၂၀၁၈ မှာ ဘာတွေအဖြစ်ချင်ဆုံးလဲ

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

၂၀၁၇ ခုနှစ်ကြီး ကုန်ဆုံးခဲ့ပါ ပြီ။ ၂၀၁၈ ကို ပူပူနွေးနွေး ရောက် ခါစဖြစ်သည့်အတွက် လူတိုင်းလို လို စိတ်ဓာတ်သစ်များ၊ ခွန်အား သစ်များ ပြည့်နေကြသည်။ နှစ် ဟောင်းမှာ ဘာတွေပဲဖြစ်ဖြစ် ယခုကဲ့သို့ နှစ်သစ်ကူးစမှာ အကောင်းကို မျှော်မှန်းကြသည်။  ရည်မှန်းသမျှများကို အကောင် အထည်ဖော်ကြမည်ဟု ကြွေး ကြော်ထားကြသည်။ ထုတ်မပြော သော်ငြား ၂၀၁၈ မှာ ဘယ်ရည် မှန်းချက်များကို မိမိတို့ အကောင် အထည်ဖော်မည်ဆိုသော အ တွေးတွေ ကိုယ်စီမှာ ရှိနေကြပြီး ဖြစ်သည်။

ကမ္ဘာပေါ်က စစ်တမ်းအသီး သီး၏ ထုတ်ပြန်ချက်အရ ၂၀၁၈ အတွက် လူအများဆုံးဖြစ်ချင်ကြ သည်မှာ ကိုယ်အလေးချိန်ချရန် နှင့် ကိုယ့်ကိုယ်ကိုယ် လူကောင်း တစ်ယောက်ဖြစ်ရန်ဆိုသည့် ရည် မှန်းချက်များဖြစ်၏။ ဆေးလိပ်၊ အရက်ဖြတ်ရန်၊ ဆိုရှယ်မီဒီယာ ကို လျှော့သုံးရန်၊ ကျန်းမာရေးနှင့် အညီ နေထိုင်စားသောက်ရန်၊ မိသားစုကို အချိန်ပိုပေးရန် စသော ရည်မှန်းမျက်များမှာ လည်း ၂၀၁၈ မှာလုပ်ရန် လူ အများက ကြံရွယ်ထားကြသည်။

ကိုယ်အလေးချိန်လျှော့ချဖို့က ဘာလို့အရေးကြီးတာလဲ

၂၀၁၈ ခုနှစ် လူအများစုက ကိုယ်အလေးချိန်ကျရေးကို နှစ် သစ်ကူးရည်မှန်းချက်အဖြစ် အ ထူး ဦးစားပေးကြသည်။ ထိုအထဲ မှာ လေးငါးခြောက်ဆယ်အရွယ် လူကြီးများသာမက ဆယ်ကျော် သက်များအပါအဝင် အရွယ်မျိုးစုံ ပါဝင်ကြသည်။ ကိုယ်အလေးချိန် ကျရေးက ခန္ဓာကိုယ်အလှအပ အတွက်သာမက ကျန်းမာရေးအရ ပါ အရေးကြီးလာပုံကို လူတွေ ပိုမို သဘောပေါက်လာကြသည့် အတွက်ဖြစ်သည်။

ကျန်းမာသော ကိုယ်အလေး ချိန်ရှိသူသည် နှလုံးကျန်းမာရေး ကောင်းသည်၊ သားသမီးရလွယ် သည်။ ဆီးချိုရောဂါဖြစ်နှုန်းနှင့် ရင်သားကင်ဆာဖြစ်နှုန်းနည်း သည်။ ကိုယ်အလေးချိန် အလွန် အကျွံဝခြင်းကြောင့် ဖြစ်နိုင်သော ရောဂါများကနေ ကာကွယ်ပေး နိုင်သည်။ ထို့ကြောင့် အဝမလွန် ရေး ကျန်းမာသော ကိုယ်အလေး ချိန်ရှိရေးကို ကျန်းမာရေးပညာရှင် များက တိုက်တွန်းအားပေးသလို လူတွေကလည်း ပိုလိုချင်လာကြ သည်။

‘‘ကျွန်မကတော့ ကျန်းမာ ချင်တာလည်းပါတယ်။ လှချင် တာလည်းပါတယ်။ ပိန်ချင်တယ်။ ကိုယ်အလေးချိန်ချချင်တယ်။ ဘာလို့လဲဆိုတော့ ရွယ်တူတွေထဲ မှာ ကိုယ်ကဝတော့ အသက် ကြီးသလိုဖြစ်နေတယ်။ အင်္ကျီ အဝတ်အစားကလည်း သိပ်ရွေးရ တာပဲ။ ကိုယ်ဝတ်ချင်တာ ဝတ်လို့ မရဘူး။ ပြီးတော့ အရင်လို မသွက်လက်တော့ဘူး။ မောပန်း လွယ်တယ်။ အဲဒီတော့ အခု ၂၀၁၈ မှာ ဝိတ်ချမှကိုဖြစ်တော့ မယ်။ သွားကစားမယ်။ အဆီ တွေလျှော့စားတော့မယ်’’ဟု ၂၀၁၈ မှာ ကိုယ်အလေးချိန်လျှော့ ချရန် အပီအပြင် ပြင်ဆင်နေသော အသက် (၂၄)နှစ်အရွယ် မထိပ် ထိပ်က ပြောသည်။

အသက် (၄၄)နှစ်အရွယ် ဒေါ်စန်းစန်းခင်ကလည်း သူ၏ ကျန်းမာရေးကြောင့် ၂၀၁၈ မှာ ကိုယ်အလေးချိန် မဖြစ်မနေ လျှော့ချမှဖြစ်တော့မည်ဟုဆို သည်။ လောလောဆယ် သူ့မှာ သွေးတိုးရောဂါ ရှိနေ၏။ ဆီးချို လည်း ဖြစ်ချင်နေပြီး ဆေးခန်း ပုံမှန်ပြနေရ၏။ ဆေးများသောက် နေခြင်းထက် အဆီ၊ အငန်လျှော့ ရန်၊ ကိုယ်အလေးချိန်လျှော့ချရန် ဆရာဝန်တွေက တိုက်တွန်းနေပြီ ဟု ဆိုသည်။

‘‘အငန်တွေ၊ အဆီတွေ အစားများတော့ ရောဂါကလည်း စစ်ရင်စစ်သလို တွေ့နေတာပဲ။ အခုက သွေးတိုးရှိတယ်။ ဆီးချို လည်းဖြစ်ချင်နေတယ်။ ဆေးတွေ ချည်းပဲ သောက်နေလို့မရဘူး။ ကိုယ်အလေးချိန်လျှော့ဖို့ လုပ်လို့ ဆရာဝန်ကဆူနေပြီ။ ဒီနှစ်တော့ မရမနေလျှော့မယ်’’

ကိုယ်အလေးချိန်ချရသည် မှာလည်း ထင်သလောက်မလွယ် ဟု အရပ် ၅ ပေ ၃ လက်မ၊ ပေါင် ချိန် ၁၅၀ ရှိနေသူ ဒေါ်စန်းစန်းခင် က ဆိုသည်။ ကိုယ်အလေးချိန် ချရန်အစားအသောက်နှင့် ချသူကချ၏။ အချို့ကျတော့လည်း အား ကစားလုပ်ပြီး ချသည်။ အစား အသောက်မက်သူအတွက် အစားအသောက်ဖြင့် ချရန်က မလွယ် လှ။ သူ့အနေဖြင့် ကယ်လိုရီများ သည်ဟူသော ထမင်းကို မစားရ မနေနိုင်ပါ။

‘‘လေ့ကျင့်ခန်းလေ ဂျမ်မှာ ဆိုလား လုပ်လိုက်တာ ပေါင်ကွ ပြီး ပြန်လာရတယ်။ တအားပင် ပန်းတာပဲ။ အဲဒါနဲ့ ကယ်လိုရီပါတဲ့ အစားအသောက်ရှောင်၊ အသီး အရွက်များများစားပြီး ချနေတာ။ အဓိကက ထမင်းပဲ။ ကျွန်မက တခြားဟာ မစားရရင်နေ ထမင်း ကို မစားရမနေနိုင်ဘူး။ မနည်း ကြိုးစားလုပ်နေရတာပဲ’’

လူကောင်းတစ်ယောက်

ဖြစ်ချင်တယ်

လူတစ်ယောက်စီသည် ကောင်းသောစရိုက်၊ မကောင်း သောစရိုက် နှစ်ခုစလုံးပါရှိ၏။ ကောင်းသောသူများဆိုသည်မှာ မိမိတွင်ရှိသော ကောင်းသော စိတ်ကို မွေးမြူပြီး မကောင်းသော စိတ်ကို ချိုးနှိမ်နိုင်သူများဖြစ်သည်။ မကောင်းသောသူဆိုသည်မှာ မိမိ မှာပါရှိသော မကောင်းသောစိတ် ကို အားကောင်းအောင်လုပ်ပြီး ထိုစိတ်အတိုင်း လိုက်ပါကျင့်သုံး သူများဖြစ်သည်။ သူတို့မှာ ကောင်းသောစိတ်ရှိသော်လည်း ပတ်ဝန်းကျင်အရ သော်လည်း ကောင်း၊ စိတ်ဓာတ်ရေးရာ အား နည်းမှုကြောင့်လည်းကောင်း အင်အားနည်းနေရခြင်းဖြစ်သည်။ ထိုစိတ်ကို ပြုပြင်နိုင်လျှင် သူ လည်း လူကောင်းတစ်ယောက် ဖြစ်လာနိုင်သည်ဟု တိဘက်ဘုန်း ကြီး ဒလိုင်းလားမား၏ အဆိုအမိန့် တစ်ခုမှာ ပါရှိသည်။

မည်သူမဆို လူဆိုးပင်ဖြစ် နေလင့်ကစား လူကောင်းတော့ ဖြစ်ချင်စိတ်ရှိကြသည်။ အဘယ် ကြောင့်ဆိုသော် ငွေ၊ ရာထူး၊ သြဇာအာဏာ မည်မျှပင်ရှိစဉ် ကစား သူသည် လူကောင်းဟု မသတ်မှတ်ကြလျှင် စစ်မှန်သော အောင်မြင်မှု မဟုတ်ပါ။ လူမှု ဝန်းကျင်မှာ၊ အလုပ်အကိုင်ဝန်း ကျင်မှာ လူကောင်းတစ်ယောက် ဟု သတ်မှတ်ခံရရေးသည် ယနေ့ ခေတ်မှာ အလွန်အရေးကြီးသည်။ သည်အချက်သည် ငွေနှင့်ပေး ဝယ်၍မရ။ ဘဝအောင်မြင်တိုး တက်ရေးအတွက်လည်း အရေး ကြီးလှသည်။

‘‘လူကောင်းတစ်ယောက် တကယ်ဖြစ်ချင်ပါတယ်။ အဲဒီ အတွက်လည်း ကျွန်တော်ကြိုးစား နေတယ်။ မိဘတွေကို စိတ်ဒုက္ခ တွေ မပေးမိအောင်လို့ အိမ် အတွက် အလုပ်လုပ်နေရတဲ့ အစ်မအတွက် ဝန်ပိုမဖြစ်အောင် လို့ ကောင်းကောင်းနေဖို့၊ အရက် မသောက်ဖို့ ကြိုးစားမယ်။ ၂၀၁၈ ကနေ စိတ်ရှည်သည်းခံပြီးနေ မယ်။ လူတွေနဲ့ အဆင်ပြေအောင် နေမယ်။ အမေတို့၊ အစ်မတို့ စိတ်ချမ်းသာအောင်နေဖို့ ကျွန် တော်ဆုံးဖြတ်ထားပါတယ်’’

မုံရွာတွင် နေထိုင်သူ အသက် (၂၃)နှစ်အရွယ် ကိုမင်းခန့်က ပြောသည်။ သူသည် တက္ကသိုလ် က ဘွဲ့ရပြီး အလုပ်မရသဖြင့် ယခုနှစ်များမှာ စိတ်လေလွင့်နေခဲ့ သည်။ မိဘဆီက ငွေတောင်းသုံး ပြီး အလိုမကျတိုင်း မိဘကို နားပူ နားဆာလုပ်ခဲ့မိသည်။ အစ်မဖြစ် သူကို ရန်လုပ်သည်။ ၂၀၁၈ မှာ သည်အကျင့်များကို သူစပြင်ပြီး ကောင်းမွန်စွာ နေထိုင်သွားမည် ဟု ဆုံးဖြတ်ချက်ချထား၏။

အလွန်တစ်ရာမှ စိတ်တို လွယ်သူ၊ ဒေါသဖြစ်လွယ်သူ ဒေါ်စန်းစန်းခင်ကလည်း ယခုနှစ်က စပြီး စိတ်ရှည်သည်းခံစိတ်မွေးပြီး သူတော်ကောင်းတရားနှင့်အညီ နေထိုင်မည်ဟုဆိုသည်။

‘‘ကျွန်မ   သွေးတိုးရတဲ့ အကြောင်းက အလကားနေ ဒေါ သဖြစ်လွယ်တာ၊ အိမ်က ကလေး တွေကိုလည်း ဘာလုပ်လုပ် စိတ် တိုင်းမကျနိုင်တာတွေလည်းပါ တယ်။ ဒီနှစ်ပိုင်းတွေမှာ ကျောင်း နေဖက်တွေ ကွယ်လွန်ကုန်ကြ ပြီ။ သွေးတိုး၊ နှလုံးရောဂါတွေနဲ့။ ကိုယ်လည်း အချိန်သိပ်မကျန် သလိုပဲ။ သေတာဆိုတာက အချိန်မရွေးလေ။ အဲဒီတော့ လောဘ၊ ဒေါသတွေလျှော့ပြီး ကောင်းကောင်းနေသွားမယ်။ ဒီအတိုင်း စိတ်နဲ့သာဆို သေ လည်း ကောင်းရာရောက်မယ် မထင်ဘူး’’

ဆိုရှယ်မီဒီယာလျှော့သုံးမယ်

ဖေ့စ်ဘွတ်ခ်အပါအဝင် ဆို ရှယ်မီဒီယာများ လူမှုဘဝမှာ ပါ ဝင်ပတ်သက်လာသည်မှာ ဆယ် စုနှစ်တစ်ခု ရှိပါပြီ။

ယခုမှ စသုံးသူတွေအတွက် အစွဲ ကြီးစွဲစရာ ဖြစ်နေသေးသော် လည်း ကာလအတန်ကြာသုံးစွဲသူများကြားမှာ သဘောမကျသူများ အတော်များလာပြီဖြစ်၏။ ထို့ကြောင့် ၂၀၁၈ ရည်မှန်းချက်များမှာ ဆိုရှယ်မီဒီယာလျှော့သုံးရေး ကို ရည်မှန်းထားသူများလည်း ရှိ သည်။

‘‘၂၀၁၈ ကျရင် ဖေ့စ်ဘွတ်ခ် အသုံး လျှော့ရမယ်။ အချိန်ကုန်၊ ငွေကုန် စိတ်ဆင်းရဲတဲ့အလုပ်ပဲ’’ ဟု ၂၀၁၈ နှစ်သစ်ကူးနေ့မှာ မန္တ လေးက မင်းမင်းဆိုသည့်အသက် (၂၅)နှစ်အရွယ် အမျိုးသမီးလေး က တင်ထားခဲ့သည်။ သူလိုစာ သားမျိုး ခပ်ဆင်ဆင်တင်သူတွေ အတော်များများရှိသည်။ အထူး သဖြင့် တက်သစ်စအောင်မြင်မှု အလားအလာရှိသည့် ကြိုးစားဆဲ လူငယ်များထံမှဖြစ်သည်။

‘‘ဖေ့စ်ဘွတ်ခ်က သုံးခါစက ပျော်တယ်။ ဒါပေမဲ့ အခုစိတ်ညစ် ပြီ။ တချို့ သူငယ်ချင်းတွေဆို လူ ချင်းသိတော့ အကောင်း။ အခု ဖေ့စ်ဘွတ်ခ်ကြောင့် သူတို့ အကြောင်းတွေ ပိုသိလာတယ်။ သူတို့တင်နေတဲ့၊ သူတို့ပြောနေတဲ့ စကားတွေထဲမှာ ကိုယ်သဘော မကျတာတွေ များနေတော့ သူက ကိုယ့်ကို ဘာမှမလုပ်ဘဲ ကိုယ်က ကြည့်မရတော့တာ။ အဲဒီကနေ မိတ်ဆွေခင်မင်မှု ပျက်တယ်’’ဟု မင်းမင်းက ရှင်းပြသည်။

ဆိုရှယ်မီဒီယာဆိုသည်မှာ အကျိုးရှိစွာသုံးလျှင် အကျိုးရှိ သည်။ သို့သော် လူအတော်များ များသည် ဆိုရှယ်မီဒီယာကို စွဲ လမ်းနေသော သတိမထားမိသည့် အကျင့်ဆိုးတစ်ခုဖြစ်လာသည့် အခါ ဆိုးကျိုးတွေပေးလာသည်။ မိုးလင်း အိပ်ရာထကနေ အိပ်ရာ ဝင်သည်အထိ စွဲလမ်းနေပြီး ကြာ သော် အလုပ်အကိုင်၊ မိသားစုကို ပါ အနှောင့်အယှက်ပေးသည်အ ထိ ဖြစ်လာသည်။ သုတေသနပြု ချက်များအရ ဆိုရှယ်မီဒီယာအသုံးကိုလျှော့ချပြီး ပြင်ပမှာ မိတ်ဆွေ မိသားစုကို အချိန်ပေးသူများက ပိုပျော်ရွှင်ကြသည်ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေ ၂၀၁၈ အ တွက် လူအများ၏ ရည်မှန်းချက် များက အကောင်းတွေချည်းဖြစ် သည်။ အကောင်အထည်ဖော်နိုင် မည်ဆိုလျှင် ပို၍ကောင်းပါလိမ့် မည်။ သို့သော်လည်း အင်္ဂလန် နိုင်ငံဘရစ္စတိုး တက္ကသိုလ်၏ သုတေသနပြုချက်က နှစ်ကူးကာလ ရည်မျန်းချက်ထားသူများအနက် ၂၀ ရာခိုင်နှုန်းသာ လက်တွေ့ အကောင်အထည်ဖော်နိုင်ပြီး ၈၀ ရာခိုင်နှုန်းကမှ လက်တွေ့အ ကောင်အထည်ဖော်နိုင်ခြင်းမရှိ ဟုဆိုသည်။ ထို့ကြောင့် မိမိက ဘယ်စာရင်းထဲမှာ ပါနေမလဲ။ ၂၀၁၈ နှစ်လယ်လောက်ဆိုလျှင် အသေအချာ သိရပါလိမ့်မည်။