ရုပ်ရှင် အကြိုခံစားခြင်း

ကိုယ့်သမိုင်းကိုယ်ရေးကြသူများ-၂

ဒီ​နေ့ရဲ့ရုပ်​ရှင်​အညွှန်းကဏ္ဍမှာ​တော့ အဆို​တော်​ဖြစ်​ဖို့ ကြိုးစား​နေတဲ့ လူငယ်​​တွေအ​ကြောင်း ရိုက်ကူးထားတဲ့​ ဇာတ်​ကား​လေးကို ညွှန်း​လိုက်​ပါတယ်​။


ကျော်​ဖုန်း​အောင်​တို့ မောင်​နှမက မိဘတွေမရှိ​​တော့ပါဘူး။ သူတို့နှစ်​​ယောက်​စလုံးက အဆို​တော်​ဖြစ်​ဖို့ ကြိုးစား​နေ သူတွေပါ။ ​ကျော်​ဖုန်း​အောင်​နဲ့ သူ့ညီမ​လေးက အသက်​​တော်​​တော်ကွာပါတယ်​။ ကျော်​ဖုန်း​အောင်​ကတော့ ဂီတ​လောကမှာ လူနည်းနည်းတော့ သိ​နေပါပြီ။ 

မြတ်​သူက အဆို​တော်အ ရမ်းဖြစ်​ချင်​တဲ့ လူငယ်​တစ် ယောက်​ပါ။ အဲဒီကိစ္စကြောင့်ပဲ သူ့မိဘ​တွေနဲ့ အဆင်မပြေဖြစ်​ ပြီး အိမ်ကဆင်းလာခဲ့ပါတယ်။ သူဆင်းလာတဲ့အိမ်က တခြားအိမ် တော့မဟုတ်ပါဘူး။ သူ့အစ်မရဲ့ အိမ်ပါ။ အဆို​တော် တစ်​ယောက်​ဖြစ်ဖို့ ကြိုးစား​နေတဲ့အချိန်​ ဖြစ်​တာ​ကြောင့်​ မြတ်​သူက ဘာအ လုပ်မှ မည်မည်​ရရ မလုပ်​ဘဲ စာတွေထိုင်​ဖတ်​ရင်း သီချင်းတွေ ဖန်​တီးနေပါတယ်။ အဲဒါကြောင့် အစ်မနဲ့လည်း အရမ်းအဆင်မ​ ပြေပါဘူး။  အဲဒီထက်ဆိုးတာကမန္တလေးက သူ့လိုပဲ အဆိုတော်​ ဖြစ်​ချင်တဲ့ သူငယ်​ချင်းနှစ် ယောက်​ကို သူကခေါ်ထားပြီး သူ့ အစ်​မအိမ်​မှာ တင်ကျွေးထားပါ တယ်။ အဲဒါ​ကြောင့်လည်း အလုပ်​ မလုပ်​တဲ့သူ သုံး​ယောက်ကို တင်​ ​ကျွေး​နေရတဲ့ အ​ပေါ် သူ့အစ်​မက လည်း မကြည်ပါဘူး။

မြတ်​သူတို့က သီချင်း​တွေဖန်​ တီးပြီး အ​ခွေထုတ်​နိုင်​ဖို့ ထုတ်​လုပ်​​ ရေးတစ်​ခုဆီမှာ သီချင်းတွေ သွား​ရောင်းရပါတယ်​။ တစ်ကြိမ်​ မှာ​တော့ မြတ်​သူကသူ့ ကောင်​မ​ လေး နိုင်​ငံခြားကို ထွက်​သွားတဲ့ အ​ကြောင်းနဲ့ ပတ်သက်ပြီး ရေး  ထားတဲ့ သီချင်းတစ်ပုဒ်ကိုအဆင်​​ ပြေတဲ့ စီးရီးခွေတစ်​​ခွေမှာ ထည့် ပေးဖို့​ ပြောခဲ့ပါတယ်​။

ဒါ​ပေမဲ့ အဲဒီသီချင်းကို ထုတ်​ လုပ်​​ရေးဘက်​က ​​ရောင်းစားခဲ့ပါ တယ်​။ အဲဒီကိစ္စ​ကို​ ကျော်​ဖုန်း အောင်တို့ သိတဲ့အချိန်​မှာတော့ မြတ်​သူအတွက်​ မခံမရပ်နိုင်ဖြစ် ပြီး ရိုက်​ကြပါတယ်​။ အဲဒါကြောင့် သူတို့ အချုပ်ထဲရောက်​သွားခဲ့ပါ တယ်။ အချုပ်​ထဲကနေထွက်​ဖို့ ​ကျော်​ဖုန်းအောင်​ရဲ့ ချစ်​သူက လာ​ရွေး​ခဲ့ပါတယ်။ ​ကျော်ဖုန်း အောင်ရဲ့ ကောင်မလေးက ခန္ဓာ ကိုယ်​ကို ရင်းပြီး အလုပ်​လုပ်​ရသူ ပါ။ အဲဒါကို လုပ်​ရတဲ့အကြောင်း က သူ့အ​မေက​ လောင်းကစား တွေ လုပ်​တာ​ကြောင့်ပါ။ သူ့အ ​မေကိုယ်​တိုင်​က အဲဒီအလုပ်​ လုပ်​ဖို့ ချိတ်​​ပေးတာပါ။

အဆို​တော်​ဖြစ်​ဖို့ ကြိုးစား နေတဲ့ ​ကျော်​ဖုန်း​အောင်​၊ မြတ်သူနဲ့ သူငယ်​ချင်း​တွေ ဘယ်​လိုအခက်​အခဲ​တွေ ကြုံရမှာလဲ၊ ​ကျော်ဖုန်း​ အောင်​က​ကော သူ့​ကောင်မလေး ကို လက်ရှိရင်ဆိုင်​​နေရတဲ့ အ ခြေအ​နေက​နေ ကယ်​ထုတ်​နိုင် မှာလား၊ ဘယ်​လိုဇာတ်​လမ်း​တွေ ဆက်​ဖြစ်​ဦးမလဲ ဆိုတာကို​တော့  ဇန်​န၀ါရီ ၁၂ ရက်​က​နေ စတင်​ပြီး  ရန်​ကုန်​၊ မန္တလေးအပါအဝင်​ နယ်​မြို့​တွေမှာ ရုံတင်​ပြသမယ့်​ ကိုယ့် သမိုင်း ကိုယ်​​ရေးကြသူများ-၂  ရုပ်​ရှင်​ဇာတ်​ကားမှာ ဆက်​လက်​ရှုစား​ပေးပါ။

ဒီဇာတ်​ကားမှာ ယုန်​​လေး၊  ကြက်​ဖ၊ ရသ၊ G fatt ၊ G fire၊ Ice cold၊ စိုးနန္ဒာ​ကျော်​နဲ့ ပြုံးမြသွယ်​ တို့ ပါဝင်​သရုပ်​​ဆောင်​ထားပြီး  ဒါရိုက်​တာဂျိုးက ရိုက်​ကူးပုံ​ဖော်​ ထားပါတယ်​။