါတယ်။

(၄)

Melvyn P. Leffler ရဲ့ မာ ရှယ်စီမံကိန်းအပေါ် သုံးသပ်ချက် ကိုအခြေခံလို့ မာရှယ်စီမံကိန်းနဲ့ တရုတ်တို့ရဲ့ ပိုးလမ်းမတူညီချက် တွေကို ဆိုင်မွန်ရှန်းက ထုတ်နုတ် ပြသလို တရုတ်တို့ဘက်ကလည်း မာရှယ်စီမံကန်းနဲ့ ပိုးလမ်းမစီမံ ကိန်းသဘောတရားအရ၊ ရည်မှန်း ချက်အရ၊ ရင်းနှီးမြှုပ်နှံမှုအရ၊ အကျိုးအမြတ်ခွဲဝေပုံအရ လုံးဝ မတူညီဘူးလို့ အခိုင်အမာငြင်းဆို ကြပါတယ်။ တရုတ်တွေရဲ့ တင် ပြချက်ကလည်း ဆိုင်မွန်ရှန်းရဲ့ တင်ပြချက်လိုပဲ တွေးတောစရာ တွေ အများအပြားပါဝင်တာ ကြောင့် မကြာမီမှာ ‘စပ်စုမိသမျှ ပိုးလမ်းမ (၄)’ အဖြစ် ဆက်လက် တင်ပြနိုင်ဖို့ ကြိုးစားပါဦးမယ်။ အမှန်၊ အမှားဆိုတာအချိန်ကာလ တစ်ခုထိ စောင့်လေ့ရှိတာမို့ ၂၁ ရာစု ပိုးလမ်းမကြီးနဲ့ ပတ်သက်တဲ့ ပြောစကားတွေအနက် ဘယ်ဟာတွေကအမှန်၊ ဘယ်ဟာတွေက အမှားဆိုတာကတော့ အချိန်ကသက်သေပြသွားမှာ ဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါတယ်။   

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)