စံချိန်တင် မီးလောင်မှုများနှင့် ၂၀၁၇

KTV မီးလောင်စဉ် ဓာတ်ပုံ − မိုးကျော်

ယခုနှစ်အတွင်း လူသေ ဆုံးမှု စံချိန်တင်သည့် မီးလောင်မှု နှင့် ဆုံးရှုံးမှုတန်ဖိုး စံချိန်တင်သည့် မီးလောင်မှုနှစ်ခု ဖြစ်ပွားခဲ့သည်။

၂၀၁၇ ဧပြီက မကွေးမြို့ရှိ စားသောက်ဆိုင်နှင့်တွဲလျက် ဖွင့် ထားသော ရွှေမြတ်မင်းသမီး ကေ တီဗီ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိခဲ့သည်။ အဆို ပါ ပမာဏသည် မီးဘေးသမိုင်း တွင် လူအများဆုံး  သေဆုံးခြင်း ဖြစ်သည်။ လျှပ်စစ်မီး အလွန် အကျွံသုံးစွဲမှုကြောင့် မိန်းခုံက စတင်လောင်ကျွမ်းခဲ့ပြီး ဆိုင်မှာ အလုံပိတ်ဖြစ်သောကြောင့် အမျိုး သား ၁၁ ဦးနှင့် အမျိုးသမီးလေးဦး မီးခိုးမွန်းကျပ်ကာ မီးလောင်သေ ဆုံးခဲ့သည်။

ထို့အပြင် အောက်တိုဘာ အတွင်း ရှေးဟောင်းဗိသုကာ လက်ရာများဖြင့် တည်ဆောက် ထားသည့် နာမည်ကျော် ကန် တော်ကြီးပဲလေ့စ်ဟိုတယ် မီး လောင်မှုကလည်း သမိုင်းတွင် စံချိန်တင် ဆုံးရှုံးမှုဖြစ်သည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှု ကျပ် သန်း သုံးထောင်ကျော်ဟု တရား ဝင် ထုတ်ပြန်ခဲ့သော်လည်း ထို ထက်ပို၍ ဆုံးရှုံးနိုင်ကြောင်း တာ ဝန်ရှိသူများက တွက်ချက်ထား သည်။ အဆိုပါပမာဏသည် ရန် ကုန်မြို့ မင်္ဂလာဈေးမီးလောင်မှု ထက် ကျပ်သိန်း သုံးသောင်းကျော် ပို၍များပြားသည်။ ဟိုတယ်ဓာတ် လှေကားရှိ ဆွေးမြည့်နေသော ဝိုင် ယာကြိုးများအပူလွန်၍ မီးလောင် သည်ဟု တာဝန်ရှိသူများက ဆို သော်လည်း ဟိုတယ်မီးလောင် မှုနှင့်ပတ်သက်၍ ဝေဖန်သံများညံ ခဲ့သည်။ အဓိကအားဖြင့် အလို အလျောက် မီးငြှိမ်းသတ်သည့် စနစ်၊ ရေပန်းစနစ်များ အလုပ် မလုပ်ခြင်းကြောင့် ဟိုတယ်၏ လုံ ခြုံရေးနှင့်ပတ်သက်၍ ဝေဖန်သူ အတော်များခဲ့သည်။

သေနတ်အမှုအခင်း များခဲ့သောနှစ်

ယခုနှစ်အတွင်း ပြည်သူများ ကြား ပြောစမှတ်တွင်ရမည့် ထူး ထူးခြားခြား မှုခင်းများစွာ ဖြစ်ပွား ခဲ့သည်။ ယခုနှစ်၏ နှစ်စတွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို အနားကပ်ကာ သေနတ်ဖြင့် တေ့ပစ်၍ လုပ်ကြံသည့် ဖြစ်ရပ် ကြောင့် ပြည်သူများက တုန်လှုပ် ခဲ့သလို ရက်ပေါင်းများစွာ စိတ် ဝင်တစား ရှိခဲ့သည်။ ထို့အပြင် အောက်တိုဘာတွင် အားကစား ဝန်ကြီးဟောင်း၏သား ဖြိုးကိုကို တင့်ဆန်းနှင့် အပေါင်းအပါနှစ်ဦး ကို လက်နက်များ၊ မူးယစ်ဆေးဝါး များဖြင့် နေပြည်တော်လေဆိပ် တွင် ဖမ်းမိခဲ့သည့်ဖြစ်စဉ်ကလည်း ပြည်သူအများစုအတွက် ချောက် ချားစရာဖြစ်ခဲ့သည်။ လေဆိပ် တွင် ပစ္စတိုနှစ်လက်၊ WYဆေးပြား များနှင့် ဖမ်းဆီးရမိသောကြောင့် ဖြိုးကိုကိုတင့်ဆန်း၏ ရုံးခန်းနှင့် ဟိုတယ်အချို့ကို ရဲတပ်ဖွဲ့က စစ် ဆေးရာ လိုင်စင်မဲ့သေနတ်အမျိုး အစား စုံ ၂၄ လက်၊ လုံခြုံရေး အဝတ်အစားများကိုပါ တွေ့ရှိရ သည်။ ထို့အပြင် ၎င်းနှင့်ဆက်စပ် သည့် တရားခံ ၁၅ ဦးကို ထပ်မံဖမ်း ဆီးခဲ့ပြီး ၎င်းတို့ကို တရားရုံးတွင် စတင်စစ်ဆေးနေပြီဖြစ်သည်။

သြဂုတ် ၅ ရက်တွင် မရမ်း ကုန်းမြို့နယ် ကိုးမိုင်အနီးရှိ Farmer ငွေလဲကောင်တာကို အသံတိတ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ လူ နှစ်ဦးက ငွေလဲကောင်တာ တံခါး ကိုဖွင့်၍ ဆိုင်အတွင်းဝင်ရန် ကြိုး စားစဉ် တံခါးမဖွင့်သဖြင့် သေ နတ်ကိုင်ထားသူက အသံတိတ် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ သို့ သော် အဆိုပါဖြစ်စဉ်ကြောင့် ထိ ခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။ ကျူးလွန်သူနှစ်ဦးသည် ကျောက်တံ တားရှိ OK ZWE ငွေလဲကောင်တာ ကိုလုယက်ရန် ကြံစည်ခဲ့ကြောင်း လည်း နောက်ဆက်တွဲ စုံစမ်းသိ ရှိခဲ့ရသည်။ ယခုနှစ်အတွင်း ထို ကဲ့သို့ သေနတ်ကိုင်ကာ ကျူးလွန် လာသော မှုခင်းများကြောင့် ပြည်သူအများစုက တရားဥပဒေစိုးမိုး ရေးကို မေးခွန်းထုတ်လာသည်။


ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါများထံမှ ဖမ်းမိသော လက်နက်အချို့
ဓာတ်ပုံ − Internet

အဆိုးရွားဆုံး ယာဉ်တိုက်မှု

သမိုင်းတစ်လျှောက် အဆိုး ရွားဆုံး လူသေဆုံးခဲ့သည့် ယာဉ် တိုက်မှု ဇူလိုင် ၇ ရက်က ဖြစ်ပွား ခဲ့သည်။ ရန်ကုန်မြို့တွင် YBS စနစ်ကိုစတင်ခြင်း တစ်နှစ်မပြည့် ချိန်တွင်ပင် YBS(၃၇)နှင့် YBS (၅၅) တို့ မျက်နှာချင်းဆိုင်တိုက်မိ ခဲ့ပြီး ၁၀ ဦးသေဆုံးကာ ၃၄ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ် က သမိုင်းတစ်လျှောက်လူသေဆုံးမှုများသည့် ယာဉ်တိုက်မှုတစ်ခုဖြစ် ခဲ့သည်။