မူလတန်းကျောင်းသားလေးတစ်ဦး ဆီးနှင်းများကြားမှ ခက်ခက်ခဲခဲ ကျောင်းသို့လာရောက်

အတန်းတင်စာမေးပွဲ ပထမဆုံးရက်တွင် ကျောင်းသို့ ရောက်ရန် အေးခဲသောရာသီဥတုအခြေအနေ၌ ၄ ဒသမ ၅ ကီလိုမီတာ လမ်းလျှောက်ခဲ့ရပြီးနောက်တရုတ်နိုင်ငံ ယူနန်ပြည်နယ်နေ သုံးတန်းကျောင်းသားလေး တစ် ဦးသည် ဆံပင်များနှင့် မျက်ခုံးမွေးများပေါ်တွင် ဆီးနှင်းများ ပေကျံ ကာ မျက်နှာနီမြန်းစွာဖြင့် ကျောင်းသို့ ရောက်လာသည်။

 ကျောင်းအုပ်ကြီးက အသက်(၈)နှစ်အရွယ် အဆိုပါ ကလေးငယ်၏ဓာတ်ပုံကို တရုတ်လူမှုမီဒီယာ Weibo တွင် တင်ခဲ့ပြီး နောက် ယင်းပုံက လူမှုမီဒီယာအ သုံးပြုသူများ၏ နှလုံးသားများကို အရည်ပျော်စေခဲ့သည်။


‘‘ဇန်နဝါရီ ၈ ရက် နံနက်က အပူချိန် ၉ ဒီဂရီဆဲလ်စီးရပ်ရှိပြီး အတန်းတင်စာမေးပွဲရဲ့ ပထမဆုံး ရက်ဖြစ်ပါတယ်။ သူဟာ ကျောင်း နဲ့ဝေးတဲ့ အရပ်မှာနေတာကြောင့် စာသင်ခန်းထဲ ရောက်လာချိန်မှာ သူ့ခေါင်းမှာ ဆီးနှင်းတွေ အခဲ လိုက် ကပ်နေပါတယ်’’ဟု လူဒီ ယန်ခရိုင်ရှိ အဆိုပါကျောင်း၏ ကျောင်းအုပ်ဖူဟန်းဂ်၏ အဆိုကိုကိုးကား၍ တရုတ်ပြည်သူ့နေ့စဉ် သတင်းစာက ဖော်ပြသည်။

အဆိုပါ ကျောင်းသားသည် ဝန်ဖူမန်အမည်ရ ကလေးငယ်ဖြစ် ကြောင်း၊ ၎င်းသည် ကျောင်းမှ  ၄ ဒသမ ၅ ကီလိုမီတာဝေးကွာသော အရပ်တွင် နေထိုင်သဖြင့် ကျောင်းသို့ နေ့စဉ်တစ်နာရီခွဲခန့် လမ်း လျှောက်လာရလေ့ရှိကြောင်း ဆိုသည်။

ယင်းနောက် ‘ရေခဲလူသား လေး’ဟု အွန်လိုင်းအသုံးပြုသူ များက ချစ်စနိုးခေါ်ဝေါ်သည့် ဝန် ဖူမန်ကို တရုတ်ပြည်သူ့နေစဉ် သတင်းစာက တွေ့ဆုံမေးမြန်း ရာ အိမ်မှထွက်လာစဉ် နေသာ သည်ဟု ထင်ခဲ့ကြောင်း၊ ထို့ ကြောင့် အဝတ်ထူထူ ဝတ်မလာ မိကြောင်း ၎င်းကဖြေကြားသည်။

 ထို့အပြင် ရွှံ့အိမ်ထဲတွင် အဘွား၊ အစ်မတို့နှင့် နေထိုင် ကြောင်း၊ ဖခင်သည် ရွှေ့ပြောင်းလုပ်သားအဖြစ် အခြားဒေသတွင် အလုပ်လုပ်နေပြီး မိခင်က မိသားစုကို စွန့်ခွာခဲ့ကြောင်း ဖြေကြား သည်။

ဝန်၏အဖြစ်အပျက်ကို အွန်လိုင်းအသုံးပြုသူများက သနား ကရုဏာပိုခဲ့ကြသည်။

—Ref: CNA

Top News