အဖွဲ့ဝင်အားလုံး NCA လက်မှတ်ထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းမည်ဟု UNFC ပြော

UNFC ခေါင်းဆောင်များ NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးအဖြေရှာသည့် အစည်းအဝေးကို ချင်းမိုင်မြို့တွင် ဇန်န၀ါရီ ၆ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ − NMG)

မွန်ပြည်သစ်ပါတီ (NMSP) သာမက ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အားလုံး တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေး ဆက် လက်ညှိနှိုင်းမည်ဟု UNFC ပြော ရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောသည်။


UNFC ၏ ဗဟိုအလုပ်အမှု ဆောင် ကော်မတီ (တိုးချဲ့)အစည်းအဝေးကို ဇန်နဝါရီ ၆ ရက်မှ ၈ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် NMSP က ၎င်းတို့အဖွဲ့အတွင်း ဆုံးဖြတ် ချက် ချမှတ်ထားသည့် NCA တွင် ပါဝင်လက်မှတ်ထိုးမည့် ကိစ္စကို တင်ပြ ဆွေးနွေးသော်လည်း UNFC အဖွဲ့ဝင်အားလုံး NCA လက်မှတ်ထိုးနိုင်ရေး အစည်း အဝေးကာလအတွင်း အစိုးရ ကိုယ်စားလှယ်များနှင့် ဆက်သွယ် ညှိနှိုင်းခဲ့ကြောင်း UNFC တာဝန်ရှိ သူများက ဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် NMSP ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၇  ဒီဇင်ဘာ နောက်ဆုံးပတ်က တွေ့ ဆုံခဲ့ပြီး NCA လက်မှတ်ရေးထိုး မည်ဟု NMSP ဥက္ကဋ္ဌက ပြော ကြားထားသည်။

‘‘မွန်ပြည်သစ်အနေနဲ့တော့ ဒီလုပ်ငန်းစဉ် ပြီးပြတ်အောင်အ ထိတော့ လိုက်ပါမှာဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌရဲ့ ပြော ကြားချက်လည်း အားလုံးသိပြီး ဖြစ်မှာပါ။ တစ်ဖွဲ့တည်းသွားဖို့ ဆိုတာထက် တပ်ပေါင်းစုနဲ့သွားဖို့ သဘောထားဆန္ဒ ပိုရှိတယ်ဆိုတဲ့ အကြောင်း သူထုတ်ဖော်ပြော ကြားပြီးဖြစ်တယ်’’ ဟု ဦးထွန်း ဇော်က ပြောသည်။

အဆိုပါအစည်းအဝေးအပြီး UNFC ကကြေညာချက်ထုတ် ပြန်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့်ပတ်သက်၍ နောက်ဆုံးတစ်ဆို့ နေသည့် အချက်များအပေါ် အ ဖြေရရှိရေး အစိုးရနှင့် UNFC နှစ်ဖက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းနိုင်ရန်နှင့် အခြား နည်းလမ်းများလည်း ဆက်လက် ရှာဖွေ ကြိုးပမ်းမည်ဟု ဖော်ပြ သည်။

နှစ်ဖက်ထိပ်သီး ခေါင်း ဆောင်များ တွေ့ဆုံနိုင်ရေးအကြို ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည့် အပြင် ဆက်သွယ်ရေးလမ်း ကြောင်းမှ စဉ်ဆက်မပြတ် ညှိနှိုင်း နေကြောင်း ဦးထွန်းဇော်ကဆို သည်။

‘‘ငြိမ်းချမ်းရေး ကော်မရှင် ဘက်က နှစ်ဖက်ထိပ်သီးခေါင်း ဆောင်တွေ တွေ့တဲ့အခါမှာ တစ် ဆို့မှုတွေ မဖြစ်စေလိုတဲ့ စိတ်ဆန္ဒ ကြောင့် အဲဒီမှာ စိုးရိမ်ချက်တွေ ဖော်ပြတာ တွေ့ရတယ်။ အဲဒီစိုး ရိမ်ချက်တွေက သူတို့ဘက်က တော့ တိကျသေချာမှုကို သူတို့ ဖြစ်စေချင်တာကို တွေ့ရတယ်။ ကျွန်တော်တို့ဘက်ကလည်း အဲဒါ ကိုညှိနှိုင်းပြီးတော့ အဖြေရှာနေ တယ်’’ ဟု ၎င်းကဆိုသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့တို့သည် NCA လက် မှတ်ထိုးနိုင်ရေး ညှိနှိုင်းနေသည် မှာ တစ်နှစ်ခွဲကြာမြင့်ပြီဖြစ်သည်။

အစိုးရနှင့် UNFC နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံရာတွင် ဆွေးနွေးပွဲရလဒ် ကောင်းမွန်စေ ရန် UNFC နှင့် အချိန်ယူညှိနှိုင်းနေ ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦးက ပြောကြားထား သည်။

ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)နှင့် ရခိုင်အမျိုးသားကောင် စီ (ANC) တို့ဖြစ်သည်။