အထင်ကရပြောစကားများ

‘‘ဒါကတော့ တိုင်းဝန်ကြီးချုပ်ပဲဖြစ်ပါတယ်။ တိုင်းဝန်ကြီးချုပ်က အဓိကပဲနော်။ ကောင်းကောင်းထောင်းထား။ တိုင်းဝန်ကြီးချုပ်က ပြည်သူလူထု တွေက မဲပေးလို့ရောက်လာတဲ့ ဝန်ကြီးချုပ်။ အဲဒါကြောင့် ကိုယ့်မှာ ခိုင်းပိုင်ခွင့်ရှိတယ်ဆိုတာ သေသေချာချာမှတ်ထားပါ’’

ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)

ဇန်နဝါရီ ၂၅ ရက်၊ ပခုက္ကူမြို့နယ်၊ ကြီးရွာဒေသခံများနှင့် တွေ့ဆုံစဉ် မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မိတ်ဆက်ပေးမှု။

‘‘ကျွန်မသိပ်ပြီးတော့ မျိုးချစ်စိတ်ဓာတ်တွေ ဘာတွေ မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ဒီမျိုးချစ်စိတ်ဆိုပြီးတော့ ဟိုလူ့တိုက် လိုက်၊ ဒီလူ့တိုက်လိုက် လုပ်နေကြတယ်။ ဒါကြောင့်မို့လို့ မျိုးချစ်စိတ်ကို ဈေးကျအောင် လုပ်နေတယ်’’

ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)

ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်သော ဦးကိုနီနှင့် ဦးနေဝင်းအောက်မေ့ဖွယ် အခမ်းအနားတွင် ပြောကြား။




‘‘အမျိုးသား ပြန်လည်ကျေအေးသင့်မြတ်ရေးနဲ့ အတူယှဉ်တွဲနေထိုင်ရေး ကို ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်ကြီးမှာ မြန်မာနိုင်ငံရှိ ဘာသာရေးအဖွဲ့ အစည်းများမှာ တထူးတခြား တာဝန်ရှိပါတယ်။ မတူညီတဲ့ ဘာသာရေး ယုံကြည်မှုများဟာ စိတ်ဝမ်းကွဲမှုများနဲ့ အယုံအကြည်ကင်းမဲ့မှုများကို ဖန် တီးတဲ့ အရင်းအမြစ်မဖြစ်စေဘဲ စည်းလုံးညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ စိတ်ရှည်သည်းခံခြင်းနဲ့ သတိပညာ ပြည့်ဝတဲ့ နိုင်ငံတော် တည်ဆောက် ရေးအတွက် ခွန်အားတစ်ခုဖြစ်ရပါမယ်’’

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

နိုဝင်ဘာ ၂၈ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန် ဗင်းရှင်း ဗဟိုဌာန-၂ ၌ မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

 




‘‘လူငယ်သဘောသဘာဝ ပြောကြတာကို ငါ့ညီလက်ခံသလား။ မင်းတို့ တောင် လက်ဖက်ရည်ဆိုင်မှာ အချင်းချင်း မတည့်တဲ့သူဆို မကောင်း ကြောင်းပြောမယ်။ လူငယ်သဘောသဘာဝဆိုတာ ဟိုနှစ်ယောက် မုန်း တီးမှုကို ပိုများသွားပြီး လုပ်ကြံသွားတယ်ဆိုတာကို ထွက်ဆိုချက်အရ ပြောနေရတယ်ဆိုတဲ့ အနေအထားလေးပါပဲ’’

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ(ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး)

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့ မူးယစ်ပြတိုက်၌ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား။

 




‘‘လူငယ်ဆိုတာတော့ ဝေလာဝေး၊ လူငယ်လည်း မဟုတ်ဘူး။ ကောင်း ကောင်းဝေဖန်ဆုံးဖြတ်နိုင်တဲ့ လူကြီးတွေကနေပြီးတော့ ကောင်းကောင်း အကြံအဖန်လုပ်ပြီးတော့မှ လုပ်ကြံတဲ့ပွဲ၊ သူတို့ဟာ လုံးဝလွဲတယ်။ ပြည်သူလူထုက မျှော်လင့်တာက တစ်မျိုး၊ သူတို့ပြောတာတစ်မျိုးဆိုတော့ ဒီ သတင်းစာရှင်းလင်းပွဲဟာ ပြဿနာကို ယပ်ခတ်ပြီးတော့၊ မီးလောင်ရာ ယပ်ခတ်ပြီးတော့ လုပ်တယ်လို့ အန်ကယ်ယူဆတယ်’’

ဦးဝင်းထိန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်)

ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် ဦးကိုနီနှင့် ဦးနေဝင်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနား၌ ပြောကြား။

 




‘‘ဒါ ကျွန်တော်ကြိုပြောတာပါ။ လမ်းမကြီးတွေအောက်မှာ ကားပါကင် တွေ၊ စီးတီးဟောတွေလုပ်မယ်။ နေချင်စဖွယ် မြေအောက်မြို့တော်အဖြစ် ဖန်တီးမယ်။ ဒါပေမဲ့ ကျွန်တော်မပိုင်သေးတာတွေရှိတယ်။ လျှပ်စစ်က ကျွန်တော့်လက်ထဲ မရောက်သေးတဲ့အတွက် ကျွန်တော်တိုက်နေရတုန်းပဲ။ လျှပ်စစ်ပိုင်ရင် ရေကြီးတာလည်း မကြောက်တော့ဘူး။ ကျွန်တော်မြေ အောက်မြို့တော်ကို ဖန်တီးမယ်’’

ဦးမောင်မောင်စိုး(ရန်ကုန်မြို့တော်ဝန်)

ဇွန်လ ၁၇ ရက်တွင် ကျောက်တံတားမြို့နယ် ၃၉ လမ်းနှင့် ဆိပ်ကမ်းသာ လမ်း ပန်းဥယျာဉ်နှင့် ကလေးအားကစားကွင်းဖွင့်ပွဲအခမ်းအနား၌ ပြောကြား။

 



‘‘နိုင်ငံတော်သံဃနာယကအဖွဲ့ကြီးက မဘသအဖွဲ့ကို ဖျက်သိမ်းလိုက် တယ်။ မဘသအမည်နဲ့ ရဟန်းပုဂ္ဂိုလ်ဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ မည်သည့် လှုပ်ရှားမှုမှ မလုပ်ရဘူး။ ဖျက်သိမ်းဖို့ ဇူလိုင် ၁၅ ရက်နောက်ဆုံးပေးထား တာ။ ဖျက်သိမ်းပါ့မယ်။ မလုပ်ပါဘူးဆိုပြီးတော့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်းအနေနဲ့ ဆက်လုပ်ပါ့မယ်။ မျိုးချစ်အဖွဲ့တွေအများကြီးပေါ်လာသေး တယ်။ ဒါတွေက နိုင်ငံတော်သံဃနာယကရဲ့ ညွှန်ကြားချက်၊ ညွှန်ကြား လွှာကို မလိမ့်တပတ်လုပ်တာဖြစ်ပါတယ်’’

သူရဦးအောင်ကို(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး)

သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်း အဝေးဒုတိယမြောက်နေ့ဖြစ်သော ဇူလိုင် ၃ ရက်တွင် ပြည်ထောင်စုဝန်ကြီး က သတင်းထောက်များအား ဖြေကြားမှု။

 




‘‘အသိမ်းခံရတဲ့သူက စားစရာမရှိဘူး။ သိမ်းတဲ့သူက ထားစရာနေရာမရှိ ဘူး။ မလုံလောက်ဘူး။ အဲဒီနှစ်ခုယှဉ်ပြီး တရားရုံးမှာ ဖြေရှင်းခိုင်းမယ်ဆို ရင် တရားဥပဒေဆိုတဲ့ ရည်ရွယ်ချက်၊ မှန်ကန်မျှတတဲ့ စည်းမျဉ်းစည်းကမ်း က ဘယ်ပျောက်သွားမလဲ။ ပြီးရင် အဲဒီတရားရုံးဘက်က ထားစရာမရှိတဲ့ သူနဲ့ စားစရာမရှိတဲ့ လယ်သမား ဘယ်သူ့ဘက်ပါသွားမလဲ။ ကျွန်တော်တို့ က ကိုယ်ချင်းစာတရားထားဖို့တော့ ကောင်းတယ်’’

ဦးဝင်းမြင့်(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ)

သြဂုတ် ၂၃ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြား။

 




‘‘ကုန်ဆုံးခဲ့တဲ့ တစ်နှစ်တာကာလက Runway (လေယာဉ်ပြေးလမ်း)မှာ ပြေးတဲ့ အချိန်ကာလသတ်မှတ်တယ်။ ဒီနှစ်ဒီကာလကတော့ Runway ကနေ ကမ္ဘာမြေကြီးရဲ့ Gravity (ကမ္ဘာ့ဆွဲငင်အား)ကို ဆန့်ကျင်ပြီးတော့ တွန်းကန်ပြီးတော့ Jet Power နဲ့ လေထဲကို Take Off လုပ်တဲ့နှစ်ပဲ’’

ဦးကျော်ဝင်း (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး)

ဇွန်လ ၆ ရက်တွင် ကျင်းပသည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ ပြောကြား။

 


‘‘ခြေဥမပြင်ဘူးဆိုရင် ဘာကြီးပဲလုပ်နေလုပ်နေ ကျွန်တော်တို့ဘဝက ဒုံးရင်းရင်းပဲ။ ဘယ်လိုမှ အခြေအနေမကောင်းဘူး။ ခြေဥကြောင့်ပဲ အားလုံးက ဒီလိုဖြစ်နေတာ။ အခုဆိုရင် အစိုးရနှစ်ခုဖြစ်နေတယ်။ တပ်က တစ်မျိုး၊ လွှတ်တော်က တစ်ဖုံ၊ ဘယ်သူ့ဘယ်သူက အာဏာရှိမှန်းမသိဘူး ဖြစ်နေ တယ်။ ဒါခြေဥကြောင့်ပဲ’’

ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ)

မေလ ၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) တတိယအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး တွင် ပြောကြား။

 




‘‘မထသအဖြစ် ပြေးဆွဲလာခဲ့တဲ့ အနှစ်ငါးဆယ်ကျော် ဆောင်ရွက်ခဲ့မှုတစ်ရပ်ကို ကျွန်တော်တို့ ရပ်ဆိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အပြောင်းအလဲဟာ စနစ်အပြောင်းအလဲဖြစ်ပါတယ်။ စနစ်ကို စတင်နိုင်ဖို့အတွက် YBS စနစ်ကို ကျွန်တော်တို့ စတင်ခဲ့တယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်လာမှုကြောင့် စနစ်တစ်ရပ်လုံးက သုံးရက်တာကာလလောက်အတွင်းမှာ စနစ်တကျ ပြောင်းလဲနိုင်ခဲ့ပါတယ်။ အသားကျမှုတစ်ရပ်ကို ကျွန်တော်တို့ အခုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်’’

ဦးဖြိုးမင်းသိန်း(ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်)

မတ်လ ၁ ရက်တွင် အစိုးရအဖွဲ့ တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့မှုများ နှင့်ပတ်သက်၍ ငါးမိနစ်ကျော်ကြာ ဗီဒီယိုရုပ်သံမှ ပြောကြား။

 




‘‘ကျွန်တော်တို့အစိုးရအဖွဲ့ကို ဘေးမှာရော၊ ဖေ့စ်ဘွတ်ခ်မှာရော ဝေဖန် တာတွေ ခံနေရတယ်။ ဘာဝေဖန်တုံးဆိုတော့ မင်းတို့အစိုးရက ခိုးတော့ မခိုးဘူး။ ခိုးမယ့်ခိုးတော့ သူများမယားခိုးပါရောဆိုပြီးတော့ ဝေဖန်တာ တွေ ခံနေရတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ရှင်းပြချင်တာ’’

ဒေါက်တာအောင်မိုးညို (မကွေးတိုင်းဝန်ကြီးချုပ်)

စက်တင်ဘာ ၂၁ ရက်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး တစ်ဦး လူမှုရေးဖောက်ပြန်သည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စွပ်စွဲမှုများထွက်ပေါ်ခဲ့ခြင်းအပေါ် ရှင်းလင်းပြောကြား။

 




‘‘သတင်းစာတွေ၊ စာနယ်ဇင်းတွေ ဖတ်တဲ့အခါမှာ ကျွန်တော်သဘော မပေါက်တာ တစ်ခုရှိတယ်။ ဈေးကွက်စီးပွားရေးစနစ်ကူးပြောင်းနေပြီ။ ဒါပေမဲ့ လူတွေက အစိုးရကိုပဲ ဘာကြောင့် အပြစ်တင်နေရတာလဲ။ ကုန်ဈေးနှုန်းတက်တာ၊ တစ်ခုခုဖြစ်တာနဲ့ဟာ အစိုးရ အစိုးရ၊ ဒါဟာ ကျွန်တော် တို့ရဲ့ Mindset က မပြောင်းလဲဘူးဆိုတဲ့သဘောဖြစ်တယ်။ ဈေးကွက်စီး ပွားရေးစနစ်မှာ ဈေးကွက်ကို လွှမ်းမိုးတာ အစိုးရမဟုတ်ဘူး။ ဈေးကွက် ကို လွှမ်းမိုးထားတာ ဝယ်လိုအားနဲ့ ရောင်းလိုအားလို့ခေါ်တဲ့ ဈေးကွက်အင်အားစုတွေပဲဖြစ်ပါတယ်’’

ဦးအောင်ထူး(စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး)

ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်သော UMFCCI ညီလာခံ အဖွင့်မိန့်ခွန်း ပြောကြားချက်။