နာမကျန်းဖြစ်ခဲ့သော မြန်မာ့စီးပွားရေး

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် ယခုတိုင် မြန်မာ့စီးပွားရေးအတွက် အခရာကျဆဲဖြစ်သည်။ (ဓာတ်ပုံ − စိုင်းဇော်)

နိုင်ငံ ၃၀ ကျော် အတိုင်ပင်ခံ ကုမ္ပဏီအဖြစ် ရုံးခွဲဖွင့်လှစ်ဆောင် ရွက်နေသော ရိုလန်ဘာဂျာ ကုမ္ပဏီနှင့် UMFCCI တို့ ပူးပေါင်း ၍ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် များကို ၂၀၁၇ ဩဂုတ်တွင် ကောက်ခံခဲ့သော စီးပွားရေးစစ်တမ်းတွင် အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒရှင်းလင်းပြတ်သားမှု မရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် လုပ်ငန်းရှင် ၇၃ ရာခိုင်နှုန်းက ယုံကြည်မှုလျော့ကျလာသည်ဟု ဖြေဆိုကြောင်း ဖော်ပြ ထားသည်။

ဆောက်လုပ်ရေးလုပ်ငန်း၊ ဆန်ပြည်ပတင်ပို့သည့်လုပ်ငန်း၊ ဆန်စက်လုပ်ငန်းတို့ကို အဓိက လုပ်ကိုင်နေသော လူလတ်ပိုင်း စီးပွားရေးလုပ်ငန်းရှင် ဦးနေလင်း ဇင်က ၂၀၁၇ သည် ရုန်းကန်ခဲ့ ရသော နှစ်ဖြစ်ပြီး အဓိကဝင်ငွေ က ဆန်စက်လုပ်ငန်းတစ်ခုမှအပ ကျန်လုပ်ငန်းများ အမြတ်မရခဲ့ဟု ဆိုသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် တုံ့ ဆိုင်းနေပြီး ငွေကြေးလှည့်ပတ်မှု အားမကောင်းခြင်းကြောင့် လုပ် ငန်းအတော်များများ ဝယ်လိုအား ကျဆင်းခဲ့ကြောင်း ပို့ကုန်၊ သွင်း ကုန်လုပ်ငန်းရှင် ဒေါက်တာစိုး ထွန်းက ပြောသည်။

‘‘ကျွန်တော်တို့နိုင်ငံရဲ့ စီးပွား ရေးအခြေအနေဟာ နာမကျန်းဘူး လို့ ကျွန်တော်ထင်ပါတယ်။ ဒီစီး ပွားရေး နာမကျန်းမှုကြီးကို ကုစား ဖို့က မဟာဗျူဟာလိုတယ်’’ဟု ကုန်သည်စက်မှုအသင်းချုပ် ညီလာခံတွင် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က အကြံပြု သည်။

ငြိမ်းချမ်းရေးဆောင်ရွက်မှု ကဲ့သို့ စီးပွားရေးကဏ္ဍကို ထိပ်ဆုံး ဦးစားပေးအဖြစ် သတ်မှတ် ကြောင်း အစိုးရက ရှင်းလင်းပြတ် သားစွာ ထုတ်ပြန်ကြေညာရန်အ ပါအဝင် တိုင်းပြည်စီးပွားရေးတိုး တက်စေရေး အချက်လေးချက် ဆောင်ရွက်ရန် စီးပွားရေးပညာ ရှင် ဒေါက်တာဦးမြင့်က ၂၀၁၇ ဒီဇင်ဘာ ၁၀ ရက်တွင် အစိုးရအား အကြံပြုခဲ့သည်။

၂၀၁၇ ကို မြန်မာ့စီးပွားရေး ဂျက်ပါဝါဖြင့် တက်မည့်နှစ်ဟု ပြီး ခဲ့သည့် ခြောက်လက ကြွေးကြော် ခဲ့သော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နှစ်ကုန်တွင် အမှန်တရားကို တွေ့မြင်ပြီး စီးပွားရေး သည် မျှော်မှန်းသလောက် တိုး တက်မှုမရှိကြောင်း ဝန်ခံခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ

ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာက မြန်မာနိုင်ငံ စီးပွားရေး ကို အဓိကမောင်းနှင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို ထိခိုက်မှုရှိခဲ့ကြောင်း အစိုးရနှင့် အာဏာရဒီချုပ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များက ဝန်ခံခဲ့သည်။

အထူးသဖြင့် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံနေသော Petro-nas ရေနံကုမ္ပဏီကြီးကို မြန်မာ နိုင်ငံမှ ထွက်ခွာရန် မလေးရှား လွှတ်တော်အမတ် ၄၀ ကျော်က ဖိအားပေးတောင်းဆိုခဲ့သည်။

‘‘ရခိုင်ပြည်နယ် ပြဿနာက မြန်မာ့စီးပွားရေးကို အနည်းနဲ့အ များ ထိခိုက်နိုင်ပါတယ်။ အထူး သဖြင့် ခရီးသွားလုပ်ငန်းတွေမှာ သိသိသာသာ ထိခိုက်လာပါလိမ့် မယ်’’ဟု ဥရောပသမဂ္ဂ ကုန်သည် အသင်းချုပ် အမှုဆောင်ဒါရိုက် တာ မစ္စတာဖီးလစ်လော်လာဆန် က ပြောသည်။

ရခိုင်ပြည်နယ်သည် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိ သော ပြည်နယ်ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်သည့် နေရာများနှင့်လည်း အလှမ်းဝေး သည်ဟု ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆို သည်။

ပြည်သူ့အစိုးရ လက်ထက် တွင် ဘင်္ဂါလီအရေးကြောင့် ထိ ခိုက်ခဲ့ရသည်မှာ မြန်မာ့ဒီမိုကရေစီ အရေးကို အားပေးလိုသော အမေရိကန်၊ ဥရောပကဲ့သို့ အနောက် နိုင်ငံများ၏ ပံ့ပိုးမှုလျော့နည်းသွား ခြင်းနှင့် အဆိုပါနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုလျော့ နည်းနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံလိုသူများသည် တရုတ် နှင့် အာရှဒေသများဖြစ်၍ ရခိုင် ကိစ္စသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကို များများစားစား ထိခိုက်မှုမရှိနိုင် ကြောင်း စက်မှုကုန်သည်အသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ဆိုထား သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ သည် ၂၀၁၇ အတွင်း လုပ်ငန်း ၂၀၀ ကျော် ဝင်ရောက်ခဲ့သည်။ စင်ကာပူနိုင်ငံက အများဆုံးဖြစ်ပြီး တရုတ်က ဒုတိယလိုက်သည်။ တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်မည့် မြို့သာစက်မှုဇုန်စီမံကိန်း သည် ကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိ၍ ယခုနှစ်အတွင်း ပမာဏအများ ဆုံးစီမံကိန်းဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာများကြောင့် မြန်မာနိုင်ငံအတွက် အစိုးရမူဝါဒ ဆိုင်ရာ ထောက်ပံ့ရေး ချေးငွေ ကန်ဒေါ်လာ သန်း ၂၀၀ ကို ရပ် ဆိုင်းကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရခိုင်ပြည် နယ်မြောက်ပိုင်း အခြေအနေများ တည်ငြိမ်လာသည်အထိ ချေးငွေ ရပ်ဆိုင်းထားမည်ဟု ဆိုသည်။


ဓာတ်ပုံ − အီးပီအေ

အကောင်းအဆိုး ဒွန်တွဲခဲ့သည့် စွမ်းအင်ကဏ္ဍ

စွမ်းအင်ကဏ္ဍတွင် ၂၀၁၇ ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများသလို ထို ကဏ္ဍမှ ဝင်ငွေက တိုင်းပြည်အ တွက် အရေးကြီးသော အကောင်း အဆိုးရောယှက်ခဲ့သည်။ ဧရာဝတီ ကမ်းလွန်ရှိ A-6 လုပ်ကွက်တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်မည်ဟု မြန်မာကုမ္ပဏီ MPRL E&P နှင့် ဩစတြေးလျ Woodside ကုမ္ပဏီ ဘက်က ထုတ်ပြန်ကြေညာခဲ့ သည်။ သို့သော် ဩစတြေးလျ Woodside ရေနံကုမ္ပဏီက AD-7 လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းအစီအစဉ်များ ကို ၂၀၁၈ အထိ ရွှေ့ဆိုင်းသည်။

အိန္ဒိယရေနံကုမ္ပဏီ Relianceက တနင်္သာရီကမ်းလွန်ရှိ ကမ်း လွန်ရေနံလုပ်ကွက်နှစ်ခု M17 နှင့် M18 ကို ပြန်လည်အပ်နှံရန် စီစဉ် ခဲ့သည်။ အဆိုပါကုမ္ပဏီသည် ရေ နံလုပ်ငန်းမှ တယ်လီကွန်းလုပ်ငန်း ကို ပြောင်းလဲလုပ်ကိုင်မည်ဖြစ်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ကွက်ကို ပြန်လည်အပ်ယူခြင်းဖြစ် သည်။ထို့အတူ နော်ဝေးအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Statoil သည် ရခိုင်ကမ်းလွန်ရှိ AD-10 လုပ်ကွက်ကို စီးပွားရေး အရ တွက်ခြေမကိုက်၍ ပြန်လည် အပ်နှံပြီး မြန်မာနိုင်ငံမှ ထွက်ခွာ တော့မည်ဟု ဆိုသည်။

ပြည်တွင်းစက်သုံးဆီ ဈေး ကွက်သို့ စင်ကာပူအခြေစိုက် PUMA Energy ကုမ္ပဏီကို ၂၀၁၇မေလ ဒုတိယပတ်အတွင်း ပြည်တွင်း၌ ပထမဆုံး လက်လီရောင်းချ ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။

စက်သုံးဆီကို ပြည်တွင်းလုပ် ငန်းရှင်အချို့က လုပ်ကိုင်ခွင့်ရထားပြီး ကမ္ဘာ့ဈေးကျဆင်းသော်လည်း ပြည်တွင်းဈေးမကျခြင်းနှင့် စက်သုံးဆီအရည်အသွေးအပေါ် မေးခွန်းထုတ်စရာများနေသဖြင့် ပြည်ပကုမ္ပဏီများကို စက်သုံးဆီ လက်လီရောင်းချခွင့်ပြုခြင်းဖြစ် သည်။ ထို့အတူ Shell ကုမ္ပဏီကလည်း ပြည်တွင်းမှ Max Energyနှင့် ပူးပေါင်း၍ နိုင်ငံအနှံ့ စက်သုံးဆီများ ရောင်းချမည်ဟု ဇူလိုင်အတွင်း ကြေညာထားသည်။

ပြည်သူများအပေါ် ရိုက်ခတ်ခဲ့ သော ကုန်ဈေးနှုန်း

၂၀၁၇ အတွင်း ပြည်သူလူထုအတွက် အကြီးမားဆုံး ထိုးနှက်မှုသည် ကုန်ဈေးနှုန်းမြင့်တက်လာ ခြင်းဖြစ်သည်။ လုပ်ခလစာမတိုး လာသော်လည်း အခြေခံစားသောက်ကုန်ဈေး ကြီးမြင့်လာမှုသည် ပြည်သူလူထုအကြား ငြီး တွားစရာ ဖြစ်လာသည်။

လက်ရှိ အစိုးရနှင့် လွှတ် တော်က ကုန်ဈေးနှုန်းမြင့်တက်လာခြင်းသည် ဈေးကွက်ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ်ကို သာ လက်ညှိုးထိုးခဲ့သည်။ အစိုးရက ဝင်ရောက်ထိန်းညှိပေးရန်မလိုဟု အကြိမ်ကြိမ်ငြင်းဆိုထားသည်။

‘‘ဈေးကွက်စီးပွားရေးစနစ် ကူးပြောင်းနေပြီ။ ဒါပေမဲ့ လူတွေက အစိုးရကိုပဲ ဘာကြောင့် အပြစ် တင်နေရတာလဲ။ ကုန်ဈေးနှုန်း တက်တာ၊ တစ်ခုခုဖြစ်တာနဲ့ ဟာ..အစိုးရ အစိုးရ’’ဟု စီးပွားရေးလုပ် ငန်းရှင်များ တက်ရောက်သည့် ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သောကုန်သည်စက်မှုအသင်းချုပ် ညီ လာခံအဖွင့်မိန့်ခွန်းတွင် စီးကူး ဒုတိယဝန်ကြီး ဦးအောင်ထူး၏ ပြောကြားချက်အပေါ် ဝေဖန်မှုများခဲ့သည်။

လူသုံးကုန်ပစ္စည်း၊ အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြင့် တက်ခြင်းသည် အစိုးရနှင့် တိုက် ရိုက်မသက်ဆိုင်သော်လည်း လုပ် ခဝင်ငွေမတိုးလာခြင်းသည် အစိုး ရနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း စက်မှုလုပ်ငန်းရှင် ဦးမြင့်မောင်က ပြောသည်။

‘‘လျှပ်စစ်မီး မကောင်းဘူး။ လမ်းမကောင်းဘူး။ ဒါတွေ လုပ် ငန်းရှင်တွေက အကုန်စိုက်ထုတ် နေရတယ်။ ဒါကြောင့် လစာမတိုး ပေးနိုင်ဘူး။ ဒါတွေကို အစိုးရက အဆင်ပြေအောင် လုပ်ပေးရင် တစ်ပိုင်းတစ်စတော့ ဖြေရှင်းနိုင် မှာပါ’’ဟု ၎င်းကပြောသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှုသည် အစိုးရဘတ်ဂျက်လိုငွေများလာ ခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ အ လုပ်အကိုင်အခွင့်အလမ်းနည်းပါး ခြင်း၊ သွင်းကုန်ပစ္စည်းများ တင်း ကျပ်လာခြင်းကြောင့်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံး သပ်သည်။

‘‘အခု ဈေးသွားကြည့်ပါ ဝယ် ခြမ်းကြည့်ရင် ဒီဒုက္ခက ဘယ် လောက်ကြီးလဲဆိုတာ တွေ့လိမ့် မယ်။ ကုန်ဈေးနှုန်းက အဆမတန် တက်နေတယ်။ ပြန်ကျတာ မရှိ ဘူး’’ဟု သင်္ဃန်းကျွန်းမြို့နယ်နေ အိမ်ရှင်မ ဒေါ်ကြည်ကြည်က ပြောကြားသည်။

အမဲသား တစ်ပိဿာလျှင် ကျပ် ၉,၀၀၀ မှ လက်ရှိအချိန် ကျပ်၁၂,၀၀၀ ဖြစ်နေသည်။ ကြက်သားတစ်ပိဿာလျှင် ကျပ် ၅,၀၀၀ မှကျပ် ၇,၀၀၀ အထိရှိလာသည်။ တစ်နှစ်အတွင်း ဆန်ချောတစ်ပြည်လျှင် အနည်းဆုံးကျပ် ၂၀၀ ခန့် မြင့်တက်ခဲ့သည်။

သို့သော် ကုန်ဈေးနှုန်းမြင့် တက်လာမှုသည် ယခင်နှစ်များ တွင် ၁၀ ရာခိုင်နှုန်းကျော်ရှိသော် လည်း လက်ရှိ၌ ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသာရှိကြောင်း NLD ပါတီ ဗဟိုစီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဦးဟံသာမြင့်က ပြောသည်။ စာရွက်ပေါ်မှ ကိန်းဂဏန်းများနှင့် ဈေးထဲမှ ကိန်းဂဏန်းများက ထုံးစံ အတိုင်း ငြင်းခုံနေဆဲဖြစ်သည်။

အခွန်တိုးကောက်သောအစိုးရ

၂၀၁၇ ဇန်နဝါရီတွင် စတင်ခဲ့ သည့် တရားမဝင်ကုန်သွယ်ရေး ကြောင့် အခွန်ဆုံးရှုံးမှုကို တားဆီး နိုင်ရန် မန္တလေး၊ မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ရေပူဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ သည်။

ဒီချုပ်အစိုးရသည် ယခုနှစ် တွင် အခွန်ရရှိမှု ဝင်ငွေကို ကျပ်ဘီလီယံ ၂၀၀ ကျော် တိုးမြှင့်ရရှိရန် လျာထားပြီးနောက် လူတစ်ဦးချင်း ထံမှ အခွန်ကို စိစစ်ကောက်ခံခြင်း၊ အောက်တိုဘာကစတင်ပြီး ကုန်တင်မော်တော်ယာဉ်များ၊ စက္ကူသွင်းကုန်များအပါအဝင် ကုန် ပစ္စည်းအချို့အပေါ် ကောက်ခံနေ သည့် အကောက်ခွန်ကို တိုးမြှင့် ခဲ့သည်။

ထို့အပြင် လယ်သမားများထံ မှ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံရန်ပင် စီစဉ်ခဲ့ပြီး ဝေဖန် မှုများကြောင့် ကောက်ခံမည့်အစီ အစဉ်ကို ပယ်ဖျက်ပေးခဲ့သည်။ သို့သော် စိန်၊ မြ၊ ရွှေစင်တုံးတို့အ ပေါ် ကောက်ခံသည့် အခွန်နှုန်း ထားကို ၅ ရာခိုင်နှုန်းမှ ၁ ရာခိုင် နှုန်းသို့ လျှော့ချခဲ့သည်။

‘‘မြန်မာနိုင်ငံရဲ့ အခွန်စနစ်က ကျောင်းမှန်မှန်တက်တဲ့ကလေး အရိုက်ခံရသလိုပဲ’’ဟု ဒီဇင်ဘာ ၂၁ရက်တွင် ရန်ကုန်မြို့၌ UMFCCI က ဦးဆောင်ကျင်းပသော အခွန်ဆိုင်ရာ ဆွေးနွေးပွဲ၌ အဆိုပါအ သင်း ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောသည်။

လက်ရှိအစိုးရ ကောက်ခံနေ သည့် အခွန်စနစ်သည် အခွန်ထမ်း ဆောင်သူများကို ထပ်မံတိုးမြှင့် ကောက်ခံနေပြီး အခွန်ရှောင်သူများထံမှ အခွန်ရရှိအောင် ကောက်နိုင်ခြင်းမရှိကြောင်း၊ အခွန်ရှောင်သူများကို အစိုးရက အရေးယူမှု အပိုင်းတွင်လည်း ပြစ်ဒဏ်များ ပျော့ပျောင်းနေကြောင်း ၎င်းက ထောက်ပြသည်။

‘‘မြန်မာနိုင်ငံက အခွန်စနစ် က အလင်းထဲကလူကို အမှောင် ထဲတွန်းပို့နေသလိုပဲ’’ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။

ပြုပြင်ပြောင်းလဲမှု များခဲ့သော ဘဏ်လုပ်ငန်း

ယခုနှစ်တွင် အိမ်ခြံမြေဈေး ဆက်လက်ကျဆင်းပြီး အရောင်း အဝယ်အေးစက်ခဲ့သည့် မြန်မာ နိုင်ငံတွင် ဘဏ်ချေးငွေဖြင့် စီးပွား ရေးတိုးချဲ့လုပ်ကိုင်ရာ၌ အပေါင် ပစ္စည်းအဖြစ် အိမ်၊ မြေများကိုသာ မြန်မာနိုင်ငံဗဟိုဘဏ်က ခွင့်ပြု ထားရာ ပြည်တွင်းဘဏ်များတွင် အာမခံအဖြစ် ယူထားသည့် အိမ်၊ မြေများစွာရှိနေသည်။

ထို့ကြောင့် ပြည်တွင်းပုဂ္ဂလိ ကဘဏ်များသည် အိမ်ခြံမြေဈေး ကွက်နှင့် တိုက်ရိုက်ချိတ်ဆက်နေ ကြောင်း အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုက ပြည်တွင်းဘဏ်များအ တွက် အခက်အခဲများစွာ ဖြစ်လာနိုင်ကြောင်း ပထမပုဂ္ဂလိကဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်ကသတိပေးထားသည်။

အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းမှု၊ မြန်မာ့စီးပွားရေးနှေးကွေး နေမှုတို့ကြောင့် ပြည်တွင်းဘဏ် များ အဆင်ပြေရန် တစ်နှစ်သက် တမ်းရှိ စာရင်းပိုထုတ်ချေးငွေကို သုံးနှစ်အထိ ကာလသတ်မှတ်ချေး ငွေအဖြစ် မြန်မာနိုင်ငံ ဗဟိုဘဏ် က ပြောင်းလဲခွင့်ပြုခဲ့ရသည်။

ထို့အပြင် ယခုနှစ်အတွင်း ပြည်တွင်းဘဏ်များတွင် နိုင်ငံခြား ငွေစာရင်းဖွင့်လှစ်ပြီး ကုန်သွယ် လုပ်ငန်းများ ခွင့်ပြုခြင်း၊ ပုဂ္ဂလိက ဘဏ်ငါးဘဏ် အသစ်ဖွင့်လှစ်ခွင့် ပြုခြင်း၊ နေ့တွက်အတိုးဖြစ်သော ခေါ်ယူအပ်ငွေစာရင်းအတွက် အ တိုးနှုန်းကို ၆ ရာခိုင်နှုန်းမှ ၂ ရာခိုင် နှုန်းသို့ လျှော့စေခြင်း စသော ဘဏ်လုပ်ငန်းနှင့်သက်ဆိုင်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ သည်။

ထို့အပြင် ဗဟိုဘဏ်အတွက် ၂၀၁၇ တွင် ထူးခြားသည့် အ ပြောင်းအလဲက ဒုဥက္ကဋ္ဌသုံးဦးတွင် နှစ်ဦးအသစ်ပြောင်းလဲခြင်းဖြစ် သည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် အကြံပေးဦးစိုးသိန်းအပါအ ၀င် ဦးဘိုဘိုငယ်နှင့် ယခင်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဟောင်း ဦးစိုးမင်းတို့ကို ခန့်ထားသည်။

ပဲစိုက်တောင်သူများငိုင်စပါးစိုက်လယ်သမားများ ပျော်ရသောနှစ်

အိန္ဒိယအစိုးရက ၂၀၁၇ ဩဂုတ်တွင် ပြောင်းလဲခဲ့သည့် ပဲမူဝါဒကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံမှ ပဲအဝယ်ရပ်ဆိုင်း ခဲ့သည်။ မတ်ပဲ ၇၀ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၉၀ ရာခိုင်နှုန်းကျော် အိန္ဒိယဈေးကွက်ကို တင်ပို့နေရသည့် မြန်မာနိုင်ငံအတွက် အိန္ဒိယပဲအ ဝယ်လျှော့ချခြင်းဂယက်က ကြီး မားစွာ ရိုက်ခတ်ခဲ့သည်။

‘‘ပဲစိုက်ရမှာ စိတ်တောင်ကုန် ပါတယ်ဗျာ’’ဟု ပခုက္ကူမြို့နယ်မှ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူ ဦးသိန်းဟန်က ညည်းညူသည်။

ပဲစိုက်လယ်သမားများအ တွက် စိတ်ညစ်စရာနှစ်တစ်နှစ်ဖြစ် သော်လည်း မိုးစပါးဈေးကောင်း ခြင်းက လယ်သမားများကို အား တက်စေကြောင်း ကျောင်းကုန်းမြို့နယ်မှ လယ်သမား ဦးပြူးက ပြော သည်။ ပြည်ပသို့ စံချိန်တင် ဆန် တင်ပို့နေရခြင်းကြောင့် ပြည်တွင်း စပါးဈေးတက်ခဲ့သည်။ ပြည်ပသို့ ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း ဆန်တန်ချိန် နှစ်သန်းကျော်တင်ပို့နိုင် ခြင်းက မိုးစပါးပေါ်ချိန်တွင် စပါး တင်း ၁၀၀ လျှင် ကျပ်ငါးသိန်းအ ထက်ရှိနေစေကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် ဦးမျိုးသူရ အေးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုဥပဒေကို ယခုနှစ် ဧပြီ ကစတင်သက်ဝင်ကျင့်သုံးခဲ့ပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့် ကွန်ဒိုနည်းဥပဒေတို့ကို နှစ်ကုန် တွင် ပြဋ္ဌာန်းခဲ့သည်။

မြန်မာကုမ္ပဏီများတွင် နိုင်ငံ ခြားသား ရှယ်ယာ ၃၅ ရာခိုင်နှုန်း ထည့်ဝင်ခွင့်ပြုထားသည့် မြန်မာ နိုင်ငံကုမ္ပဏီများဥပဒေကို ဒီဇင် ဘာ ၆ ရက်၌ ပြည်ထောင်စုလွှတ် တော်နှင့် သမ္မတက အတည်ပြုခဲ့ သော်လည်း ၂၀၁၈ ဩဂုတ် ၁ ရက်မှ စတင်ကျင့်သုံးမည်ဖြစ်သည်။

အဆိုပါ ဥပဒေများသည်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲ ဆောင်ရာတွင် အဓိကကျသဖြင့် စီးပွားရေးကဏ္ဍအတွက် အစိုးရ၏ မှန်ကန်သော ဆောင်ရွက်ချက်ဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

လယ်ယာကဏ္ဍနှင့် ပို့ကုန် တိုးလာခြင်းက မြန်မာ့စီးပွားရေး ကို ၆ ဒသမ ၇ ရာခိုင်နှုန်းသို့ ဆွဲတင် ခဲ့သော်လည်း သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာကဲ့သို့ သယံဇာတရောင်းရ ငွေ ဆက်လက်လျော့နည်းနေခြင်း၊ အိန္ဒိယနိုင်ငံသို့ ပဲတင်သွင်းသော မူဝါဒအပြောင်းအလဲကြောင့် ပဲစိုက်တောင်သူနှင့် ကုန်သည်များအထိနာခြင်း၊ ဆောက်လုပ်ရေးလောက အလုပ်အကိုင်မကောင်း ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ထင်သ လောက်မဝင်ခြင်း၊ လုပ်ငန်းများငွေကျပ်ပြီး အလုပ်အကိုင် မကောင်းခြင်း၊ အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်လာခြင်းတို့သည် ပြည်တွင်းစီးပွားရေးကို အထိနာ စေခဲ့သည်။ အစိုးရအဖွဲ့မှ စီးပွားရေးနှင့် သက်ဆိုင်သော ပြည် ထောင်စုဝန်ကြီးများ စွမ်းဆောင် ရည်အပေါ် လုပ်ငန်းရှင်အများစု က အားမရပေ။ သို့သော် နှစ်ကုန် ပိုင်းတွင် ပြဋ္ဌာန်းခဲ့သော ကွန်ဒို နည်းဥပဒေနှင့် ကုမ္ပဏီများဥပဒေ တို့ကြောင့် နှစ်သစ်ကို မျှော်လင့် ချက် မြင့်မားစေခဲ့သည်။

Top News